Wednesday, September 2, 2009


အတ္တ…

တို့တွေ ဝေးခဲ့တာ
ကြာခဲ့ပြီပဲ…

တို့နှစ်ယောက်ကြားက
လွဲချော်မူ့ က
ဆယ်စု တိုင်ခဲ့ပြီပဲ…




မျက်ဝန်း အကြည့်တစ်ချက်နဲ့
ရှေ့ဆက် မတက်ခဲ့တဲ့
တိုနှစ်ယောက်ကြားက
နားလည်မှုတစ်ခု…

ရှေ့ဆက်ခွင့်မပြုတဲ့
စည်းတစ်ခု…

မဖြစ်နိုင်တာ သိရက်နဲ့
ရှေ့ဆက်ဖို့ကြိုးစားမိတဲ့
ငါ့အဖြစ်က…

အတ္တကြီးတယ်ပြောပြော…

၁၀၀ % ပိုင်ဆိုင်ခွင့်မရတဲ့
အရာတစ်ခုအတွက်
၁% အတွက်လည်း
ငါစွန့်လွှတ်မှာပါ…

တစ်ဘဝစာ ပိုင်ဆိုင်ခွင့်မရတဲ့
အရာတစ်ခုကို
တခဏတာ ပိုင်ဆိုင်ခွင့်တော့
ငါမလိုချင်မိဘူး…

အစကတည်းက
ခွဲခွာခြင်းအတွက်
နှတ်ဆက်ခြင်းလို့
သိခွင့်ရှိခဲ့ရင်
ခဏတာတွေ့ဆုံခွင့်ကို
ငါ တမ်းတခဲ့မှာမဟုတ်ဘူး...

မယ် (24.8.09 ; 7:10 pm)


2 comments:

ဂျစ်တူး ( မုံရွာ ) said...

မေးထဲကိုရောက်ရောက်လာခြင်းဖတ်ပြီးတော့နောက်ကနေ
လိုက်လာခဲ့တာပါ၊ကြိုက်တယ်ဗျာ-ထိထိမိမိစပ်နိုင်လို့လေ-
နောက်လည်းပို့ပေးနော်။ကဗျာတွေအရေးကျဲသလိုဘဲနော်-
မအားလို့လား-နေမကောင်းလို့လား-တကယ့်အစစ်အမှန်နဲ့
အားပေးနေပါတယ်ဗျာ-
လေးစားစွာဖြင့်
ဂျစ်တူး(မုံရွာ)

တားမြစ် ထားသော... said...

ဟုတ်ကဲ့။
မယ်-ဆိုတဲ့ အရေးအသားကို ပြန်တွေ့ရခြင်းပါပဲ။ ခံစားချက်တွေ ဆက်လက်ပွင့်အံနိုင်ပါစေဗျာ။

“““““ ကျွန်တော်လည်း အသစ်မလုပ်တာကြာသွားတယ်။

သုခမိန်