Friday, November 26, 2010

အဖေနဲ့ သား

…..လူတစ်ယောက်သည် သူ၏စိတ်၊ သူ၏အတွေ့ အကြုံ၊ သူ၏အသိ၊

သူ၏ခံယူထားသော စိတ်နှင့်အတူ လုပ်ဆောင်လေ့ရှိသည်။

…….လူတစ်ယောက်သည် သူ၏စိတ်၊ သူ၏အတွေ့ အကြုံ၊ သူ၏အသိ၊

သူ၏ခံယူထားသော စိတ်နှင့်အတူ မေးမြန်းပိုင်ခွင့်၊ ဆုံးဖြတ်ပိုင်ခွင့်ရှိသည်။

အဖေတစ်ယောက်သည် ခလေးငယ်ကိုပြောနေ၏။

“ ဆေးလိပ်မသောက်နဲ့ …..ဆေးလိပ်သောက်ရင် ရောဂါဖြစ်မယ်။

အသက်တိုလိမ့်မယ် “ တဲ့…။

ခလေးသည် အဖေ့ စကားနားမထောင်ဆက်သောက်လေသည်။ အဖေသည်

ဒေါသတကြီး ဆူပူငေါက်ငမ်း၏။ ခလေးက

“ အဖေ…..ဆေးလိပ်သောက်ရင်ဘာဖြစ်လဲ.. အဖေပြောတဲ့ဟာတွေ

ဖြစ်ရင်လည်းဖြစ်ပေါ့။ နောက်မှ ဖြစ်တာ၊ အခုသောက်ရင် ဘယ်လိုရှိလည်း

သိရတာပေါ့၊ အဖေပြောတဲ့ ဟာတွေကို ဂရုမစိုက်ပါဘူး “ တဲ့…..

“ ဘာကွ. မင်းဘာပြောတာလဲ….နားမလည်ဘူးလား ငါပြောတာ

တိရစ္ဆာန်ကောင်……ငါမျှော်လင့်ထားတာက မင်းဟာ နားလည်မယ်လို့ 

ထင်ထားတာ…..အခုတော့ ပြန်ပြောဦးကွာ…

ဗြန်း…ဗြန်း..ဗြန်း…….”၊

အဖေသည် သားလက်ကို ဆွဲပြီး တဗြန်းဗြန်းရိုက်လျက်။

ယူကြုံးမရစိတ်နှင့်အတူ ဒေါသ ပေါက်ကွဲလျက်။

ခလေးသည်လည်း ငိုယိုပြောဆိုလျက်။

ပတ်ဝန်းကျင်သည်လည်း အံ့သြလျက်။

အဖေ ဒေါသထွက်လျက်…၊ ရိုက်လျက်….၊

ခလေးငိုလျက်….၊ ပြောဆိုလျက်…..၊

ပြောဆိုလျက်……၊ ရိုက်လျက်………၊

နောက်ဆုံးတော့ အဖေ လက်ပန်းကျသွားပြီ။ ခလေးသည် ပြောဆို

ငိုလို့ ကောင်းတုန်း။ အဖေ က မလုပ်နဲ့ လို့ ပြောသည်။ သားက

အကြောင်းပြချက်ပေး၏။ ဒီလိုနဲ့  နောက်ဆုံးရလဒ်သည် အဖေ မော

ခလေး ငိုတုန်းပေါ့…နောက်ဆုံးတော့ ခလေးစိတ်ထဲ အဖေရဲ့ အပြုအမူတချို့ ကို

မှတ်ယူတော့သည်။ “ အဖေ သည် ဤလိုမျိုး “….

ပညာရှိသောအဖေသည် သားဆေးလိပ်သောက်နေသည်ကို

ကြည့်နေလိမ့်မည်။ သား၏ အကြောင်းပြချက်၊ အမေးစကား၊ တောင်းခံမှု

ဖြေရှင်းချက်တွေကို နားထောင်မည်။ သား၏စိတ်ထဲ အမြင်များနဲ့အတူ

ခံယူမှုအချို့ ကို ၀ိုးတ၀ါးဖမ်းယူမည်။ ဒီလိုလုပ်ခဲ့ရင် ရလဒ်တစ်ခုသည်

ကွဲပြားစွာထွက်လာလိမ့်မည်။ အခုတော့ ခလေး၏အကြောင်းပြချက်

ခံယူမှုအချို့ ၊ပြန်ပြောစကားကို အဖေကိုယ်တိုင်သိ၏။ သို့ သော်…

သူ၏အသိ၊ သူ၏အတွေ့ အကြုံ၊ သူ၏ခံယူချက်စိတ်ထားနှင့်အတူ

ပိတ်ပြောခဲ့လေသည်။ အဖေ၏ အသိသည် ခလေး၏အသိနှင့်နှိုင်းယှဉ်

လို့ မရ၊ ခလေး၏ အသိသည် အဖေ၏ အသိနှင့်နှိုင်းယှည်လို့ မရ။

ခလေးသည် သူ့ အသက်လောက်သာသိမည်။ နည်းနည်းပိုချင်လည်းပိုမည်။

အဖေသည် သူ့ အသက်လောက်သာသိမည်။ နည်းနည်းပိုချင်လည်းပိုမည်။

အဖေကသိလို့ ပိတ်ပြော၏။ သားက မသိလို့ မေး၏။အကြောင်း

ပြချက်ပေး၏။ အဖေက လက်မခံ..ပိတ်ပြော၏။ ဘက်နှစ်ဖက်သည် မညီမျှ

တော့။ အဖေ့ အတွက် သူပြောသမျှမှန်၏။ ခလေးအတွက် အဖေသည်

သူ့ အတွက် မတရားဟုခံယူပြီ။ ဘက်နှစ်ဖက်သည် မညီမျှခဲ့ လျင် မှန်ကန်

သော တရားမဟုတ်တော့ပေ။ မှန်ကန်သော တရားသည် ဘက်နှစ်ဖက်လုံး

အတွက်ညီတူညီမျှရှိနေလိမ့်မည်။

ပညာရှိသောအဖေသည် သား၏ခံစားမှု၊ ခံယူချက်တွေကို ဖမ်းယူမည်။

မေးမြန်းမည်။ ထို့ နောက်သူဆုံးဖြတ်မည်။ အဖေသည် ခလေးကို ဆေး

လိပ်မသောက်စေချင်ခဲ့လျင် ဆေးလိပ်အကြောင်းကို ခလေး၏စိတ်နှင့်အတူ

ပြောမည်။ အခုဆို အဖေ သည် ခလေး ဖြစ်သွားပြီ။

“ ကောင်လေး…ငါတို့ ဆေးလိပ်အကြောင်း ပိုသိအောင်လုပ်ကြစို့ ။

ကောင်လေး….ဆေးလိပ်က ဘယ်ကလာတာလဲ။ သောက်ပြီးဘယ်လို

အကျိုးများတာလဲ။ ဆိုးကျိုးတွေကရောဘယ်လိုလဲ။ စမ်းသပ်ကြစို့ …”

ဥပမာ..ဆေးလိပ်သောက်တဲ့ လူတွေ လေ့ကျင့်ခန်း လုပ်တဲ့ နေရာတွေ

ကိုခေါ်သွားပြမည်။ ဆေးလိပ်သောက်သူတွေ၏ နောက်ဆုံးဘ၀တွေအကြောင်း

ကိုပြောဆိုမည်။ ဆေးလိပ်သောက်ပြီး သူဝါသနာပါသည့် အားကစားတစ်ခုခုကို

လုပ်ခိုင်းမည်။ ဆေးလိပ်သောက်ပြီးလုပ်တာနဲ့  မသောက်ဘဲ လုပ်သည့် အလုပ်

ဘယ်လို ကွဲပြားခြားနားသလဲဆိုသည်ကို မပြောပဲနှင့်သိလာအောင်လုပ်ပေးမည်။

ဆွေးနွေးမည်။ နားလည်အောင်ရှင်းပြမည်။ ဤသို့ ဆိုလျင်……

သား၏ အကြောင်းပြချက်တွေ အမေးတွေကို အဖေက ညင်သာစွာ၊နားလည်

အောင်ပြောပြခဲ့လျင်…အပြန်အလှန် ကိုယ့်အမြင်၊ သူ့ အမြင် ဆွေးနွေးခဲ့လျင်၊

ရှေ့ ဆက်လမ်းကြောင်းပေါ် အဖေ၏ တာဝန်များ ၊ စိတ်ကူးများကို သား၏

ပုခုံးပေါ် တင်ပေးကောင်း တင်ပေးနိုင်ပေလိမ့်မည်။

သား၏စိတ်ထဲ အဖေ၏ ကိုင်တွယ်ပုံနည်းလမ်းကောင်းအချို့ ၊ ဖြေရှင်းချက်အချို့ 

ကိုသင်ယူလိမ့်မည်။

ထို့ ကြောင့် အဖေအချို့ ..သားသမီးတွေ၏ အကြောင်းပြချက်၊ အမြင်၊ ပြန်ပြော

စကားတစ်ချို့ ကို ပိတ်ပြီးမပြောပါနဲ့ ၊ မရပ်ခိုင်းပါနဲ့ ၊ အတင်းအကျပ်မလုပ်ပါနဲ့ ၊

နားထောင်ပေးလိုက်ပါ၊ ဆွေးနွေးလိုက်ပါ၊ လုပ်ဆောင်ပေးလိုက်ပါ၊ အမြင်များ

ဖလှယ်ပါ။ ညင်သာစွာ၊ သိမ့်မွေ့ စွာ၊ နားလည်စွာ ဖြစ်စေချင်သော ဆန္ဒများကို

သင်ပြပေးနိုင်သော အဖေများ ဖြစ်ကြပါစေလို့ ….

2 comments:

Anonymous said...

ကောင်းလိုက်တဲ့ Post !!!!

“အကြောင်းပြချက်၊ အမြင်၊ ပြန်ပြောစကားတစ်ချို့ ကို ပိတ်ပြီးမပြောပါနဲ့ ၊ မရပ်ခိုင်းပါနဲ့ ၊
အတင်းအကျပ်မလုပ်ပါနဲ့ ၊နားထောင်ပေးလိုက်ပါ၊ ဆွေးနွေးလိုက်ပါ၊ လုပ်ဆောင်ပေးလိုက်ပါ၊ အမြင်များ
ဖလှယ်ပါ။ ညင်သာစွာ၊ သိမ့်မွေ့ စွာ၊ နားလည်စွာ ဖြစ်စေချင်သော ဆန္ဒများကို ပွင့်လင်းစွာ ဆွေးနွေး
နိုင်ကြပါစေ”...
မိဘာများနှင့်သာမဟုတ်....လူမှုပတ်ဝန်းကျင်အတွင်း
မှာလည်း လူတွေအားလုံး အဲလို Two Way Communication System လေးနဲ့ ဆို ဘယ်
လောက်ကောင်းလိုက်လေမလဲ။ :)
...ခင်မင်လေးစားလျှက်..ခင်မာလာအောင်..:)

နယုန်မိုး said...

That's very best.
I share on my fb. I apologize to you and you will understand without getting permit from you. nayonemoe