ကမ္ဘာကြီးအား ပြန်လည်တည်ဆောက်ခြင်း
ဖခင်က သတင်းစာဖတ်ဖို့လုပ်နေတာကို သူ့သားငယ်လေးက နှောက်ယှက်နေတယ်။ နောက်ဆုံး ဖခင်လုပ်သူက စိတ်ညစ်လာလို့ သတင်းစာထဲက ကမ္ဘာမြေပုံပါတဲ့ စာရွက်ကို ဆုတ်ဖြဲလိုက်တယ်၊ ပြီးတော့ မြေပုံစာရွက်ကို အပိုင်းပိုင်းဆွဲဆုတ်လိုက်ပြီးတော့ သားကိုပေးလိုက်တယ်။
- ကဲ အခု သားမှာ လုပ်စရာ အလုပ်ရသွားပြီ။ ဒီကမ္ဘာမြေပုံကို မှန်မှန်ကန်ကန် ပြန်ဆက်ပေးစမ်း။
ဖခင်လုပ်သူက သားတော်မောင်တော့ တနေကုန် အလုပ်ရှုပ်ပြီဆိုပြီး သတင်းစာပြန်ဖတ်တယ်။ ဒါပေမယ့် ၁၅ မိနစ်လောက်ကြာတော့ ကလေးက မြေပုံလေးနဲ့ ပြန်ရောက်လာတယ်။
အဖေလုပ်သူက တအံ့တသြနဲ့ - မင်းမေမေကများ မင်းကို ပထဝီသင်ပေးလိုက်တာလား။ - လို့ မေးလိုက်တယ်။
သားတော်မောင် ပြန်ပြောလိုက်ပုံက - ကျနော်ဖြင့် ဒါကြီးကို ဘာမှန်းတောင် ကောင်းကောင်းမသိပါဘူး။ ဟိုဖက်စာမျက်နှာမှာ လူတစ်ယောက်ရဲ့ ဓာတ်ပုံပါတယ်လေ၊ ဒါနဲ့ပဲ ကျနော်က လူပုံကို မှန်အောင်ပြန်ဆက်လိုက်တာ ကမ္ဘာ့မြေပုံကြီးကလည်း ပြန်ဆက်သွားရော။
မူရင်း - Rebuilding the world by Paulo Coelho
ဆုံရပ် 1st Dec 2024
1 week ago
6 comments:
မြန်မာပြည်မှာ ကလေးအားဆေးကြော်ငြာတစ်ခု တီဗွီမှာလာတာအဒြီသဘောပဲ။ သူတို့ ကူးချထားပုံရတယ်နော်။
အဲဒီ လို့ ရေးတာ။
တကယ်တော့ ဒါဟာ ဝတ္ထုတိုတစ်ပုဒ်ဖြစ်သလို ဒါဟာပဲ သမိုင်းတစ်ခုလည်းဖြစ်ပါတယ်။
ကျနော်တို့ရဲ့ ချစ်သောကမ္ဘာကြီးမှာ တစ်ချို့ တစ်ချို့ သော လူပုဂ္ဂိုလ်များဟာ သူတို့ကို ပြန်ဆက်လိုက်ရုံနဲ့ ကမ္ဘာကြီးကို အလိုလို ပြန်ဆက်ပြီးသားဖြစ်အောင် အကျိုးပြုစွမ်းဆောင်နိုင်ကြတာ တကယ်အမှန်ပါပဲ။ တစ်ချို့  တစ်ချို့ သော ဆန့်ကျင်ဖက်လူတွေကျပြန်တော့လည်း ကမ္ဘာကြီးကို ပြန်ဆက်ဖို့ သူတို့ကို ဆုတ်ဖြဲပစ်ဖို့ လိုပြန်တယ်ဗျို့ ။
ကောင်းလိုက်တာနော်--
တစ်ချို့  တစ်ချို့ သော ဆန့်ကျင်ဖက်လူတွေကျပြန်တော့လည်း ကမ္ဘာကြီးကို ပြန်ဆက်ဖို့ သူတို့ကို ဆုတ်ဖြဲပစ်ဖို့ လိုပြန်တယ်ဗျို့ ။
အမှန်ပါပဲ--------------
ဥာဏ်ရှိတဲ့ သူတိုင်းဟာ အခွင့်ကောင်းတွေရဖို့---
သူတွေ့မြင်ထားတာထက်-- ရအောင်လုပ်ပါလိမ့်မယ်--
စာလေးကိုဖတ်တယ်။ မူရင်းကိုပြောထားတော့ စိတ်ဝင်စားသွားတယ်။ ဒါအတွေးတစ်ခုပဲပေါ့။ ကွန်မန့်တွေလည်းတွေ့ရော တကယ့်စာတစ်ပုဒ် ဖြစ်သွားတော့တာပါပဲ။
*****************
ကိုကေဇက်ရေ မပေါ်လာအတော်ကြာနော။
ပေါ်လာတော့လည်း အကောင်းစားလေးနဲ့မို့ ပျော်ရွှင်ရကြောင်းပါ။
သုခမိန်
အရှိတရားရဲ့ တခြားတစ်ဖက်မှာ ပိုပြီး လွယ်ကူချောမွေ့တဲ့ အမှန်တရား ရှိပါသလား..။ ဒါမှမဟုတ် လက်ရှိ ခြေနေများအပေါ် ကျနော်တို့ သာမန် သိမြင်နားလည်ထားမှု လိုအပ် နေသေးတာလား.။ သိချင်ရုံသက်သက် သိခွင့် ရချင်မိတယ်။ အတွေးခက် မိလို့ပါ ခင်ဗျာ။
Post a Comment