Wednesday, October 28, 2009

The things must be throw out.



တစ်ခါတစ်လေမှာ ဆူဆူညံညံလေးတွေကိုလည်း စိတ်ဝင်စားတတ်တယ်။ ဘာရယ်မဟုတ်ပါဘူး။ မသိတာအတော်များများကို အဘိဓာန်ဖွင့်လိုက်တာပါ။ သဘောကျတာကတော့ ဆိုထားတဲ့ပုံစံလေးနဲ့ သံစဉ်လေးကိုပါပဲ။



စွန့်ပြစ်သင့်တဲ့အရာတွေ


အန္တရာယ်ဆိုတာကို သိရဲ့လား။
မင်းအတွက် ဘာတွေက အနှောင့်အယှက်ဆိုတာကိုရော သိရဲ့လား။
ဟုတ်ပြီလေ။ ဒါတွေကဘာလည်းလို့ မင်းသိချင်မှာပါပဲ။

စဉ်းစားကြည့်လေ။ အန္တရာယ်ဆိုတာဘာလဲလို့။
မင်းအတွက် အနှောင့်အယှက်တွေဆိုတာကိုရော တွေးကြည့်မိရဲ့လား။

အန္တရာယ်ဆိုတာကိုရော ရန်သူလို့သတ်မှတ်မှာလား။
မင်းအတွက် အနှောင့်အယှက်ဖြစ်နေတာတွေကရော ရန်သူတွေပဲလား။
ကဲ-ထားတော့။ အန္တရာယ်၊ အနှောင့်အယှက်နဲ့ ရန်သူဆိုတာဘာတွေလည်းလို့ မင်းသိချင်နေမှာပါပဲလေ။

ရက်စက်မှုဆိုတာ အင်အားပဲ။ အဲဒီ့အင်အားက သူတို့ကိုတွန်းလှန်ဖို့ပေါ့။ ဟုတ်တယ်၊ ရက်စက်မှုကို အင်အားအဖြစ်ပြောင်းလဲရမယ်။ မိန်းမကျင့် မိန်းမကြံဆိုတာကို ကျင့်သုံးပေါ့။ ဓမ္မတေးသီဆိုနေသူတွေလည်း ချီတက်ကြမှာပဲ။ အစဉ်အလာအဖြစ်နဲ့ လိုက်နာနေရတာတွေကိုလည်း ဆန့်ကျင်ရမယ်လေ။ ရုပ်ပြကြီးတွေကို စွန့်ပစ်ထားရမယ်။ အဓိကအချက်ကတော့ ပြောပြောဆိုဆိုလုပ်နေသူတွေရဲ့ကွန်ယက်ကို ဖျက်ဆီးပစ်ရမယ်။

ဆိတ်ဆိတ်နေခြင်းက အန္တရာယ်၊ အနှောင့်အယှက်။ ဒါမှမဟုတ်ရင် ရန်သူပဲ။ မင်းရဲ့ အရေးကြီးလိုအပ်ချက်တွေကို စွန့်ပစ်ထားလိုက်။ ဒါမှလည်း မင်းအတွင်းစိတ်ရဲ့ လိုလားမှုတွေကို ဖော်ထုတ်နိုင်မယ်လေ။

မင်းအတွက် အန္တရာယ်၊ အနှောင့်အယှက်။ ဒါမှမဟုတ်ရင် ရန်သူဆိုတာကို သိပြီလား။

သွေးထွက်လောက်အောင် အရှုံးပေးရပြီဆိုရင်ပဲ မလိုလားမှုတွေအပေါ် ဆန့်ကျင်မှုဆိုတာ မြင့်တက်လာတတ်တယ်။ ဒါပေမဲ့ မင်းမျက်လုံးတွေကိုတော့ အလိမ်အညာတွေနဲ့ ဖုံးအုပ်မထားစေနဲ့ပေါ့။
ဟုတ်ရဲ့လား။
ရက်စက်မှုဆိုတာ အင်အားပဲ။
ဒီကနေစရေတွက်သွား ဘယ်တော့မှအဆုံးမရှိတော့တဲ့အထိ ရက်စက်မှုဆိုတာ အင်အားပဲ။
ဆိတ်ဆိတ်နေခြင်းက အန္တရာယ်၊ အနှောင့်အယှက်။ ဒါမှမဟုတ်ရင် ရန်သူပဲ။
ကဲ - ဒီတော့ အပြောင်းအလဲလုပ်တာပေါ့။

သုခမိန်

မှတ်ချက်။…..။ GreenDay ရဲ့ Know your Enemy ကို ခံစားကြည့်ခြင်းမျှသာ ဖြစ်ပါကြောင်း။

4 comments:

ဝါခေါင်မိုး said...

ရက်စက်မှုဆိုတာ အင်အားပဲ....တဲ့လား။
အဲလိုသာဆိုရင် ၀ါခေါင့်အတွက်ကတော့ အင်အားက အမြဲလို လျှော့နေမှာပဲ။ ရက်စက်ရမှာကြောက်လို့လေ။
ရက်စက်တတ်တဲ့သူတွေကိုလည်း ကြောက်တယ်။
ကိုယ်သာ သူ့နေရာမှာဆိုရင်ဆိုပြီးတွေးမိရင်ပေါ့။
မဖြစ်မနေ ရက်စက်သင့်ရင်တော့ ရက်စက်ရမှာပေါ့လေ။

မေမေခင် said...

မှန်ပါတယ်ရှင်

Anonymous said...

စစ်ပွဲတစ်ထောင်မှာ ရန်သူတစ်ထောင်ကို အကြိမ်တစ်ထောင် အောင်နိုင်ခြင်းထက် မိမိကိုယ်တွင်းက ကိလေသာရန်သူကို တစ်ကြိမ်အောင်နိုင်ခြင်းက သာလွန်မြင့်မြတ်တယ်လို့ ဓမ္မပဒမှာ ဖတ်ဖူးမှတ်ဖူးတယ်။
ဗိုလ်ချုပ်ကလည်း အနီးကပ်ဆုံးရန်သူကို ရှာပြီးတိုက်ကြဖို့ မိန့်ခွန်းခြွေဖူးတယ်လို့ သင်ယူမှတ်သားခဲ့ရတယ်။
ယခင် အိန္ဒိယသမ္မတကြီး အဒူကလမ်ကတော့ အဓိကအကျဆုံးရန်သူဟာ ဆင်းရဲမွေတေခြင်းလို့ ကျောင်းသားလေးတွေနဲ့အတူ အတည်ပြုခဲ့ဖူးတယ်တဲ့။
................
ဒီတော့ ရန်သူဆိုတာ.... အောင်နိုင်ခြင်းဆိုတာ ...ကဲ လာဗျာ.. အကောင်းဆုံးကိုပဲ ယူကြရအောင်...

နှင်းရည် said...

လာဖတ်ပါတယ်