Thursday, April 17, 2008

ကောင်းခြင်းအဖြာဖြာ ရောက်စေသော်

ဆွေသဟာအပေါင်းနဲ့တကွ လူနတ်သတာ အားလုံး ၁၃၇၀ မင်္ဂလာနှစ်သစ်မှာ
အောင်မြင်ခြင်းတွေအပြည့််နဲ့ မင်္ဂလာအပေါင်း ခညောင်းကြပါစေ ။
လွဲနေတဲ့ ဆုံမှတ်များ ရက်ရာဇာများများရပါစေ။
မြျြဲမံသော တွဲလက်များ ဆထက်ပိုး တိုးလို့မြဲပါစေ။
လပ်ဟာနေတဲ့ကွက်လပ် ရေပက်မ၀င်အောင် ပြည့်ပါစေ။
သူ့အကျိုး ငါ့အကျိုး ရန်သူမျိုးငါးပါးဘေးမှ ဝေးကွာကြပါစေ။
အခါမလပ် စိတ်နဲ့ကိုယ်ကပ်လို့ လောကကပ် ၃ပါး ဝေးရာမှ ရှောင်ရှားကြပါစေ ။
အဖန်ဖန် အထပ်ထပ် အမြင်ကပ်ခံရခြင်းဘေး ၊
အမြင်တွေခြားလို့ အသားနာတာထက် ခံရခက်တဲ့ဘေး၊
အချိန်တိုင်းတမ်းတလို့ လွမ်းနေရတဲ့ဘေး၊
ရေမြေခြားလို့ ကွေကွင်းရသောဘေး၊
ထာဝရ စိတ်ပူလို့ ကိုယ့်ကိုငြူစူမယ့်ဘေး၊
. . . . . . . . . . . . . ဘေး
. . . . . . . . . .
ထာဝရ ကင်းဝေးကြပါစေ။
သာပါစေ ၊ မာပါစေ၊ ရွှင်လန်းချမ်းမြေ့ကြပါစေ ။


My e-journal ၀ိုင်းတော်သားများ
(တားမြစ်ထားသော ၊ ကေဇက် ၊ တာတူး )


No comments: