Thursday, July 16, 2009

သိမ်းထားတဲ့ကဗျာ (၁)



သိမ်းထားတဲ့ကဗျာများကို သိမ်းခြင်း

လွန်ခဲ့တဲ့ (၁၀)နှစ်ကျော်က ဒိုင်ယာရီထဲမှာ ပွင့်အန်လျှံကျခဲ့တဲ့ ကဗျာလေးတွေပါ။ ကျနော်ဘာသာဆို ရှိတော့မှာ မဟုတ်ပါ။ အမေ တကူးတက သိမ်းထားပြီး တကူးတက ပို့ပေးလို့သာ ကျနော် ပြန်ဖတ်ရတာပါ။ ဟိုးအညာက အမေ့အိမ်ရဲ့အဝေး ရန်ကုန်(နေရာစုံ)မှာနေခဲ့တဲ့ ကျနော့်စာအုပ်အတိုအစ၊ ကဗျာအတိုအစတွေကို အမေ ဘယ်အချိန်က ဘယ်လို သိမ်းထားခဲ့လဲ ကျနော်မသိခဲ့ပါ။ ဘာပဲဖြစ်ဖြစ် ဆယ်စုနှစ်တစ်ခုစာ အမေ တခုတ်တရ သိမ်းထားခဲ့တဲ့ ကဗျာလေးတွေကို E-Journalမှာ သိမ်းထားဖို့ စိတ်ကူးရလာကာ အခု အကောင်အထည် စဖော်လိုက်တာပါ။ နောင် ရာစုနှစ်တစ်ခုစာ အဓွန့်ရှည်ကြာသော် ရှည်ကြာငြား အမေ့ရဲ့မြေးမြစ်များအတွက်ပေါ့ ခင်မျာ။

အဲဒီ ကဗျာတော်တော်များများ ဟာ ခေါင်းစဉ်ပေးမထားပါ။ ဒါကြောင့် “သိမ်းထားတဲ့ကဗျာ” ဟုသာ သိမ်းထားလိုက်တာပါ။



သိမ်းထားတဲ့ကဗျာ (၁)
.
မေတ္တာလွှမ်းခြုံ
အချစ်ငုံမို့
လုံးစုံမပွင့်
ရာသီချင့်ရင်း
ရော်ရင့်ကြွေကျ ငုံ ဘဝဖြင့်။……….။

မာရေးသျှင်
27.4.1998 (MON) 8:50am

4 comments:

တားမြစ် ထားသော... said...

ကဗျာတိုလေးကို ကျွန်တော်ကတော့ ရက်စက်စွာပဲ ခေါင်းစဉ်တပ်ပေးသွားမယ်။း)


လွမ်း

သုခမိန်

မယ့်ကိုး said...

ကဗျာတိုတိုနဲ့ ထိထိမိလေးမို့  ကြိုက်မိပါတယ်။

ရွှေပြည်သူ (ShwePyiThu) said...

သိမ်းထားတဲ့ကဗျာလေးကို ဖတ်ကံကြုံလို့ ဖတ်ရတာပါ။ တိုတိုလေးနဲ့ ထိထိမိမိရှိတဲ့ ကဗျာကောင်းတစ်ပုဒ်ပါပဲ။

မသက်ဇင် said...

မာရေးသျှင်
သိမ်းထားတဲ့ကဗျာလေးကို
ခံစားဖတ်သွားပါတယ်
ခင်မင်သတိရလျက်