Thursday, October 16, 2008

Knife!


ဓါး (သို့) ဆန္ဒ

ပါးပါးလှီးဖို့လား
တ တုံးချင်း တုံးမှာလား
လိုအပ်ရင်
စဉ်း နှီးတုံးပါ သုံးပေါ့ ။




ငါ့မှာ ဘာချို့ယွင်းချက် ရှိလို့လဲ
ကိုယ့်ဓါးနဲ့ ကိုယ်တောင်
ကိုယ့် ကိုယ် ကိုပဲ ပြန်ခုတ်မိတယ် ။

လူဆိုတာ
ဓါး ကိုယ် စီနဲ့
သူများကို မခုတ်မိဖို့တော့ အရေးကြီးတယ် ။
ဒါပေမယ့်
လက်ဆ ဆိုတာလည်း မှန်းရခက်သား
မခုတ်ရင်လည်း ရှေ့ရောက်မှာ မဟုတ် ။

ဒီလိုနဲ့
ဘာကြာသေးလို့လည်း
ကျနော်တို့ မြို့မှာ
ဓါးသင်တန်းတွေ မကြာခဏ ဖွင့်လာကြလေရဲ့ ။

မိတ်ဆွေ
ခင်ဗျားကော ဘယ်လိုဓါးမျိုး ရှိချင်လဲ
ရိုးသားခြင်း ဓါးလား
မာယာ ဓါးလား
အတ္တပုံရိပ် ဓါးလား
စူးနစ်ခြင်း ဓါးလား
အကောင်းဆုံးကတော့
သံချပ်ကာ အင်္ကျီပါ ဆောင်ထား နိုင်ဖို့ပဲ
ဘယ်ဓါးမှ ကြောက်စရာ မလိုတော့ဘူးပေါ့
ဒါပေမယ့်
ဒါက ကိုယ်ပိုင် အရာတော်တော် များများနဲ့ လဲရမှာ။
ရိုးသားခြင်းနဲ့ မေတ္တာတရားကတော့
ပါ မသွားစေနဲ့ပေါ့ ။

တိမ် မိုးအောင်

* ရေမီးရှားက သူငယ်ချင်း တစ်ယောက်ရဲ့ ကဗျာလေးကို ကူးယူဖော်ပြပေးတာပါ ။ :)

လေးစား ခင်မင်လျက်
တာ တူး





6 comments:

khin oo may said...

ဟုတ်ပြီ ဟုတ်ရဲ့နဲ့ အငှား ခံစားချက်ကြီး။

မသက်ဇင် said...

ပါးပါးလှီးဖို့လား
တ တုံးချင်း တုံးမှာလား
လိုအပ်ရင်
စဉ်း နှီးတုံးပါ သုံးပေါ့ ။

ကောင်းလိုက်တဲ့ ကဗျာပါလားရှင်----
E-journal အဖွဲ့ရေ---အားပေးနေလျက်ပါ----

Soe Mya Nandar Thet Lwin (Borros Roxo) said...

ကဗျာလေး ကောင်းလိုက်တာ။
အတွေးလေး လှတယ်။

ပျော်ရွှင်ပါစေ
SMNTL

တားမြစ် ထားသော... said...

ဆန္ဒတွေဓါးလိုထက်နေရင်တော့ ကဲ.. နောက်လှည့်ပြန်တော့ ကံကြမ္မာရေ။

သုခမိန်(E-Journal)

Anonymous said...

ဆန္ဒကို ဓါးနဲ့ တင်စားထားတဲ့ အိုင်ဒီယာလေးကို သိပ်ကြိုက်မိပြီး အရမ်းကိုလေးစား ချီးကျူးမိပါတယ်ဗျာ ...။

ခင်မင်လေးစားစွာဖြင့်

တာတူး(၀ါ) အမေ့ခံလူတစ်ယောက် said...

အမ ခင်ဦးမေရေ ကျနော်ရယ် တိမ်မိုးအောင်ရယ် ကျောင်းတုံးက
ကဗျာ စာအုပ် ထုတ်မယ်ဆိုပြီးရေးထားတဲ့ ကဗျာလေးတွေထဲက တစ်ခုပါ အမရေ။
ခု အထိ စာရွက်ပေါ် မရောက်သေးတဲ့ ကိုတိမ်မိုးအောင် လက်ရာကို တင်ပေးထား တာပါ။
ဟီး ဟီး ဟုတ်တယ် အမရဲ့ ပိုစ့်တင် စရာ မရှိတုံး လူလည် ကျထားတာ။ :P

အမ မသက်ဇင်ရေ ခုလို အားပေးတာ ကျေးဇူးတင်ပါတယ် အမရေ။

စိုးမြတ်နန္ဒာသက်လွင်ရေ ခုလို လာအားပေးတာ ကျေးဇူးတင်ပါတယ်နော် ။

ကိုသုရေ ကံကြမ္မာ ကိုတော့ အဲလို ပြောရဲဘူး ဗျ။ မထင်မှတ်တာတွေ လုပ်ပြတတ်တဲ့ သူ့ကို ကျနော်တို့အားလုံး ခုထိ ကြိုသိလို့မှ မရဘဲဟာ ။ :D
ကျေးဇူးတင်ပါတယ် ကိုသုရေ ။

အိမ်မက်ရှင်ရေ ခုလို အားပေးတာ ကျေးဇူးတင်ပါတယ် ခင်ဗျာ။ ဆန္ဒ သို့ ဓါး ကို ထက်နေအောင် ကျနော်တို့ အမြဲမပြတ် ဂရုစိုက်သင့်ကြောင်းပါ ခင်ဗျာ ။

လေးစား ခင်မင်လျက်

တာတူး