Thursday, September 3, 2009

Just4Me

“ငါ”အတွက် …


တစ်ချိန်ကို ပြန်စဉ်းစားတော့
ပျော်စရာတွေနဲ့ ဘဝပေါ့။
ဒါပေမဲ့၊ ငါမက်ခဲ့တဲ့ အိမ်မက်တွေအတွက်
ငါ-ဟာ ငါဖြစ်ခဲ့သလား။

တစ်ချိန်ကို စိတ်မှာတွေးထင်ကြည့်တော့
မသေချာမှုတွေနဲ့ ဘဝပေါ့။
ဒါပေမဲ့၊ ငါမက်နေတဲ့ အိမ်မက်တွေအတွက်
ငါ-ဟာ ငါဖြစ်ချင်ရဲ့လား။

သိလိုက်ပါတယ်၊
မသေချာမှုတွေအားလုံးကို
ပျော်စရာတွေအဖြစ်ပြောင်းလဲဖို့နဲ့ ….
မက်ခဲ့တဲ့ အိမ်မက်တွေနဲ့
မက်နေဆဲ အိမ်မက်တွေအတွက်
ငါ-ဟာ ငါဖြစ်နေဖို့လိုအပ်တယ်။

(တကယ်ရှိမနေတဲ့ “ငါ”အတွက်
ငါ-ဟာ ငါဖြစ်နေဖို့လိုအပ်တယ်။)

တကယ်တော့
ငါဟာ
ပုတ်သင်တစ်ကောင်အဖြစ်လည်း အိမ်မက်ချင်တယ်။

သုခမိန်(8:17 PM~ 02/09/09)

1 comment:

မြေ said...

မင်္ဂလာပါ အီးဂျာ
တန်ဖိုးရှိသော အီးဂျာ
အစစ အရာရာအတွက် ကျေးဇူးပါနော်.....။