Sunday, April 13, 2008

ကိုယ် မြင်သလို ပဲ ကြည့်ကြတာပါ



လူတွေ အားလုံးက ကိုယ် မြင်သလို ပဲ ကြည့်ကြတာပါ။
ငါဟာ လူဆိုး ၊ ငါတကော ကောနေတဲ့ ကောင်လား ကိုယ့်ပေတံနဲ့ ကိုယ်တိုင်း ကိုယ့်သမိုင်း ကိုယ်ရေးကြသူချည့် ။ သူတော် တကာ ဘာတွေ ခံစားနေရသလဲ တွေးတောင်ကြည့်ဘူးပါရဲ့လား၊ ငါဘယ်လိုနေ ဘယ်လိုလုပ်လို့ ဘာတွေများ ဖောက်ဖျက်ဘူးပါသလဲ ။စောင့်ထိမ်းလို့ လူဖြစ်နေကြတဲ့ လောကမှာ ငါက လူပီသချင်သူလေ။ ငါလက်ကိုင်ထားတာက ကိုယ်ချင်းစာတရား ၊ လောက ပါလတရားကို ကိုးကွယ်ပြီး ညစ်ကျယ်ကျယ် မလုပ်တာတောင် ဆယ်စုနှစ် နှစ်ခုကျော်။ သူတော်တကာကို မျှော်ငေးကြည့်တော့လည်း မင်းကအပြစ်တွေမြင်။ ငါ့ရင်တွေလည်း ဟင်းလင်းပြင်တွေဖြစ်လို့ ။ ငိုသံတွေ ၊ မျက်ရည်တွေ ပင်လယ်ထ၊ ရယ်သံကတော့
ကြောက်တလှည့် ပျောက်တစ်ခါပေါ့။
လောကကြီး က မတရားဘူးလို့ ငါရေရွတ်တာ က တရားတယ်။ ဒါက ငါ့အထင်ပေါ့ ။ မင်းလည်း မင်းမြင်သလို မြင်လိမ့်မယ်။ ဒါက မင်းအပိုင်း ၊ကိုယ့် သမိုင်းကိုရေးပေါ့ ။ အမြင် မတူတာ သဘာဝလို့ သေချာ မြင်ကြည့်ရင် ငါထင်ပါတယ် လောကလည်း အေးချမ်းနေလိမ့်မယ် ။ ဘာမှ သေချာမသိပဲ လိုရာတွေဆွဲတွေး ၊ မင်းရေးချင်သလိုရေးမှတော့ ဒီပြဇာတ်မှာ ငါဆိုတာ ထာဝရလူကြမ်းလေ လေးမထမ်းလည်း မုဆိုး၊ ပိုက်မဆွဲလည်း တံငါ ပေါ့ အသက်ရှူရတာတောင် ကျပ်ကျပ်လာတယ်။ ကံ ဆိုတဲ့ ဇာတ်ဆရာကလည်း ခုထိ ငါ့ကိုမျက်ကွယ်တွေပြု ။ ငါလည်း ချစ်တာပါပဲလို့ စကားတွေ တိမ်ပေါ်တင်ပြီး မင်းကလွှင့်၊ ရင် တကယ်ဖွင့်သံတွေကျ အတုလို့ရိုးစွပ်၊ ကျွတ်တမ်းမ၀င်တဲ့ တစ္ဆေလိုပဲ ငါတို့အားလုံးက အသက်တွေ ရှည်။
မြေနိမ့်ရာ လှံစိုက်တတ်တဲ့လောကမှာ ဘ၀ကို ပုံစံချ ခံချင်တဲ့ငါက အရူး။ လူဆိုတာ ကိုယ့်အတ္တကိုဖက်တဲ့ ခေတ်ပျက်မှာ ငါက ပေးဆပ်ချင်တော့လည်း ဆူးကြားကဘူးသီးလို ဒဏ်ရာဗရပွ ။ ပရိတ်သတ်က နွား လို့ ငါ့ကို မကျေမနပ်နဲ့ အမည်တပ်တယ်
(ရင်နာစွာ ) ။ မာနတ်လို့ မင်းက ဆေးခြယ်တယ်(သေချာ မတွေးပဲ )။ တစ်ချို့ ပရိတ်သတ်က နေရောင်ကိုကျောခိုင်းပြီး ဆန်ကောတီး ပုံးခေါက် ။
ငါက လက်ခုပ်လက်ဝါးတီး . . . . . ပြီးတော့ ရှိက်ကြီးတငင် ငို။

လူတွေ အားလုံးက ကိုယ် မြင်တတ်သလို ပဲ ကြည့်ကြတာပါလေ။


2 comments:

စိုးထက် - Soe Htet ! said...

ကောင်းတယ် ဗျို့ ခံစား နားလည် သွားပါတယ် :P

Apprenticeship said...

Hote dar pop.... vision power pop mu ti pi.. a myin twe ka ma tu bu bya naw... Hote bu lar? :P