Monday, June 22, 2009

Q and A


သက္ကပဥှသုတ်တော်လာ ဗုဒ္ဓနှင့် သိကြား၏ အမေးအဖြေ

သိကြား။ ။ နတ်ရောလူပါ များစွာသော သတ္တဝါတို့သည် ရန်မရှိ ဒဏ်မရှိ ဒေါသမရှိ အေးချမ်းစွာ နေထိုင်ဖို့ရန် ရည်သန်တောင့်တကြပါလျက် အဘယ့်ကြောင့် တောင့်တသလို မဖြစ်ဘဲ အန္တရာယ် ဘေးဒဏ် ရန်မာန်တွေနှင့် နေကြရပါသနည်းဘုရား။

ဗုဒ္ဓ။ ။ ကိုယ်ထက်သာ မနာလိုသော ဣဿာ၊ ကိုယ်ကောင်းစားသလို သူတစ်ပါး မကောင်းစားစေလိုသော မစ္ဆရိယ၊ ဤတရား ၂ ပါးသည် သတ္တဝါတို့ သန္တာန်၌ စွဲကပ်လျက်ရှိ၏။ ထိုတရား ၂ ပါးကြောင့် ဖြစ်ချင်သလို မဖြစ်ရဘဲ မဖြစ်လိုတာတွေ ဖြစ်နေကြရသည်။




သိကြား။ ။ ထိုတရား၂ ပါးသည် ဘေးရန်များ၍ မကြီးပွားစေနိုင်သော တရားဖြစ်ပါလျက် အဘယ့်ကြောင့် (မြွေပွေးကို ခါးပိုက်ပိုက်ထားသကဲ့သို့) မိမိတို့ သန္တာန်မှာ အဖြစ်ခံ၍ နေကြပါသနည်း ဘုရား။

ဗုဒ္ဓ။ ။ ချစ်အပ်သော ပုဂ္ဂိုလ် အသင်းအပင်းဥစ္စာ၊ မချစ်အပ်သော ပုဂ္ဂိုလ် အသင်းအပင်းဥစ္စာဟု ခွဲခြားထားမှုကြောင့် ဣဿာ မစ္ဆရိယတရား ၂ ပါးဖြစ်နေကြရသည်။ (အချစ်ဂိုဏ်းပါတီ၊ အမုန်းဂိုဏ်းပါတီဟု မညီမမျှ ခွဲခြားမှုကြောင့် အချစ်ဖက်၏ တိုးတက်မှုကိုသာ လိုးလာ၍ အမုန်းဖက်၏ တိုးတက်မှုကို မလိုလားသော ဣဿာ မစ္ဆရိယ ၂ ပါးဖြစ်ရသည်။ အချစ်ဖက်၏ ကောင်းကျိုးကိုသာ ရွက်ဆောင်၍ အမုန်းဖက်၏ ဆိုးကျိုးကိုသာ ရွက်ဆောင်ကြသောကြောင့်လည်း အန္တရာယ် ဘေးဒဏ် ရန်မာန်များစွာဖြစ်၍ ဆင်းရဲဒုက္ခဖြင့် ပျက်စီးဆုတ်ယုတ်ကြရသည် - ဟူလို။)


အရှင်ဇနကာဘိဝံသ - အနာဂတ်သာသနာရေး၊ စာမျက်နှာ ၄၁၉ မှ ကောက်နှုတ်ချက်

အရှင်ဇနကာဘိဝံသ - အနာဂတ်သာသနာရေး download
mediafire[9.96 MB]
zshare

4 comments:

Anonymous said...

ဖတ်မှတ်သွားပါတယ်ဗျာ၊ ခုလိုဝေမျှပေးတာ ကျေးဇူးပါ။

တားမြစ် ထားသော... said...

ကောင်းတဲ့ဝေမျှမှုပါ ကိုကေဇက်ရေ။
အရှင်ဇနကာဘိဝံသရဲ့ ကောင်းတဲ့စာအုပ်များစွာထဲက တစ်အုပ်ပါပဲ။ ကျွန်တော်လည်း ဖတ်ပြီးတာမကြာသေးဘူး။ ဒေါင်းဖို့လင့်ခ်လေး ပေးထားတာကိုပါ သဘောကျမိပါတယ်။
ဒါဟာ တတ်အားသမျှ ကုသိုလ်ယူခြင်းပေါ့ဗျာ။ မှုပိုင်ခွင့်တွေကို ထည့်မပြောရင်ပေါ့။း)

ပျော်ရွှင်အဆင်ပြေစေသားဗျာ။

သုခမိန်

Anonymous said...

“ကဲ ဝဇ္ဇာစရဏ သမ္ပန္နောဖို့
အချစ်သဘောလည်းကင်း
မုန်းခြင်းလည်းအလျဉ်းမဲ့စွာ မဇျွှိမပဋိပဒါကြတာပေါ့ခင်မျာ။………။”
သာဓု သာဓု သာဓု ပါဗျာ။
ဟဲ ဟဲ ကျနော်ကတော့ အကျင့်ပါနေလို့ အောက်ပါအတိုင်း အနှစ်ချုပ်တယ်ဗျာ။
”နတ်ရောလူပါ များစွာသော သတ္တဝါတို့သည် ရန်မရှိ ဒဏ်မရှိ ဒေါသမရှိ အေးချမ်းစွာ နေထိုင်ဖို့ရန် ရည်သန်တောင့်တကြပါလျက် (ချစ်အပ်သော ပုဂ္ဂိုလ် အသင်းအပင်းဥစ္စာ၊ မချစ်အပ်သော ပုဂ္ဂိုလ် အသင်းအပင်းဥစ္စာဟု ခွဲခြားထားမှုကြောင့်) ၎င်းတို့ သန္တာန်၌ စွဲကပ်လျက်ရှိသော ကိုယ်ထက်သာ မနာလိုသော ‘ဣဿာ’နှင့် ကိုယ်ကောင်းစားသလို သူတစ်ပါး မကောင်းစားစေလိုသော ‘မစ္ဆရိယ’ တရား ၂ ပါးကြောင့် တောင့်တသလို မဖြစ်ဘဲ အန္တရာယ် ဘေးဒဏ် ရန်မာန်တွေနှင့် နေကြရသည်။“
( ဗုဒ္ဓ )
** ဒီလို ထုတ်နုတ်ချက်လေးတွေကို “သဒ္ဓါစံဖတ်ဖို့ မှတ်စုအချို့ ” ကဏ္ဍအောက်မှာ ထည့်သွင်းပေးမယ်ဆိုရင် အတိုင်းထက်အလွန် တံခွန်နဲ့ ကုက္ကားပေါ့ခင်မျာ။

မသက်ဇင် said...

ဖတ်မှတ်သွားပါတယ်
မျှဝေပေးတာကျေးဇူးပါ
ခင်မင်လျက်