"စစ်တောင်းချင်းတွင်း မြစ်နှစ်စင်းလည်း
............... ၊ ....................
ရာသီအေးအေး ၊ နှင်းဖွေးဖွေးဝယ်
မွေးသည့်ရင်နှစ် ၊ သမီးချစ်သည်
ဖြစ်တည်ဘဝ ၊ မြင့်မားလှစေ
ဧမြငြိမ်းချမ်း ၊ နှင်းဆမ်းပန်းနှယ်
ဝင့်ထည်တောက်ကြွား ၊ များအကျိုးဆောင်
ရန်ပေါင်းအောင်လျက် ၊ အသက်ရာထောင် ရှည်ပါစေ။..........။
မေမေ(နဝဒေး)ဒီဇင်ဘာလေး အစ်မဖွေး
သူ့ဝန်းသူ့ကျင် အလှဆင်၏။" - မေမေ (န၀ဒေး)
မေမေပြောထား ထိုစကားမှ
ကိုးကားရေးဖွဲ့ မဖွေးအတွက်
မွေးနေ့လက်ဆောင်......
“နှင်းတွေကြားမှာ ၊ စီးဝင်ကာဆင်း
မြစ်ချင်းတွင်းလေး ၊ မနှင်းဖွေးလည်း
ရင်တွင်းအေးချမ်း ၊ အပြုံးပန်းနဲ့
ဝန်းကျင်လန်းအောင် ၊ သူစွမ်းဆောင်ရင်း
သာယာသန့်ရှင်း ၊ ဂုဏ်ပြိုင်ကင်းတဲ့
ပန်းခင်းလမ်းကို ၊ လျှောက်လှမ်းနိုင်စေ တောင်းဆုခြွေ။........။” မဖွေးသို့
ငယ်စဉ်တောင်ကျေး ၊ ကလေးဘ၀မှစ
မေမေကသင်တန်းတွေတက်တော့
ကျောင်းတစ်ဖက်နဲ့အစ်မ
အစ်မကြီးလိုတစ်မျိုး ၊ အမေလိုတစ်သွယ်
အငယ်တွေကိုအုပ်ချုပ်ကာ
အဖေရှာပေးတဲ့ဈေးဖိုး ၊ ဟင်းတစ်အိုးစာပဲရရ
လောက်ငှအောင်စီစဉ် ၊ ပျော်ရွှင်စေခဲ့တဲ့သူ။
“ငယ်လေးနော်” ဆိုတဲ့စကားနဲ့
အမှားတွေမလုပ်အောင် ၊ အမြဲအုပ်ချုပ်တတ်သူ။
တစ်နယ်တစ်ကျေးမှာ
ငယ်လေးအားငယ်မှာစိုးသတဲ့
ကျောင်းတက်ဖို့လိုက်ပို့ရင်း
သံယောဇဉ်ကြိုးတင်းတာကြောင့်
အိမ်ပြန်ခြင်းလမ်းနဲ့ဝေးကွာ
အနားမှာနေပေးခဲ့သူ။
......................သူ။
......................သူ။
......................သူ။
ဂုဏ်ရည်တူရှင်း ၊ ပြိုင်ဖက်ကင်းလှ
ချစ်အစ်မတွက်တာ
ဒီဇင်ဘာလေး ၊ နှင်းဖွေးဖွေးတွင်
မေးခိုက်ခိုက်တုန် ၊ ဆောင်ကိုခြုံကာ
မေတ္တာရှေ့ထား ၊ စကားတောင်းဆု
ကဗျာပြုလျက် ၊ လက်ဆောင်ဆက်သည်
နှစ်သက်တစ်ရာ ရှည်ကြာစေ။...........။
အောင်ပန်းဝေဆာ ခိုင်မာစေ။...........။အစ်မဖွေး
စာအုပ်ပုံကြားမှာ မွေးဖွားလာတဲ့
ငါတို့တစ်မိသားစုလုံး
စိတ်ကူးစံတွေနဲ့ နပန်းလုံးနေတုန်း
ပြုံးပြုံးလေးနဲ့ လက်တွေ့ကျသူ။
လူတကာရဲ့အကြံပေး၊ သူ့မောင်လေးကို
ပိဿလေးနဲ့ဘေးပစ်၊ ဆန်းစစ်ဖို့ ဝန်မလေးသူ။
လူအရာအထောင်ကို အုပ်ချုပ်နေတဲ့သူမောင်
ကြောင်ရင် ကြောင်တယ်၊ ယောင်ရင် ယောင်တယ်
မရှောင်မဖယ် ဗြောင်တွယ်တတ်သူ။
အစ်မဖွေး
သူ့ကိုသာ အရင်ဆုံးမမွေးခဲ့ရင်
ငါ မတွေးဝံ့ဘူး။
သူဟာ
ငါတို့ မိသားစုရဲ့ အခန်းကဏ္ဍမှာ
အချက်အချာကျကျ ဇာတ်နာခဲ့ရသူ။
(သူကတော့ ဒီလိုတွေးမှာမဟုတ်ဘူး။)
အစ်မဖွေး ...
၈၈ ကားလိပ်ကာအချ
ကျောင်းဆရာမအမေ နယ်မှာတာဝန်ကျရာက
မီးဖိုချောင်ဇာတ်ဝင်ခန်းစခဲ့ရသူ။
ဆန်အိုးထဲကို ဆန် အချိန်မှန်ရောက်ဖို့ကအစ
ဆန်အိုးထဲက ဆန် အချိန်တန်ယူချက်ဖို့အဆုံး
အားလုံးကိုတာဝန်ယူခဲ့သူ။
ငါတို့စားဖို့ ထမင်းတစ်စေ့အတွက်
သူ ဘယ်လိုကျားကွက်ရွှေ့ခဲ့ရသလဲ၊
ဟင်းအိုးထဲကို ဆီတစ်စက်ချဖို့
သူ ဘယ်လောက်တွက်ဆခဲ့ရသလဲ၊
သူကိုယ်တိုင်မှပဲ သိမယ်။
ပဉ္စမတန်းသင်ရိုးညွန်းတမ်းမှာမပါပေမယ့်
လူငါးယောက်စာအတွက် ကြက်ဥတစ်လုံး
ဆန်မှုန့်ဘယ်လောက်သုံးရမလဲဆိုတာ
သူအကျွမ်းကျင်ဆုံးသချာင်္။
အစ်မဖွေး ...
သူဟာ
သူ့မောင်လေးကို လွမ်းတဲ့အခါ
"I remember ပါ" လို့ရေးရှာတဲ့
သူ့ခေတ်သူ့အခါရဲ့ မဟာဘွဲ့ပိုင်ရှင်။
မှတစ်ပါး အခြားမရှိတဲ့
တက္ကသိုလ်ပညာရေးအတွက်
ဆယ်စုနှစ်တစ်ခုစာ ကျောင်းနေသက်ကြာခဲ့ရသူ။
စာမေးပွဲအမှတ်စာရင်းတွေနဲ့အချိုးကျ
လှပတဲ့ ဘဝကိုမရခဲ့သူ။
သူ့ကိုယ်ပေါ်က မွေးညင်းတစ်ပင်တိုင်းမှာ
သူ့ခေတ်ရဲ့သမိုင်းဟာ
နက်ရှိုင်းစွာအရိပ်ထင်နေသူ။
အစ်မဖွေး ...
အစ်မတို့ကို ပြဋ္ဌာန်းခဲ့တဲ့ခေတ်ကို
မောင်လေးတို့ အသစ်ရေးဆွဲမယ်ဆိုတဲ့စကား
မွေးနေ့လက်ဆောင်ပါးပါတယ်။................။
KuchingTrip
3 weeks ago
No comments:
Post a Comment