Saturday, June 6, 2009

Sand and Stone


သူငယ်ချင်းနှစ်ယောက်က သဲကန္တာရတခုမှာ ခရီးအတူသွားရင်း၊ လမ်းမှာ စကားများကြတယ်။ သူငယ်ချင်းတယောက်က ကျန်သူငယ်ချင်းရဲ့ မျက်နှာကို စိတ်ဆိုးမာန်ဆိုးနဲ့ ရိုက်လိုက်မိတယ်။ အရိုက်ခံရတဲ့ သူငယ်ချင်းက ငါ့သူငယ်ချင်းက ငါ့ကို နာကျင်အောင်လုပ်တယ် ဆိုပြီး သဲပေါ်မှာ စာရေးလိုက်တယ်။



ဒီလိုနဲ့ ခရီးဆက်ကြတော့ ရေကန်ငယ်လေးတခုကို တွေ့ရော။ ရေဆင်းချိုးတော့ အစောက ပါးရိုက်ခံလိုက်တဲ့ သူငယ်ချင်းက ရေနစ်သွားတယ်။ ပါးကိုရိုက်လိုက်တဲ့ သူငယ်ချင်းက ရေထဲက ဆယ်တော့ - အသက်ချမ်းသာရာရသွားတဲ့ သူငယ်ချင်းက ငါ့သူငယ်ချင်းက ငါ့အသက်ကို ကယ်လိုက်တယ် ဆိုပြီး ကျောက်တုံးပေါ်မှာ ရေးထွင်းလိုက်တယ်။

အသက်သခင် သူငယ်ချင်းက မေးတယ် - အစောက သဲပေါ်မှာ ရေးပြီး အခုတခါ ဘာ့ကြောင့်များ ကျောက်တုံးမှာ ရေးထွင်းရသလဲ။

ကျောက်ပေါ်မှာ ရေးထွင်းနေတဲ့ သူငယ်ချင်းက ပြန်ဖြေတယ် - ဒီလိုပါ သူငယ်ချင်း၊ တယောက်ယောက်က တို့ကို နာကျင်အောင်လုပ်ခဲ့ရင် သဲပေါ်မှာပဲ ရေးသားမှတ်သင့်တယ်၊ ဒါမှ ခွင့်လွှတ်ခြင်းဆိုတဲ့ လေတွေတိုက်တော့ မှတ်သားထားတဲ့ နာကျင်မှုတွေ ပျောက်သွားအောင်လို့ပါ၊ သူတပါးက ကိုယ့်ကို ကျေးဇူးပြုထားတယ်ဆိုရင်ဖြင့် တသက်တာ မမေ့အောင်လို့ ကျောက်တုံးပေါ်မှာ ရေးသားမှတ်တမ်းတင်ထားအပ်ပါတယ်။

မူရင်း

6 comments:

မသက်ဇင် said...

ဒီလိုပါ သူငယ်ချင်း၊ တယောက်ယောက်က တို့ကို နာကျင်အောင်လုပ်ခဲ့ရင် သဲပေါ်မှာပဲ ရေးသားမှတ်သင့်တယ်၊ ဒါမှ ခွင့်လွှတ်ခြင်းဆိုတဲ့ လေတွေတိုက်တော့ မှတ်သားထားတဲ့ နာကျင်မှုတွေ ပျောက်သွားအောင်လို့ပါ၊ သူတပါးက ကိုယ့်ကို ကျေးဇူးပြုထားတယ်ဆိုရင်ဖြင့် တသက်တာ မမေ့အောင်လို့ ကျောက်တုံးပေါ်မှာ ရေးသားမှတ်တမ်းတင်ထားအပ်ပါတယ်။


တကယ့်ကိုမှတ်သားထိုက်ပါတယ်
ခင်မင်လျက်

တားမြစ် ထားသော... said...

အေးဗျ။
သဲပေါ်နဲ့ ကျောက်ပေါ် ရေးမှတ်ထားတာတွေက ဒီစာစုလေးထဲကလို မဟုတ်နေတာတွေ ရှိနေသလိုပဲ။ မှတ်သားထားလိုက်မယ်ဗျာ။
ဝေမျှပေးတာ ကျေးဇူး။

သုခမိန်

Unknown said...

တန်ဖိုးရှိတဲ့ စာလေးပါ။
ဝေမျှပေးတာကျေးဇူးပါနော်။
နာစရာဆိုရင် သဲပေါ်မှာရေးမှတ်တတ်တဲ့
ဲ့အကျင့်လေးဖြစ်အောင် ကြိုးစားရမှာပေါ့နော်။

ကဗျာဦး said...

ပုံပြင်က မိုက်တယ်

Ðaywalker[Soul] said...

အိနိယဇာတ်လမ်းလေးကို ဘာသာပြန်ထားတာ ဖတ်ပြီး သဘောကျသွားတယ်....

Anonymous said...

နာကျင်စရာ တွေ့လာရင် ခွင့်လွှတ်သည်းခံ နေစေဖို့၊ ကျေးဇူးတရားကို အလေးထားဖို့.. မှတ်သားသွားပါတယ် ခင်ဗျာ။ လေးစားလျက်ပါ။