ဒီ တိတ်ဆိတ်မှုဟာ
နောက်ကြောင်းရော ရှင်းရဲ့လား
လူအိုတစ်ယောက်ရဲ့ ချောင်းဟန့်သံတွေက
လူမလေး ခွေးမခန့်
လရောင်လို မှုန်ဝါးခဲ့
လေပြေလို လွင့်ပါးခဲ့ရှည်လျားတဲ့ပြေးလမ်းထဲ
ညကို ဘယ်သူပစ်ချခဲ့သလဲ
ချွတ်ခနဲဆို ဓာတ်မီးကိုဖွင့်လိုက်မိတာ
ဖြတ်ခနဲဆို ရေဒီယိုကိုပိတ်မိတာ
အရိုးထဲ စိမ့်ဝင်နေတဲ့အလေ့အကျင့်နဲ့
သံသယကို အခိုးထွက်အောင် ဖွာမိ
လက်ကျန်လက်ဖက်လို
လက်ကျန်အသက်က နည်းလေတော့
အနားဖွာနေတဲ့ ရှင်သန်ခြင်းကိုပဲ လက်ချုပ်လိုက်နေမိ
“ညစောင့်”
ညကို စောင့်သလိုလိုနဲ့
သူ့ဘဝရဲ့ အမှောင်နိဂုံးကို စောင့်ခဲ့တယ်။.........။
ကိုသျှပ်(ကန့်ဘလူ)
23rd July 2022
2 weeks ago
No comments:
Post a Comment