Friday, March 27, 2009

it's not 4 U

“စိတ်မဝင်စားနဲ့”

ရှုပ်ထွေးသတဲ့
မွေးစကတည်းက
အလင်းမရတဲ့ ဉာဏ်နဲ့
ရှေ့ကို လက်ညိုးထိုးမလား
နောက်ကို အားကိုးမလို့လား
သွား -
ဒီအတိုင်းသာဆက်သွား
တနေ့တခါ“ဝ”
ကျောပူနားပူမခံနိုင်တဲ့
နူးညံ့တဲ့နှလုံးလှ
ပထဝီလား တေဇောလား
ဓါတ်တစ်မျိုးနဲ့ တိုက်စားတဲ့အခါ
အေးချမ်းကြစေသား။.....။

သုခမိန်

4 comments:

Anonymous said...

ဟောဒီမှာ…..
ထစဉ်ထူးကို ထောင် ”ဝ“ မလိုတဲ့ကောင်
ချစ်သူတွေအရိုး အုတ်ဖုတ် ပိရမစ်လုပ်ကာ
ဆွေခုနှစ်ရာ မျိုးခုနှစ်ရာ
ပေးတဲ့ဆုနဲ့ပြည့်နေမှာ။………..။
(မူလအော်ရီချင်တယ် ပေါ်လာတဲ့ comment အတိုင်းတော့ မဟုတ်ဘူးဗျို့  ။ တစ်နေ့တော့ ပေါ်လာတဲ့ အတိုင်းရေးကာ ရေးတဲ့အတိုင်း တင်မယ်ဗျာ။ အဲဒီလိုနေ့ဖြစ်လာဖို့ရာ ကိုယ့်ကိုကိုယ် စောင့်ရှောက်ဖို့လိုသဗျာ။ အခုတောင် လက်မတင်လေး အသေမဦးခင် တရားဦးသွားလို့ ပြန်ပြင်လိုက်နိုင်တာ။ ဆရာသုရေ သေရတာက လွယ်ပါတယ်။ ရှင် ရတာကသာ ခက်တာ။)

တားမြစ် ထားသော... said...

ကိုမာရေးသျှင် လာလတ္တံသော အရေးဆိုတာကို မျှော်မယ်ဗျာ။
“သေရတာထက် ရှင်ရတာခက်တယ်” -ဒါ အတွေးတစ်ခုပဲ။

သုခမိန်

မသက်ဇင် said...

တွေးသွားတယ်----
ယူခဲ့တယ်---

သစ္စာ said...

E - Journal လာဖတ်သွားပါတယ်ရှင့်
ကောင်းပါတယ်