Sunday, March 8, 2009

အဖေ


သားသမီးတွေဟာ
ကျောက်တုံးတွေဆိုရင်
သူတောင်ပေါ်ကို တွန်းတင်ခဲ့တာ ခုနှစ်လုံး
သူ့အပေါ်ပြန်ပိခဲ့တာ ခုနှစ်ခါ
ငှက်ကြောင့်
ညောင်ပင်ဟာ အသီးနဲ့ဝေးရသလို
ငွေကြောင့်
မိဘဟာ သားသမီးနဲ့ ဝေးရတယ်
ဖုန်တက်နေတဲ့ အိမ်ကလေးမှာနေပေမယ့်
နှလုံးသားဟာ တောက်ပအလင်းဖြာမြဲ
တစ်ခါတစ်ခါ
ခြောက်ကပ်ကပ်အလွမ်းနဲ့
အရပ်ရှစ်မျက်နှာရော်ရမ်းရမ်း
တစ်ခါတစ်ခါ
အထီးကျန်ခြင်းက
သွားရောဂါလို တဆစ်ဆစ်ကိုက်ခဲရင်း
မိသားစုရထားရဲ့ စက်ခေါင်းတစ်ခုဟာ
မေတ္တာဝေစုကို တလူလူလွှင့်ခဲ့သလို
စကားနည်းနည်းနဲ့ တရားမြဲရင်း အိုခဲ့ပြီ
အပွင့်တုံးသစ်ပင်လို နာကျင်စိတ်နဲ့
ငါ့ပျက်ကွက်မှုတွေပါ တဲ့
ကျွန်တော်တို့ ဆင်းရဲရတာကို
အားနာစကားဆိုရှာတယ်…အဖေ။
.
.
ကိုသျှပ်(ကန့်ဘလူ)


နာကျင်မှုကိုမှ အနုပညာဖြစ်အောင် ကျင်ယူနေရှာတဲ့
ကဗျာဆရာ မိုးလှိုင်ည ရဲ့ ကျွန်တော်ကြိုက်သော ကဗျာများ မှာ ဖတ်ခဲ့ရတဲ့ ကဗျာပါ။
ကြိုက်လွန်းလို့ ပြန်လည် မျှဝေတာ သက်သက်ဖြစ်ပါတယ်။
ပုဂ္ဂိုလ်ခင်လို့ တရားမင်တာ မဟုတ်သော်ငြား ဒီလိုကဗျာဆရာတစ်ဆူ အတွက် ဝံ့ကြွားဂုဏ်ယူတာ အမှန်ပါ။





4 comments:

မောင်ငယ်ရင်သွေး said...

သင်ဖတ်သော စာအုပ်တွေကို ပြောပါ သင် ဘယ်သူလဲဆိုတာ ပြောပြမယ် ဆိုသလိုပါပဲ သင်ကြိုက်သော ကဗျာများကိုကြည့်ကာ သင်ဘယ်သူလဲဆိုတာ သိခဲ့ရပါတယ်။ ကန့်ဘလူဆိုတာလည်း သူရဲကောင်းများ ထွန်းကားရာမြေပဲကိုး။

တားမြစ် ထားသော... said...

အဖေ့ကို သတိရမှုတွေ ပိုစေတာတော့အမှန်ပဲဗျာ။
မိုးလှိုင်ညဆီကို ကျွန်တော်ကတော့ သွားမရဖြစ်ခဲ့တယ်။

သုခမိန်

မသက်ဇင် said...

ကျွန်တော်တို့ ဆင်းရဲရတာကို
အားနာစကားဆိုရှာတယ်…အဖေ
တဲ့လား-----------
ခံစားသွားပါသည်--

မင်းရဲရှင် said...

အဖေ........တဲ့ ....
အမေ....လည်း ...
ထပ်တင်ပါဦး...
စောင့်လျက်...