Monday, June 15, 2009

WHAT IS LOVE???

စာလည်းမရေးဖြစ်တာကြာပြီမို့ဘာရယ်မဟုတ်ဘူး ပတ်ဝန်းကျင်မှာတွေ့နေ၊မြင်နေရတာနဲ့စဉ်းစားမိတာလေးတွေ စိတ်ထဲဝင်လာလို့ရေးလိုက်တာပါ….
E-journal ကိုအလည်လာတဲ့သူတွေအနေနဲ့လည်း ဒီအကြောင်းအရာလေးနဲ့ပါတ်သက်ပြီး ထင်မြင်ချက်လေးတွေကိုရေးပေးကြပါလို့လည်း Request လုပ်ပါတယ်ရှင်….

အချစ်ဆိုတာဘာလဲ???


လူတစ်ယောက်ကိုတကယ်ချစ်မိသွားတယ်ဆိုရင် ဘယ်လိုခံစားရလဲ???
အချစ်ဆိုတာက ပြောင်းလဲတတ်တဲ့ အရာတခုပဲလား???
ခုချိန်မှာ ဒီလူတယောက်ကို အရမ်းချစ်ပါတယ်ဆိုပြီး အနေဝေးသွားချိန်မှာ သူကို မေ့ပြီး တခြားတစ်ယောက်အပေါ် ချစ်မိတယ်ဆိုတာ???




ချစ်သူချင်း စိတ်ချင်း ဆက်သွယ်နေတယ်ဆိုတာ အမှန်ပဲလား???
သူ့ရင်ထဲ နင့်နေအောင်ခံစားရသလို ကိုယ့်ရင်ထဲမှာလည်း နင့်နေအောင်ခံစားရတယ်ဆိုတာ ရောတကယ်ပဲရှိလား????
မြင်မြင်ချင်းချစ်သွားတယ်ဆိုတာရောတကယ်ရှိလား???
နောက်…. အချစ်ဦးကို မြေးဦးရတာတောင်မမေ့ဘူးဆိုတာရော တကယ်ပဲလား???

မယ်တို့ငယ်ငယ်ကပေါ့
ချစ်သူရှိတဲ့ မယ့်သူငယ်ချင်းတစ်ယောက်ကို မေးဖူးတယ်….
အချစ်ဆိုတာဘာလဲ????
သူက ဘာပြန်ပြောလည်းဆိုတော့
အစားအစာတခုရဲ့အရသာကို မစားဖူးပဲနဲ့ အဲဒီအစားအစာရဲ့အရသာဆိုတာ ဘယ်လိုဆိုတာပြောဖို့ခက်တယ်တဲ့
အဲလိုပဲ . . . မချစ်ဖူးပဲနဲ့ အချစ်ဆိုတာကို ဘယ်လိုလဲဆိုတာကိုပြောဖို့ခက်တယ်တဲ့…
လူတစ်ယောက်ကို တကယ်ချစ်မိသွားတယ်ဆိုရင် ဘယ်လိုခံစားရလဲ???
လူတစ်ယောက်ကို အမြဲမြင်ချင် တွေ့ချင်နေမယ်…
သူနဲ့ အတူတူရှိနေချိန်တွေဟာ ကိုယ့်အတွက် ပျော်စရာအချိန်လေးတွေပဲဆိုရင် ….
သူနဲ့ဝေးနေတဲ့အချိန်တွေမှာ သူကိုအမြဲတမ်းသတိရနေတယ်ဆိုရင်….
ပျော်စရာလေးတွေကြုံလာတဲ့အချိန်မှာ ကိုယ့်ရဲ့ ပျော်ရွှင်မှုတွေကို သူ့ကို မျှဝေပေးချင်ရင်…
ကိုယ်ချစ်တဲ့သူတစ်ယောက်က ကိုယ်မဟုတ်တဲ့ တခြားတစ်ယောက်ကို ဂရုတစိုက်ရှိနေမှာကို မနာလိုဖြစ်နေခဲ့ရင်…
ကိုယ့်မှာပြသနာတခုခုကြုံလာရင် စိတ်ညစ်စရာလေးတွေကြုံလာခဲ့ရင် သူဆီကဖေးမမှုကို လိုချင်နေခဲ့ရင်…
အဲဒီလူကို ကိုယ်တကယ်ချစ်မိပြီလား???

နောက်…. အချစ်ဦးကို မြေးဦးရတာတောင်မမေ့ဘူးဆိုတာကော တကယ်ပဲလား???
သူငယ်ချင်းတစ်ယောက်ကပြောပြဖူးတယ်….
သူ့ရဲ့ရည်းစားဦးက သူနဲ့ကွဲလို့ အခုဆိုကလေးတစ်ယောက်တောင်ရနေပြီတဲ့…
သူကိုယ်တိုင်ကလည်း ခုလက်ရှိကောင်မလေးရှိတယ်တဲ့…
စိတ်ညစ်စရာတခုခုကြုံလာရင် ရည်းစားဦးကိုပဲသတိရပြီး သူ အဆင်မပြေတာတွေကို ရည်းစားဦးကိုပဲပြောပြပြီး သူမဆီကဖေးမမှုကိုပဲ လိုချင်တယ်တဲ့…
ခုလက်ရှိကောင်မလေးကို မချစ်လို့မဟုတ်ဘူး… သစ္စာဖောက်တာလည်းဟုတ်ဘူးတဲ့…
ကိုယ်စိတ်ညစ်နေတဲ့အချိန်မှာ သူနဲ့စကားပြောခွင့်ရရင် တော်တော်စိတ်သက်သာရတယ်ပြောတယ်…
ဒီကိစ္စမှာ ရည်းစားဦးနဲ့သူနဲ့ဘာကြောင့်ကွဲသွားခဲ့ရတယ်ဆိုတာ သေချာမသိပေမဲ့…
ရည်းစားဦးဟာတော်တော်နားလည်ပေးနိုင်တဲ့သူတစ်ယောက်ဖြစ်မယ်လို့ထင်ပါတယ်…


တကယ်တမ်းကျတော့ လူတော်တော်များများက
တော်တော်ကို ချစ်နိုင်ကြတယ်လို့ ပြောရမလား???
သာယာတတ်ကြတယ်လို့ ပြောရမလား????
ဘယ်သူပဲဖြစ် လူတိုင်းက ဂရုစိုက်တာကိုခံချင်ကြတယ်…
ကိုယ့်ကိုဂရုစိုက်တယ်ဆိုရင်ကျေနပ်ကြတယ်….
လူတစ်ယောက်က ကိုယ်အပေါ်ဂရုစိုက်တာနဲ့ အဲဒီလူက ကိုယ့်ကိုတော်တော်ချစ်တယ်လို့ထင်ရင် မှားမှာပဲ…
သူငယ်ချင်းတစ်ယောက်ကပြောဖူးတယ် ဂရုစိုက်တတ်တဲ့သူက လူတိုင်းကိုဂရုစိုက်မှာပဲတဲ့
သူကကိုယ့်ကိုဂရုစိုက်လို့ ကိုယ့်ကိုချစ်တယ်ထင်ရင်မှားမယ်တဲ့…
သူငယ်ချင်းပြောတဲ့စကားကမှန်တယ်…

ချစ်သူနှစ်ယောက်ကြားမှာ မာန်မာနတွေ ရှိသင့်သလား???
ကိုယ်တကယ်ချစ်တဲ့သူကို ရအောင်ယူမှာလား??? စွန့်လွှတ်မှာလား???
အဖြေက ချစ်တဲ့သူအပေါ်မှာပဲ မူတည်ပါတယ်…
ချစ်သူကိုရအောင်ယူလို့ သူစိတ်ဆင်းရဲရမယ်ဆိုရင် ကိုယ်ဘယ်လောက်ပဲခံစားရပါစေ သူစိတ်ချမ်းသာတဲ့ ဘဝတခုမှာပဲ သူပျော်ရွှင်တဲ့ဘဝတခုမှာ သူ့ကိုထားခဲ့မှာပါ…
သူ့နေချင်တဲ့ဘဝမှာ နေခွင့်ပြုပြီး သူလိုအပ်တာကို အတိုင်းအတာတခုအထိပေးဆပ်ပေးမှာပါ…
အတိုင်းအတာတခုဆိုတာ ကိုယ်နဲ့သူအပြင် နောက်တယောက်ကို မထိခိုက်သေးတဲ့အချိန်အထိပဲ…
ကိုယ့်ဘဝကဘယ်လောက်ပဲကြမ်းတမ်းပါစေ ကိုယ်နဲ့နေလို့သူစိတ်ချမ်းသာမယ်ဆိုရင် သူ့ကိုကိုယ်ဘေးမှာပဲ တသက်လုံးထားမှာပါ…

တကယ်တမ်းကျတော့ လူတွေဟာကိုယ့်ကိုကိုယ် အချစ်ဆုံးပါပဲ…
လူတစ်ယောက်ကို တကယ်ချစ်တယ်ဆိုရင် သူစိတ်ချမ်းသာအောင်ထားနိုင်ရမယ်လို့ မယ်ထင်ပါတယ်…
သူ့ကိုကိုယ်ပိုင်ဆိုင်ခွင့်ရသည်ဖြစ်စေ… ပိုင်ဆိုင်ခွင့်မရခဲ့သည်ဖြစ်စေ….
သူပျော်ရွှင်နေရင် ကိုယ်လည်းပျော်ရွှင်နိုင်ရမယ်လို့ထင်ပါတယ်…
ကိုယ့်လိုဘတခုတည်းကိုကြည့်ပြီးနေမယ်ဆိုရင် သူ့ကို ကိုယ်ချစ်တာမဟုတ်ပဲ…
ကိုယ့်ကိုကိုယ် ချစ်တာပဲလို့ ပြောရင်ပိုမှန်ပါလိမ့်မယ်……….

မယ်(၁၂.၆.၀၉)

*** ပေးဆပ်ချစ်နဲ့ ချစ်ခဲ့ဖူးတဲ့ ချစ်သူတွေရဲ့ ၉ နှစ် နဲ့ ၉ လပြည့် အမှတ်တရပါ ***


7 comments:

flowerworld said...

ရေးထားတာလေးကောင်းတယ်နော်
မီးလေးကတော့ ကိုယ့်ကိုယ်ကိုယ် ပိုချစ်တယ်ထင်တယ် သူ့ကိုအမြဲတမ်းတွေ့ချင်နေတယ် စကားတွေအမြဲတမ်းပြောချင်နေတယ် ဒါတွေက သူ့ကိုချစ်လို့လဲဟုတ်တယ် သူ့ကိုတွေ့ရမှကျေနပ်မဲ့ ကိုယ့်စိတ်ကို ကိုယ်ပိုချစ်လို့လဲဟုတ်တယ်ပေါ့နော် ဟီးး

Anonymous said...

အချစ်ဆိုတာ မပြောင်းလဲတတ်သောကြောင့် အနေဝေးသော်ငြား လုံးဝ(လုံးဝ) မေ့မသွားပါ။ (တကယ့် တကယ်) ချစ်သူချင်းစိတ်ချင်းစိတ်သွယ်နေတယ်ဆိုတာ တကယ်ပါ။ ဖွင့်ဆိုရှင်းပြဖို့ရာ မလွယ်ကူတဲ့အချစ် ကို တကယ် မချစ်ဖူးသေးသူတွေကို ပြောပြလို့ လုံးဝ (လုံးဝ) မရပါ။ အမြဲမြင်ချင်တွေ့ချင်နေတာ၊ အတူတူရှိနေချိန်မှာ ပျော်ရွှင်တာ အချစ်မဟုတ်ပါ။ မြစ်ဦး၊ တီဦး၊ တွတ်ဦးရလည်း မေ့မှာမဟုတ်ပါ။ ရည်းစားဦး နဲ့ အချစ်ဦးမတူပါ။ တစ်ချို့  အတွက်တော့ တူနိုင်ပြီး။ တစ်ချို့ အတွက်တော့ ရည်စားဦး၊ အိမ်ထောင်ဦးတွေ ရှိသော်ငြား အချစ်ဦးရှိချင်မှ ရှိမှာပါ။ နားလည်ပေးနိုင်စွမ်းမြင့်မားတာ၊ အသေးစိတ်ဂရုစိုက်တတ်တာတွေဟာ အချစ်တံလျှပ်တွေပါ။ နားလည်ဂရုစိုက်တတ်သူအတွက်ရော နားလည်ဂရုစိုက်ခံရသူအတွက်ပါ အန္တရာယ်ကြီးမားပါတယ်။ ရယူခြင်း၊ ပေးဆပ်ခြင်းဆိုတာတွေဟာ အစဉ်အလာပတ်တန်တွေရဲ့ စိတ်ယောင်ထင်မှားမှုတွေမျှသာပါ။ အချစ်မှာ ရယူခြင်းလည်း မရှိသလို၊ ပေးဆပ်ခြင်းလည်း မရှိပါဘူး။ အချစ်ဆိုတာ ချစ်နေခြင်းသက်သက်ပါပဲ။ (နှမလေး မယ်ရေ Lunch Break မှာ အချိန်လုရေးလိုက်တာဆိုတော့ မှားတာ မပြည့်စုံတာ ပါကောင်းပါနိုင်ပါတယ်၊)

တားမြစ် ထားသော... said...

အချစ်ဆိုတာ ဘာလဲ။


မယ်ရေ... နားလည်ရခက်စေတဲ့ အဖြစ်အပျက်ထဲမှာ ကျွန်တော်ကတော့ ထည့်ထားမိလေရဲ့။
၉နှစ်၉လဆိုတော့ ... အင်း ၉နှစ်၉လပေါ့ဗျာ။

**ကိုမာရေးသျှင်ရဲ့ ပိုစ့်ကိုလည်းဖတ်ထားလို့ အလွန်များစွာ ပြောစရာမလိုကြောင်း တွေးမိသဗျ။

သုခမိန်

မသက်ဇင် said...

အချစ်ဆိုတာဘာလဲ???
ဖတ်သွားတယ် မယ်
တွေးနေပါတယ်
ချစ်ခင်လျက်

may16 said...

ချစ်တတ်သူတိုင်း အချစ်စစ်နဲ့ဆုံတွေ့နိုင်ပါစေ

မြေ said...
This comment has been removed by the author.
မြေ said...

မယ်ကလေးရေ....
မေးခွန်းတွေကအများ သားနော်...ဘာပဲဖြစ်ဖြစ်..
ကျမရဲ့ နှလုံးသွေးတစ်စက်.... ကျဖို့ရာအကြောင်းတရားတစ်ခုအတွက်...ကျေးဇူးပါနော်း)

ကျမ၏ပြီးပြည့်စုံခြင်း အကြောင်းတရားဆီသို့....

~~~~~~~~~~~~~~~~~~~~~~
အနာဂါတ်မဲ့ ချစ်ခြင်းနဲ့
ပစ္စုပ္ပန် ခဏတိုင်းမှာ နက်ရှိုင်းစွာ....
ချစ်သွားပါရစေ ချစ်သူ...။

မြေ
~~~~~~~~~~~~~~~~~~~~~~