Saturday, November 7, 2009

ရွှေရတုအလွန်


နေမင်းရှိန်ရှိန် ၊ မွန်းတည့်ချိန်ကျော်ခဲ့ပေါ့
မွန်းလွဲနေအကျမှာ ၊ အပူရှိန်ဟာအားပျော့
နေဝင်တော့မယ်။



နေအဝင်မှာ ညင်သာစွာနှုတ်ဆက်
စိတ်လက်ဖြောင့်တန်း ၊ မပင်ပန်းစေလို
ဒါနကိုဝေမျှ ၊ သီလကိုစောင့်ထိန်း
အာရုံတွေသိမ်းလွှတ် ၊ တရားတွင်တွင်ရှု
ဖြစ်ပျက်ဟုနှလုံးသွင်း
ကန္တာရအတွင်းမှ လွတ်ချင်လှသော်လည်း
ကျနေအေးအေး မိရိပ်ဝေးမှ
သားတွေသမီးတွေ ရှိလေရာဆီ
စုန်ချည်ဆန်ချည်နဲ့
ပုတီးကိုချ ၊ မြေးကိုမရင်း
သောကဒုက္ခ ၊ ဝေမျှခံစား
အမေမအားသေးဘူးကွယ်။..........။


**၂၇၊၄၊၂၀၀၈(မွေးနေ့အမှတ်တရ) ဆိုတဲ့ မှတ်ချက်နဲ့ အမေရေးထားတဲ့ (၅၁)နှစ်ပြည့်မွေးနေ့ကဗျာလေးပါ။
E-Journal မှာ သိမ်းထားဖို့စိတ်ကူးရတာနဲ့ အကောင်အထည်ဖော်လိုက်ခြင်းဖြစ်သလို တစ်ချိန်တည်းမှာပဲ အမေတွေရဲ့ သဘောသဘာဝကို ဝေမျှခြင်းလည်း ဖြစ်ပါတယ်။

1 comment:

ဝါခေါင်မိုး said...

သတိကပ်ပြီး အချိန်ရရင် ရသလို
ဖြစ်ပျက်လေးနှလုံးသွင်းနိုင်အောင်
ကြိုးစားကြရမှာပေါ့နော်။
မဟုတ်ရင် ဘ၀ သံသရာဝဲထဲမှာ
လည်နေကြတာ ဆုံးနိုင်တော့မှာမဟုတ်ဘူးနော်။
သတိပေးကဗျာလေးအတွက် ကျေးဇူးပါ။