အယ်ဒီတာအာဘော်အခန်းတွင် ခေါင်းဆောင်ကြီးများ မကျဆုံးမီ တစ်ရက်အလို ဇူလိုင်လ ၁၈ ရက် သောကြာနေ့တွင် မြန်မာ့အလင်း၊ စီးပွားရေး၊ ဟံသာဝတီရှေ့ ဆောင် သတင်းစာတိုက်များမှ အယ်ဒီတာတို့ကို ဒီးဒုတ်ဦးဘချို ပြောကြားခဲ့သည့်
ပထမ ဘရင်းဂန်း (၂၀၀)၊ ဒုတိယ စတင်းဂန်း (၁၀၀၀)။ ပျောက်ဆုံးတဲ့ လက်နက်တွေဟာ တကယ်တော့ ဖ.ဆ.ပ.လ ကို တိုက်ဖျက်ပြီး ကျုပ်တို့တစ်တွေကို သတ်ဖို့ပဲ။ ဒါပေမဲ့ တိုင်းပြည်အတွက် ရိုးရိုးသားသားလုပ်နေတဲ့ ကျုပ်တို့တစ်တွေဟာ အကာအကွယ်တော့ ယူဖို့မလိုပါဘူး။ သတ်ရင်လည်း သေရုံပေါ့။ ခင်များတို့ကသာ တိုင်းပြည်ကြီး မမှောက်မှားရအောင် ထိန်းထိန်းအုပ်အုပ်ရေးကြပါဟူသော နောက်ဆုံးစကားဖြင့် လွမ်းဆွတ်ဖွယ် ရေးထားသည်။
(ဗိုလ်ချုပ်တို့ ကျဆုံးခဲ့စဉ်က စာနယ်ဇင်း မှတ်တမ်းတင်ခဲ့မှုများ - လှမြင့်(ရန်ကုန်တက္ကသိုလ်) ၊ ချင်းတွင်းမဂ္ဂဇင်း အမှတ် (၄၀)၊ ဇူလိုင်လ၊ ၂၀၀၉ )
၂၉၁၁၂၀၂၅
2 months ago
No comments:
Post a Comment