Friday, November 12, 2010

ချန်ရစ်ခဲ့သူ၏ ဝေဒနာ

“ချန်ရစ်ခဲ့သူ၏ ဝေဒနာ”
နင့်အနားမှာနေ
နင်စေရာသွား
ဘာ စကားပဲ ဆိုဆို
ငါလေ. . . စိတ်မတိုဖြစ်ခဲ့ပါဘူး . . . ။
ငါ့ရဲ့မျှော်လင့်ခြင်း
ကောင်းကင်က လမင်းမို့
ဝေးလှတဲ့ ဘ၀ကို . စိတ်ဓါတ်ကျတာ မဟုတ်ပဲ
ရင် အကွဲခံပြိး မြိုသိပ်
နင့်ကို . အရိပ်အောက်မှာ ထားရစ်ခဲ့တာပါ။
ကြေကွဲစွာ စူးနစ်
ရူးသွပ်မိတဲ့ ဒဏ်ရာ ဗရပွ
ရင်မှာ ထိရှနေလျက်နဲ့
မကြေငြာရဲ ခဲ့တဲ့ ငါ့အဖြစ်ကို
အိမ် မက်လို့ပဲ . . . စိတ်စွဲ လိုက်ပါတော့ . . .။


ကျောင်းတုံးက ကျနော့် သူငယ်ချင်း ကောင်လေးနဲ့ ကောင်မလေး နှစ်ယောက်ကြားကနေပြီး သူတို့အဖြစ်ကို အားမရလွန်းလို့ ကောင်လေးနေရာကနေ ခံစားပြီး ရေးဖြစ်ခဲ့တဲ့ ကဗျာ တစ်ပုဒ် ပါ။ အဲဒီ နှစ်ယောက်က အထက်တန်းကျောင်း ကထည်းက အတူတူ တက်လာခဲ့ပြီး Master ဘွဲ့ရတဲ့ အထိ အတူတူ။ ကောင်မလေးက ကောင်လေးထက် ပိုတော့ ချမ်းသာတာပေါ့လေ။ ပြောမနာ ဆိုမနာ၊ လိုက်လည်း လိုက်ဖက်ညီတယ်လို့ အားလုံးက အသိအမှတ်ပြုကြတဲ့ နှစ်ယောက်ပါ။ ဒါပေမယ့် ကျောင်းသာ ပြီးသွားတယ် သူတို့ နှစ်ယောက်က အဲဒီ အခြေအနေပဲ။ ကောင်လေးက ကျနော်တို့လို သူငယ်ချင်းတွေကိုတောင် သူ့ခံစားချက်ကို ဖွင့်မပြောသလို၊ ကောင်မလေးဘက်ကလည်း အေးဆေး လွန်းတယ် ထင်ပါတယ်။ ဒီလိုနဲ့ပဲ သူတို့နှစ်ယောက်ဇတ်လမ်းက ပြီးသွားပြီး နောက်တော့ အလုပ်တွေထဲကျမှ ဆိုင်သူ ကိုယ်စီ ရကြပြီးတော့ ခုဆို ကလေးအဖေတွေ ၊ ကလေး အမေတွေ ဖြစ်ကုန်ကြပြီ။
အဲဒီကဗျာလေးက ပြီးခဲ့တဲ့ ရက်တုံးကမှ အဲဒီ သူငယ်ချင်းက ပြန်ရွတ်ပြလို့ အမှတ်တရလေး ကျနော်တို့ e-journal မှာ တင်တာပါ။ ကဗျာလေး ခေါင်းစဉ်က အတည် မဖြစ်တာ အဲဒီ အချိန်ကတည်းက။ ကျနော်တို့ သူငယ်ချင်းတစ်စု Proposed လုပ်ခဲ့ကြတဲ့ ခေါင်းစဉ်တွေက “တဘတ်သတ် အချစ်” ၊ “ချန်ရစ်ခဲ့သူ၏ ဝေဒနာ” ၊
“သံယောဇဉ် ဖြတ်စာ” ၊ “ထူးကဲတဲ့ အချစ်” နဲ့ “မိကြည် သို့” ။

ကျနော်ကတော့ “ချန်ရစ်ခဲ့သူ၏ ဝေဒနာ” ဆိုတာလေးကို ပိုသဘောကျလို့ အခုတော့ အဲဒီခေါင်းစဉ်လေး တပ်လိုက်ပါတယ် ။

လေးစား ခင်မင်လျက်

တာတူး

No comments: