Saturday, February 28, 2009

Selfishness!



“အတ္တ”

ချစ်သူရေ …

မင်းသာ စိတ်ကူးယဉ်တတ်ရင်ပေါ့
အဲဒီ့စိတ်ကူး
ငါဖြစ်ဖူးချင်မိတယ်။

မင်းသာ အတွေးကွန်ရက်ဖွဲ့တတ်ရင်ပေါ့
အဲဒီ့အတွေး
ငါခဏလေး ဝင်ချင်မိတယ်။

မင်းသာ အိမ်မက်နွံထဲ နှစ်မျောမိရင်ပေါ့
အဲဒီ့အိမ်မက်
တစ်ဝက်လောက်တော့ ငါပိုင်ချင်မိတယ်။

မင်းသာ အပြုံးတွေကို မွေးဖွားခဲ့ရင်ပေါ့
အဲဒီ့အပြုံး
ငါတစ်သက်လုံး သိမ်းထားချင်မိတယ်။

မင်းသာ ဂီတတစ်ခု ဖန်တီးခဲ့ရင်ပေါ့
အဲဒီ့ဂီတ
တစ်ပိုင်းတစ်စတော့ ငါဖြစ်ချင်မိတယ်။

မင်းရည်ရွယ်ရင်း ဆန္ဒခြင်းရာ
ဘယ်သို့ပင်ကွာပါစေလေ -
ဒါဟာ ငါ့အတွက်လို့
စိတ်ကူးတွေနဲ့ ယစ်မူး
ခဏလေးတော့ ရူးခွင့်ရချင်မိတယ်။…..။

Rhyme

6 comments:

မမသီရိ said...

ကျမ က ကဗျာ ချစ်တတ်သူ ဆိုတော့
ဒီကဗျာေ လှလှ လေး ကြိုက်ပါ တယ် ရှင်..
ဒါနဲ့ ဒီဘလော့ ဂ်က E-journal ဆိုတော့
လူတွေ အများ ကြီး က ပိုင်တာလား..
မသိလို့ မေး ကြည့်တာပါ..နော်

Welcome said...

ကန့်သတ်ထားလို့ မရနိုင်တဲ့ အတွေးရေယဉ်ကြောထဲ တ၀ကြီးကြီး မျှောချလိုက်ချင်စမ်းပါတယ်။

(ညစာတော့ ခက်မယ်နော်)
လေးစားလျက်

Anonymous said...

ကဗျာလေးကို နှစ်သက်စွာ ခံစားရင်း ချစ်သူကြောင့် ဖြစ်တည်လာရတဲ့ အဲဒီ အတ္တဟာ အချိန်ကာလ ဘယ်လောက် ကြာကြာ တာရှည်ခံ နေနိုင်မလဲ အတွေးဆက် မိတယ်။ သက်ဆုံးတိုင် အတ္တ ဖြစ်သွားရင်လဲ လောကီဘက်မှာတော့ အပြစ် မဆိုသာပဲ ချီးမွမ်းရမယ် တွေးထင်သွားရင်း..။ ပျော်ရွှင်ပါစေ ခင်ဗျာ။

Anonymous said...

အချစ်ရယ်လို့ တွေ့လာရရင် ဒါကို အတ္တလို့ပြောလို့ မရတော့ပါဘူး။ ဆန္ဒလေးတစ်ခုရယ်ပါ။

မသက်ဇင် said...

ကဗျာလေးကို ဖတ်ရင်း ရင်ထဲမှာကြည်နူးသွားပါတယ်-
နူးညံ့သိမ်မွေ့တဲ့ ရသကိုခံစားရတယ်--

တားမြစ် ထားသော... said...

Rhyme ဆိုသော ကောင်မလေးရေ။
တစ်ခါ တစ်ခါမှပေါ်လာတတ်တဲ့ ကဗျာလေးတွေဆိုပေမဲ့ တစ်ခုဆိုတစ်ခု ကောင်းနေတာပါပဲ။

ချစ်ခြင်းရဲ့ဆန္ဒ
တခဏတွေကလည်း
တစ်ခါတစ်လေ ရူးချင်စရာတွေပါပဲ။

ပျော်ရွှင်အဆင်ပြေပါစေ။

သုခမိန်