တာပဲ့။ ကိုယ့်ရွာထက်သာတယ်။ ကိုယ့်ရွာက ဘာမှ လုပ်မပေး
နိုင်ဘူး။ သူတို့ ရွာ လူကြီးက သိပ်ကိုတော်တာပဲ့။ လို့ ရွာသားတွေ
စိတ်ထဲမှာ တစ်ခြားရွာတွေကို အထင်ကြီးလိုက်တာလွန်ပါရော။
အထင်ကြီးတယ်ဆိုတဲ့ စကားလုံးဟာ ရုတ်တရက်ဆိုရင် အရေး
မကြီးဘူးလို့ ထင်ရတယ်။ ဒါပေမယ့် သေသေချာချာတွေးရင်တော့
ဘာကို အထင်ကြီးတာလဲ။ အထင်ကြီးလိုက်တာနဲ့ တပြိုင်နက် ကိုယ့်
ကိုယ်တိုင်ဟာ နိုမ့်ကျသွားပြီဆိုတာပါပဲ့။ နိုမ့်ကျတယ်လို့ တွေးလိုက်
တာနဲ့ ကို သိမ်ငယ်စိတ်က ၀င်လာရော။ သိမ်ငယ်စိတ်ဝင်လာတာနဲ့ 
အမျှ မှီခိုချင်လာရော။ သူတို့ လုပ်သလို ငါမလုပ်နိုင်ပါဘူးလေ။ သူတို့ 
တတ်နိုင်သလို ငါမတတ်နိုင်ပါဘူးလေ။ သူတို့ တွေးသလို ငါမတွေး
နိုင်ပါဘူးလေ ဆိုတဲ့ အတွေးတွေက စိတ်ထဲမှာ အမြဲ ရှိနေတော့
တာပဲ့။
သာနေရတာလဲ။ သူတို့ လုပ်နိုင်တဲ့ အားကိုတော့ လေ့လာရမယ်။ သူတို့ 
လို ငါတို့ ရောမလုပ်နိုင်ဘူးလား။ သူတို့ လို ငါတို့ က ဘာဖြစ်လို့ မလုပ်နိုင်
ရမှာလဲ ဆိုတဲ့ အတွေးတွေ ၀င်လာရမှာ။ အခုဟာက တခြားရွာက ကိုယ့်
ရွာထက် ပိုပြီးတော်တယ်တွေး။ ဇွတ်အထင်ကြီး။ ကိုယ်ရွာမှာတော့ ကိုယ်
တိုင်မလုပ်ချင်။ အားမထုတ်ချင်။ ကိုယ်အထင်ကြီးတဲ့ ရွာက လာလုပ်ပေး
မှာကို မျှော်လင့်နေတယ်၊ တမ်းတနေတယ် ဆိုတော့မဖြစ်သင့်ပါဘူးလေ။
တခြားရွာကလူလည်း လူသားတွေပဲ၊ ကိုယ့်ရွာကလူလည်းလူသားတွေပဲ။
သူတို့ က ကိုယ်တို့် ထက်ပိုပြီးတွေးနိုင်လို့ ၊ ပိုပြီးလုပ်နိုင်လို့  ကိုယ်တို့ ထက်
ကျော်သွားနေတယ်၊သာသွားတယ် ဆိုတာကို အရေးကြီးဆုံးသိရမှာ။
(ဇွတ်အထင်ကြီးဖို့ မလိုပါဘူး။) ကိုယ်တို့ ကိုယ်တိုင်က ကိုယ်တို့ ကိုယ်တိုင်
တတ်နိုင်တဲ့ ဘက်က စည်းကမ်းတကျ အားကုန်လုပ်ဆောင်ရမှာ။ အသိပေး
ရမှာ။ အခုချက်ခြင်းလုပ် အခုချက်ခြင်းရလဒ်တစ်ခုကို မရပေမဲ့ ကိုယ်တို့ ရဲ့
နောက်မျိုးဆက်တွေအတွက်၊ နောက်မျိုးဆက်တွေလက်ထက် ဆိုတဲ့ အတွေး
တွေရှိနေရမှာ။ ကိုယ်တို့ ရဲ့ နောက်မျိုးဆက်တွေက ဆက်လက်လုပ်ဆောင်
လိုတဲ့စိတ်တွေ၊ ပိုပြီးတွေးနိုင်လာတဲ့စိတ်တွေ၊ ပိုပြီးလုပ်နိုင်လာတဲ့စိတ်တွေ
ရှိလာရမယ် ဆိုတာ ယုံကြည်ချက်တွေနဲ့ အတူပေါ့။ ဘာမှမလုပ်ဘဲ ဇွတ်
အထင်ကြီးပြီး မျှော်နေရင်တော့ အခုထက်ပိုပြီး နောက်မျိုးဆက် ပိုဆိုးလာ၊
ပိုဆိုးရင်း ပိုဆိုးရင်းနဲ့ …………………………………………..။
အတွေးတွေပိတ်၊ အမြင်တွေကန်းပြီး မျှော်နေတဲ့ ရွာဖြစ်သွားလိမ့်မယ်။
ဒီလိုဆိုရင် သူများရွာတွေရဲ့ အလုပ်ခွင်တွေမှာ သူများမလုပ်ချင်တဲ့ အလုပ်
တွေချည်းလုပ်ရလိမ့်မယ်။ ကိုယ်တို့ ရဲ့ပျော်ရွှင်ခြင်းအားလပ်ချိန်တွေဟာ
အလုပ်ခွင်ထဲရောက်သွားပြီး သူတို့ ကတော့ ကိုယ်တို့ ရဲ့ အားလပ်ချိန်တွေ
မှာ………………………………………………………။
အထင်ကြီးတာတွေကို လျော့ ချလိုက်ပါ။ ကိုယ်တို့ ရဲ့ နောက်မျိုးဆက်တွေ
အတွက် ဆိုတာ အတွေးဝင်လိုက်စမ်းပါ။ ကြည်နူးခြင်း၊ သောကရောက်ခြင်းဆိုတာ
ကိုယ်တို့ ရဲ့ လက်ထဲမှာပဲရှိတယ်။ ရွာသားတို့ ရေ…....?
No comments:
Post a Comment