Thursday, April 17, 2008

လာ. သွားစို့ အတူ

သြော် တစ်နှစ်ဆန်းပြီကွယ့်
ရက်လတွေချုပ်လို့
ဝါရွက်တို့လည်း ပြုတ်လုလီ ။



ဥပုဒ်စောင့် ၊ ဘုရားသွား
အရိပ် ၃ပါးမှာခိုကြ ရင်း
သြော် လောဘ၊ ဒေါသ၊ မောဟ၊ သောက
ဘ၀ ဘ၀တွေဖြစ်သမျှတော့ ကြုံရဆဲ ။
ကဲပါကွယ် . . .
ကြုံဆုံဆဲ ကာလမှာ
ကိုယ့်အတွက် ပါဘို့အရေး
ဘေးမဲ့ပေး ၊ သားငါးလွှတ်
ဝါမွှတ်အောင်သွေးတဲ့ သနပ်ခါးနဲ့
သက်ကြီးများကို ကန်တော့စို့ ။


6 comments:

SBTVD said...

Hello. This post is likeable, and your blog is very interesting, congratulations :-). I will add in my blogroll =). If possible gives a last there on my blog, it is about the SBTVD, I hope you enjoy. The address is http://sbtvd.blogspot.com. A hug.

Anonymous said...
This comment has been removed by a blog administrator.
နှင်းလေး said...

ကိုတာတူးရေ ကဗျာလေးကကောင်းတယ်နော် ကဲ လာလေ အတူတူသွားကြစို့သူငယ်ချင်းရေ

တန်ခူး said...

မြန်မာ့ရိုးရာယဉ်ကျေးမှူရနံ့တွေ ထုံသင်းနေတဲ့ ချစ်စရာကဗျာလေးပါ။

~J-Quen ~ said...

ကဗျာလေးက ကောင်းတယ် :)

မင်းရဲရှင် said...

လာသွားစို့  အတူ တဲ့ ...
အတွေးကလည်း..
အားကို ရှိသွားစေ၏...