ကျွန်တော့်ဇနီးသည်က ပြဿနာပိုက်ပြီး ကျွန်တော့်ဆီလာတဲ့အခါမှာ အဖြေကို သူမ ချက်ချင်း မလိုချင်ဘူးဆိုတာ ကျွန်တော် ရှာဖွေတွေ့ရှိလိုက်ရတာက ကျေးဇူးတင်စရာကောင်းလှပါတယ်။ သူမက ဖြစ်စဉ်ကို ကျွန်တော့်ကို ရင်ဖွင့်နေခြင်းဖြစ်တယ်။ သူမပြဿနာကို ကျွန်တော် နားထောင်ပေးပြီး၊ သူမ ခံစားချက်ကို ထောက်ခံပေးဖို့ ဖြစ်တယ်။
“ဟာ၊ အဲဒါက ပြဿနာပေါ့။ ဒီလောက်ကြီးတဲ့ ပြဿနာများကို ရင်ဆိုင်ရမယ်လို့ ကိုယ် တစ်ခါမှ မတွေးခဲ့မိဘူး။ မင်းနေရာမှာသာ ကိုယ်ရှိနေရင်တော့ ဒီပြဿနာကို ဘယ်လိုဖြေရှင်းရမှန်းတောင် သိမှာ မဟုတ်ဘူး”လို့ ပြောဖို့ပဲ ဖြစ်တယ်။ အဲဒီလို ပြောလိုက်တာနဲ့ သူမကိုချစ်တယ်၊ သူမကို အားပေးတယ်လို့ ခံစားလိုက်ရတယ်။ ကျွန်တော် ဘာကိုမှ မဖြေရှင်းပေးရသေးဘူး။
သူမကလည်း ပြဿနာဖြေရှင်းပေးစေချင်တာ မဟုတ်ဘူး။ သူမက ကျွန်တော့်ကို နားထောင်စေချင်တာဖြစ်တယ်။ ကျွန်တော် ထောက်ခံတာကိုပဲ လိုချင်တယ်။ သူမက ကျွန်တော့်ကို ချက်ချင်းထခုန်ပြီး “ဦးဖြေရှင်း” လုပ်စေချင်တာ မဟုတ်ဘူး။
ွှ
(THE PURPOSE DRIVEN LIFE by RICK WARREN “ဘဝခရီးနှင်စေသော ရည်ရွယ်ချက်” - ရက် ၄၀ ရည်ရွယ်ချက် - အဖွဲ့ငယ်သင်ရိုးညွန်းတမ်း - ခေါင်းဆောင်အတွက်လမ်းညွန်စာအုပ် - မှ ထုတ်နုတ်ကူးယူပါသည်။ )
25Mar2025 throwback
4 weeks ago
No comments:
Post a Comment