Wednesday, March 31, 2010

တောသံ


ကျီးညိုကလေးက စကားများ
အ အား အ အား
ကိုရွှေဖားက တေးသံရှင်
အုန်းအင် အုန်းအင်
ဆင်ပြောင်ကြီးက ခေါ်ရင်ထူး
ဝူး ဝူး ဝူး ဝူး
တဗူးဗူး တဗယ်ဗယ်
နွားပျိုကလေး သနားဖွယ်
စာသူငယ် စွိ စွိ စွိ
မျောက်ညို တခွိခွိ ။.......။

ဆွေသန်း



မြေးကလေးများဖြစ်ကြသော “မငြိမ်းသီရိဟန်”၊ “မချိုဆုသီ” တို့နှင့်တကွ ကလေးတိုင်းအတွက် အမှတ်တရ ...အဖြစ် ကလေးတွေ ပျော်ပျော်ရွှင်ရွှင် ရွတ်ကြ၊ ဆိုကြဖို့ ရည်ရွယ်စပ်ဆိုထားတဲ့ ဆရာဆွေသန်း (ဆရာကြီးဦသန်းဆွေ - မြို့နယ်ပညာရေးမှူးငြိမ်း - ပခုက္ကူမြို့) ရဲ့ “သမီးလေးရဲ့မနက်ခင်း” ကလေးကဗျာများ မှ ကဗျာတစ်ပုဒ်ပါ။ ဆရာကြီး၏သားဖြစ်သူ၊ မချိုဆုသီရဲ့ဖေဖေ ကိုသီဟဆွေထံမှ ခွင့်ပြုချက်တောင်းခံပြီး ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ မြန်မာကလေးများအားလုံး(သို့) မြန်မာ့အနာဂတ်တစ်ခုလုံးသို့ ရည်ရွယ်ကာ အလျဉ်းသင့်သလို ဆက်လက်မျှဝေသွားပါမည်။

1 comment:

:P said...

ကြိုက်ပါတယ်..။