Saturday, May 14, 2011

ဖြူမ သို့


ဖြူမရေ
မှောင်နေရင် မီးထွန်းလိုက်ပါ။
အိုက်နေရင် ပန်ကာဖွင့်
မီးမပွင့်ရင်တော့ ယပ်ကူပေါ့။

နေပူရင် ထီးဆောင်း
မိုးကောင်းက မိုးကာယူ
ဆောင်းမှာတော့ မီးကူပေါ့။

တစ်ချက်တော့ မှာလိုက်မယ်
နားနဲ့မျက်စိ သတိနဲ့ဖွင့်
ပါးစပ်တော့ မပွင့်စေနဲ့
မလိုအပ်တဲ့အခါပေါ့။

တစ်ပြည်တစ်ရွာမှာ
အနေကြာလို့ပျင်းရိ ဆင်းရဲပါဘိလို့မတွေးပါနဲ့။
ပြန်လာရင် ဘာဝယ်မလဲ။
ပြန်လာရင် ဘာသယ်မလဲ။
တို့နိုင်ငံမှာလိုအပ်တဲ့အရာ
အသေအချာစဉ်းစား ၊ မလိုတာများထားခဲ့
မမှားစေနဲ့နော်။

မင်းသယ်လာတာ
ဘာသာ၊ သာသနာနဲ့
တို့မြန်မာတွေအကျိုးအတွက်
အုတ်တစ်ချပ် သဲတစ်ပွင့်
ဖြစ်သင့်တာဖြစ်စေဖို့
ဖြစ်ချင်တိုင်းမဖြစ်ဖို့
မှာလို့ရပါတယ်နော်။.............။


မေမေ(နဝဒေး)

သူငယ်ချင်း ဖြူမ၊ အမေ့ဆီကို သွားလည်ခဲ့တုန်းက ”အန်တီ သမီးကို ဘာလက်ဆောင်မှ မပေးပါနဲ့။ မပေးမဖြစ်ပေးမယ်ဆိုရင်လည်း သမီးအတွက် ကဗျာလက်ဆောင်လေးတစ်ပုဒ် လိုချင်ပါတယ်” ဆိုလို့ အမေက ထုံးစံအတိုင်း လက်တန်းရေးပေးလိုက်တဲ့ ကဗျာပါ။

မေလ ၁၅ ရက်နေ့ဟာ သူငယ်ချင်း ဖြူမရဲ့ မွေးနေ့မင်္ဂလာပါ။ ငါးကြင်းဆီနဲ့ ငါးကြင်းပြန်ကြော်ကာ ဖြူမရဲ့ကဗျာကိုပဲ ဖြူမအတွက် မွေးနေ့လက်ဆောင်အဖြစ် အမှတ်တရ ဖော်ပြလိုက်ပါတယ်။

No comments: