Friday, February 27, 2009

the Golden Land missing!


ရွှေပြည်ကြီးကို လွမ်းကြမှာပါ။ လွမ်းပုံခြင်းတော့ တူချင်မှလည်း တူမယ်။ ဒါပေမဲ့ ရွှေပြည်ကြီးမှာ ဒီအချိန်ဆို ဘာတွေဖြစ်နေပြီလည်း တွေးကြည့်လိုက်ရင်တော့ … အော်၊ ဆောင်းအကုန်နွေအကူးပါလားလို့ တွေးမိကြမယ်ထင်တယ်။ တစ်ချိန်က နွေရာသီတွေကိုလည်း ပြန်သတိရစေချင်တာပါ။




“အဝေးရောက် အလွမ်း”

ဆောင်းအကုန်နွေအကူး
တကူကူးလည်း မချိုလေပြီ။
ဆောင်းအကုန်နွေအကူး
ရွက်ဝါတို့လည်း မမြူးပြီ။
ဆောင်းအကုန်နွေအကူး
ကြည်နူးဖွယ် မြန်ဓလေ့
မမေ့နိုင် ငေးငိုင်ကာလွမ်းမိတော့
သြော် …
ကျွမ်းငယ်ဆွေ ယဉ်အလှကို
လွမ်းမိပါပေါ့။ ။

သုခမိန်။…..။

4 comments:

ကိုရင်နော်ခင်လေးငယ် said...

တကူကူး အသံလေးလည်း ကြားလိုက်သလိုလို..
ရွက်ဝါလေးတွေကိုလည်း တွေ့လိုက်သလိုလို..

အလွမ်းဖွဲလေး ပီတယ်..

ခင်မင်းလေးစား ချစ်ခြင်းအားဖြင့်..း)

တာတူး(၀ါ) အမေ့ခံလူတစ်ယောက် said...

ကိုသုရေ ငိုချင်ရက် လက်မတို့နဲ့လေဗျာ။

Anonymous said...

ရွှေမြန်ပြည်ကြီးရဲ့ နွေရာသီကတော့ လွမ်းဆွေးဖွယ် ကောင်းနေဆဲ ပါပဲ ခင်ဗျာ။ အလွမ်းကဗျာလေး ဖတ်ပြီး ပိုလွမ်း သွားရတယ်။

မသက်ဇင် said...

လွမ်းနေရလို့ ငိုချင်သွားပါတယ်--