Friday, June 12, 2009

လမ်း (သို့) ချိန်းစာ

ပြေးလွှားနေဆဲ . . .


ရုန်းထွက်နေဆဲ . . .


ယုံကြည်ရာလျှောက်လိုက်တော့ခရောင်းလမ်းပေါ့ . . .


မျှော်မှန်းရာကို ရောက်ဖို့ခက်ခက်


အသက်ထက်တန်ဖိုးထားတာ


ကိုယ်နဲ့အတူမကွဲမကွာ . . .


တောတန်းလေးထဲ အေးအေးချမ်းချမ်းအိပ်စက်ဖို့ရာ


မေတ္တာခြုံစောင်လေးနဲ့ပေါ့ . . .


ပွင့်ဖတ်နံ့လေးသင်းနေတဲ့ပန်းခင်းလေးဘေးမှာ တို့အတူဆုံမယ်နော် . . .။



(ကိုနယုန်မိုး Draftနဲ့သိမ်းထားတဲ့ စာလေးတစ်ပုဒ်ပါ။ Label မပေးရသေးပေမဲ့ ကဗျာခေါင်းစဉ်အောက်မှာ ထည့်လိုက်ပါတယ်။ ကိုနယုန်မိုးရဲ့ ခွင့်ပြုချက်မပါတာတော့ သေချာပါတယ်။ ခွင့်လွှတ်မယ်လဲ ထင်ပါရဲ့။.....။ သုခမိန်)

3 comments:

မြစ်ကျိုးအင်း said...

“တောတန်းလေးထဲမှာ အေးအေးချမ်းချမ်း
ပွင့်ဖတ်နံ့လေးသင်းနေတဲ့ပန်းခင်းလေးဘေးမှာ...”
အေးချမ်းမှုကို မြင်ယောင်မိတယ်...။
အဲလိုဘ၀မျိုးမှာ ခဏဖြစ်ဖြစ်နေကြည့်ချင်တယ်
မြို့ပြမှာ ရင်ဆိုင်ယှဉ်ပြိုင်ရတာတွေ များတယ်

Anonymous said...

အေးချမ်းတဲ့ တောတန်းလေးထဲမှာ ပွင့်ဖတ်လေးတွေ သင်းနေတဲ့ ပန်းခင်းလေးထဲမှာ ထာဝရ လျှောက်လှမ်းပျော်ရွင်နိုင်ပါစေ။

မသက်ဇင် said...

E - Journal
စာပေ အဖွဲ့လေးဆီ အခုမှ လာနိုင်တယ်
နူးညံ့တဲ့ကဗျာလေး ဖတ်သွားတယ်
ခင်မင်လျက်