Thursday, October 30, 2008

just 4 fun


လူတစ်ချို့က ဒီလိုမျိုးတွေအတွက် ငွေကုန်ခံနေကြတယ်။ သဘောကတော့ ဗေဒင်မေးစရာမလို၊ ဒါလေးကိုဖတ်ကြည့်ပါ။ စိတ်ဝင်စားဖို့လည်းကောင်းတယ်။ အချိန်လည်းသိပ်မပေးရဘူး။ တစ်ခုတော့ရှိတယ်။ သိပ်မခံစားပါနဲ့။ အပျော်ပေါ့။ အဖြေလေးတွေက အခုလက်ရှိ ခင်ဗျားကိုပြောတာနော်။ အရင်ကခင်ဗျားမဟုတ်ဘူး။

ကဲ၊ ခဲတံလွယ်မယ်ဆိုရင်လည်း ခဲတံ။ ဘောလ်ပင်လွယ်မယ်ဆိုလည်း ဘောလ်ပင်ပေါ့။ စာရွက်တစ်ရွက်လည်း ဆောင်ထားလိုက်နော်။ မေးခွန်း(၁၀)ခုရှိမယ်။ တစ်ခုခြင်းစီရဲ့ မေးခွန်းနံပါတ်နဲ့ အဖြေခေါင်းစဉ်လေးတွေကို ရေးမှတ်ထားလိုက်ပါ။ အစဉ်လိုက်လေးပေါ့။ ကဲစကြမယ်။



(၁)
ခင်ဗျားအတွက် နေ့တနေ့မှာ အကောင်းဆုံးအချိန်က ဘယ်အချိန်လဲ။
(က) မနက်ခင်း
(ခ) နေ့လည်ခင်းနဲ့ အစောပိုင်းညနေချိန်
(ဂ) ညဉ့်နက်ချိန်

(၂)
ခင်ဗျား လမ်းလျှောက်လေ့ရှိတဲ့ ပုံစံက …
(က) ခြေလှမ်းကျဲကျဲနဲ့ မနှေးမမြန်
(ခ) ခြေလှမ်းစိပ်စိပ်နဲ့ မနှေးမမြန်
(ဂ) ပုံမှန်လှမ်းရင်းနဲ့ ခေါင်းမော့ထားမယ်။ လောကကြီးကို ရင်ဆိုင်တော့မဲ့ပုံ
(ဃ) ပုံမှန်လှမ်းတယ်။ ခေါင်းငုံထားရင်း။
(င) ဖြေးဖြေး နှေးနှေးပဲ လျှောက်တယ်။

(၃)
လူတွေနဲ့ စကားပြောတဲ့အခါမှာ ခင်ဗျားရဲ့အမူအရာက …
(က) မတ်တတ်ရပ်ရင်း လက်ပိုက်ထားမယ်။
(ခ) လက်ချောင်းလေးတွေချင်း ဆုပ်ကိုင်ထားမယ်။
(ဂ) လက်နှစ်ချောင်း၊ ဒါမှမဟုတ်လဲ တစ်ချောင်းတည်း ခါးထောက်ထားမယ်။ ဒါမှမဟုတ် ဘောင်းဘီအိတ်တွေထဲကို နှိုက်ထားမယ်။
(ဃ) ခင်ဗျားရဲ့ စကားပြောဖော်ကို ထိကိုင်ရင်း။
(င) ဆံပင်သပ်ရင်း။ ဒါမှမဟုတ် နားရွက်လေးကို ဆော့နေရင်း။ ဒီလိုမှမဟုတ် မျက်နှာကို ပွတ်သပ်နေရင်း။

(၄)
ခင်ဗျား အနားယူတဲ့အခါမှာ ထိုင်တတ်တဲ့ပုံစံက …
(က) ဒူးခေါင်းကိုကွေးလို့ ပူးကပ်ထားမယ်။
(ခ) ခြေချိတ်ထားမယ်။
(ဂ) အကြောတွေဖြေလျော့လို့ ခြေဆင်းထားမယ်။
(ဃ) ခြေတစ်ဖက်ကွေးလို့ ဖိထိုင်ထားမယ်။

(၅)
ပျော်ရွှင်စရာ တစ်ခုခုတွေ့တဲ့အခါ ခင်ဗျားတုံ့ပြန်ပုံက …
(က) အားပါးတရ ရယ်မောမယ်။
(ခ) ခပ်ကျယ်ကျယ်မဟုတ်ပဲ ရယ်မောမယ်။
(ဂ) အေးအေးပုံမှန်လေးပဲ ရယ်မောမယ်။
(ဃ) ပြုံးတုံ့ ပြုံးရောင် (မခိုးမခန့်)လေး ရယ်မောတယ်။

(၆)
ခင်ဗျားက ပါတီပွဲတစ်ခုခု၊ ဒါမှမဟုတ် လူမှုရေးပွဲတစ်ခုခုကို သွားရတဲ့အခါမှာ …
(က) လူတွေသတိထားမိအောင် နှုတ်ဆက်သံ ကျယ်ကျယ်လောင်လောင်နဲ့ ဝင်သွားတတ်တယ်။
(ခ) တိတ်တဆိတ်ပဲဝင်သွားတတ်တယ်။ ခင်ဗျားအသိ တစ်ယောက်ယောက်များ ရှိနေမလားလို့ ဟိုဒီရှာရင်းနဲ့။
(ဂ) တိတ်တဆိတ်နဲ့ ဘယ်သူမှသတိမထားမိအောင် အေးဆေးပဲ ဝင်သွားတတ်တယ်။

(၇)
ခင်ဗျား အလုပ်လုပ်နေတဲ့အချိန် ဒါမှမဟုတ် တစ်ခုခုကို စိတ်ဝင်တစား လုပ်နေချိန်မှာ တစ်ယောက်ယောက်က နှောင့်ယှက်လာခဲ့ရင် (စကားပြောလာခဲ့ရင်) ခင်ဗျားက …
(က) အေးဆေးပဲ လုပ်လက်စကို နားလိုက်တယ်။
(ခ) အရမ်းစိတ်ဆိုးသွားတတ်တယ်။
(ဂ) အပေါ်က နှစ်မျိုးစလုံးရဲ့ ကြားတစ်နေရာ ခံစားချက်မျိုးနဲ့ တုံ့ပြန်တတ်တယ်။

(၈)
ဘယ်အရောင်လေးကို ခင်ဗျား အနှစ်သက်ဆုံးလည်း။
(က) အနီရောင် (သို့) လိမ္မော်ရောင်
(ခ) အနက်ရောင်
(ဂ) အဝါရောင် (သို့) အပြာဖျော့ဖျော့
(ဃ) အစိမ်းရောင်
(င) အပြာမှိုင်းမှိုင်း (သို့) ပန်းခရမ်းရောင်
(စ) အဖြူရောင်
(ဆ) အညိုရောင် (သို့) မီးခိုးရောင်

(၉)
ခင်ဗျားညအိပ်ရာဝင်တဲ့အခါ အိပ်မပျော်ခင်အချိန်လေးမှာ ခင်ဗျားလှဲနေတတ်တဲ့ ပုံလေးက …
(က) ပက်လက်ကလေး ဖြေလျော့နေတတ်တယ်။
(ခ) မှောက်ခုံလေး ဖြေလျော့နေတတ်တယ်။
(ဂ) ဘေးတစ်စောင်းလေး ကွေးနေတတ်တယ်။
(ဃ) ခေါင်းအောက်မှာ လက်တစ်ဖက်ခုရင်း နေတတ်တယ်။
(င) ခေါင်းအုံးအောက်မှာ ခေါင်းကိုဝှက်ရင်း နေတတ်တယ်။

(၁၀)
မကြာခဏ ခင်များကိုယ်ခင်ဗျား အိမ်မက်တတ်တာက …
(က) ကျဆုံးနေသူ
(ခ) တွန်းတိုက် တိုက်ခိုက်နေရတတ်သူ
(ဂ) တစ်စုံတစ်ခု ဒါမှမဟုတ် တစ်စုံတစ်ယောက်ကို ရှာဖွေနေရတတ်တယ်။
(ဃ) လေထဲမှာ ပျံသန်းနေရတတ်တယ်၊ ဒါမှမဟုတ် မြောလွင့်နေတတ်တယ်။
(င) ခင်ဗျား အိမ်မက် မက်လေ့မရှိဘူး။
(စ) ခင်ဗျား စိတ်ပျော်စရာ ပေါ့ပေါ့ပါးပါး အိမ်မက်လေးတွေပဲ မက်လေ့ရှိတယ်။

ကဲ မေးခွန်းလေးတွေကတော့ ကုန်သွားပြီ။ ခင်ဗျားမှတ်ထားတဲ့ နံပါတ်နဲ့ အဖြေလေးတွေအလိုက် အမှတ်လေးတွေရှိတယ်။ တစ်ခုခြင်းစီကို အမှတ်လေးတွေမှတ်ပြီး အားလုံးပေါင်းလိုက်အုံးနော်။ ရလာတဲ့ အမှတ်ပေါင်းအလိုက် ခင်ဗျားဟာ ဘယ်လိုလူလည်းလို့ ဖတ်ကြည့်လိုက်ပါအုံး။ အပျော်ပေါ့။ ခင်ဗျားရဲ့ ရမှတ်လေးကို ကွန်မန့်မှာ ရေးပေးသွားအုံးနော်။ အားလုံးလည်း သိရတာပေါ့။

နံပါတ်စဉ်အလိုက် အမှတ်လေးတွေကတော့ ….
(၁) (က)၂ (ခ)၄ (ဂ)၆
(၂) (က)၆ (ခ)၄ (ဂ)၇ (ဃ)၂ (င)၁
(၃) (က)၄ (ခ)၂ (ဂ)၅ (ဃ)၇ (င)၆
(၄) (က)၄ (ခ)၆ (ဂ)၂ (ဃ)၁
(၅) (က)၆ (ခ)၄ (ဂ)၃ (ဃ)၅ (င)၂
(၆) (က)၆ (ခ)၄ (ဂ)၂
(၇) (က)၆ (ခ)၂ (ဂ)၎
(၈) (က)၆ (ခ)၇ (ဂ)၅ (ဃ)၄ (င)၃ (စ)၂ (ဆ)၁
(၉) (က)၇ (ခ)၆ (ဂ)၄ (ဃ)၂ (င)၁
(၁၀) (က)၄ (ခ)၂ (ဂ)၃ (ဃ)၅ (င)၆ (စ)၁

အမှတ်ပေါင်းကြည့်ပြီးသွားပြီဆိုရင်တော့၊ ဖတ်ကြည့်လိုက်ပေတော့။ ခင်ဗျားဘယ်လိုလူလည်း ဆိုတာကိုး) …

အမှတ်(၆၀)ကျော်တယ်ဆိုရင် -
တစ်ခြားလူတွေက ခင်ဗျားကို ဂရုတစိုက် ပေါင်းသင်းဆက်ဆံရမဲ့လူလို့ မြင်ကြတယ်။ ခင်ဗျားက မာနကြီးတယ်၊ အတ္တကြီးတယ်၊ ပြီးတော့ သူတစ်ပါးကို အပေါ်စီးကနေ ပြောဆိုချင်တယ်။ လူတစ်ချို့က ခင်ဗျားကို လေးစားကြမယ်၊ နှစ်သက်ကြမယ်။ ဒါပေမဲ့ ဘယ်တော့မှ ယုံကြည်ကြမှာ မဟုတ်ဘူး။ ခင်ဗျားနဲ့ ရင်းရင်းနှီးနှီး ပေါင်းသင်းဖို့ကို စိတ်မပါကြဘူး။ ဒါမှမဟုတ် ချီတုံချတုံ ဖြစ်နေတတ်တယ်။

အမှတ်(၅၁)ကနေ (၆၀)အထိဆိုရင် -
တစ်ခြားလူတွေက ခင်ဗျားဟာ စိတ်လှုပ်ရှားလွယ်တယ်။ ဒါမှမဟုတ် စိတ်ထက်သန်သူ၊ တစ်ခါတရံမှာလည်း အလွယ်တကူ လက်လျော့တတ်တယ်လို့ မြင်ကြမယ်။ စိတ်ကူးရနေရင်တော့ ခင်ဗျားဟာ ခေါင်းဆောင်တစ်ယောက်လို ပါပဲတဲ့။ ဆုံးဖြတ်ချက်တွေကိုလည်း မြန်မြန်ပေးတတ်တယ်။ အဲဒီအခါမျိုးတွေမှာ ခင်ဗျားဟာ ရဲရင့်သူတစ်ယောက်၊ နောက်ပြီးတော့ စွန့်စားမှုတစ်ခုခုကို လုပ်နေတတ်တယ်။ ဥပမာ အပြောင်းအလဲတစ်ခုခု၊ ဒါမှမဟုတ်လည်း စွန့်စားမှုတွေနဲ့ ပျော်နေတတ်တယ်။ ခင်ဗျားနဲ့ အပေါင်းအသင်းဖြစ်ရမှာကိုလည်း လိုလိုချင်ချင်ရှိနေကြတယ်။ ဘာလို့လည်းဆိုတော့ ခင်ဗျားရဲ့ စိတ်ထက်သန်မှုတွေက တခြားသူတို့အပေါ် စိုးမိုးနိုင်(နှိုးဆွနိုင်)လို့ပါပဲ။

အမှတ်(၄၁)ကနေ (၅၀)အထိဆိုရင် -
တစ်ခြားသူတွေက ခင်ဗျားဟာ လန်းဆန်းတက်ကြွနေတတ်သူ၊ အမြဲနှိုးကြားနေသူ၊ စွဲဆောင်မှုရှိသူ၊ ပျော်ရွှင်တတ်သူ တစ်ယောက်။ ပြီးတော့ လက်တွေ့ဆန်ဆန်နေတတ်ပြီး အမှုကိစ္စတွေကို အမြဲပဲ စိတ်ဝင်စားနေတတ်သူလို့ မြင်ကြတယ်။ နောက်ပြီးခင်များဟာ အမြဲတမ်းလိုပဲ တစ်စုံတစ်ခုကို အလေးအနက်တွေးနေတတ်တယ်။ ဒါပေမဲ့ သေသေချာချာ ပိုင်းခြားချင့်ချိန်တတ်ပြီး ပြဿနာတွေကို ခေါင်းထဲထည့်မထားတတ်သူပါ။ လူတွေက ခင်ဗျားကို ကြင်နာတတ်သူ၊ ညှာတာထောက်ထားတတ်သူ၊ ပြီးတော့ နားလည်ပေးနိုင်သူလို့လည်း မြင်ကြမယ်။ အမြဲပဲ သူတို့တွေအပေါ်မှာ အားပေးလို့ ကူညီနေတတ်သူလို့လည်း ခံယူကြတယ်။

အမှတ်(၃၁)ကနေ (၄၀)အထိဆိုရင် -
တစ်ခြားသူတွေက ခင်ဗျားကို ဆင်ခြင်ဆုံးဖြတ်နိုင်သူ၊ သတိရှိသူ၊ ဂရုတစိုက်နေထိုင်တတ်ပြီး လက်တွေ့ဆန်သူလို့ မြင်ကြတယ်။ နောက်ပြီး ခင်ဗျားဟာ ပါးနပ်လိမ္မာသူ၊ မွေးရာပါ ပါရမီကိုက ကောင်းသူ၊ အရည်အချင်းရှိသူတစ်ယောက်ဖြစ်တဲ့အပြင် ခေတ်ဆန်ဆန်လည်း နေတတ်ပါတယ်။ ခင်ဗျားဟာ အလွယ်တကူနဲ့ မြန်မြန် အပေါင်းအသင်း မလုပ်တတ်ပါဘူး။ ဒါပေမဲ့ အပေါင်းအသင်းကို အရမ်းပဲ သစ္စာရှိစွာ ပေါင်းသင်းတတ်ပါတယ်။ ကိုယ့်အပေါ်မှာလည်းပဲ သစ္စာရှိစွာ ပေါင်းသင်းသူတွေကိုသာ အဲဒီလို ပြန်လည်ပေါင်းသင်းတတ်သူပါ။ ခင်ဗျားကို နားလည်လိုသူတွေဟာ ခင်ဗျားနဲ့ တစ်ကယ်ကို ယုံကြည်စွာ ပေါင်းသင်းနေသူ ဖြစ်မှ နားလည်နိုင်မှာပါ။ ဒါပေမဲ့ အဲဒီလိုအချက်တွေကြောင့်ပဲ ယုံကြည်မှုပြိုလဲသွားရင် ခင်ဗျားအနေနဲ့ ယုံကြည်ချက်အပေါ်ထားတဲ့ စိတ်ခံစားချက်ကို ကျော်လွန်နိုင်ဖို့ အချိန်ယူရတတ်သူပါ။

အမှတ်(၂၁)ကနေ (၃၀)အထိဆိုရင် -
တစ်ခြားသူတွေက ခင်ဗျားကို လုံလရှိသူတစ်ယောက်။ ဒါပေမဲ့ ပျာယာခတ်ပြီး ဇီဇာကြောင်တတ်သူလို့ မြင်ကြတယ်။ သူတို့တတွေက ခင်ဗျားဟာ သတိရှိသူ၊ အမြဲတမ်းလိုလို ဂရုတစိုက်လုပ်တတ်သူ၊ ဖြည်းဖြည်းမှန်မှန်နဲ့ မနားမနေ အလုပ်လုပ်တတ်သူလို့လည်း မြင်ကြတယ်။ တစ်ခါတစ်ရံ ခင်ဗျား စိတ်ကူးရသလိုလုပ်နေတတ်တာ၊ ဒါမှမဟုတ် ခင်ဗျားတိုက်တွန်း နှိုးဆွလိုက်တဲ့ ကိစ္စတွေအတွက် တစ်ခြားသူတွေက သဘောကျ နှစ်ခြိုက်နေတတ်ပါတယ်။ ခင်ဗျားရဲ့ ပြဿနာတွေကို အသေအချာ ချဉ်းကပ်ပြီး မထင်ရတဲ့ ပုံစံနဲ့ ဆုံးဖြတ်ချက်တွေကိုလည်း နှစ်ခြိုက်ကြပါတယ်။ သူတို့တွေက ခင်ဗျား ဒီလိုချဉ်းကပ် ဖြေရှင်းနိုင်တာကိုက ခင်ဗျားရဲ့ ဂရုတစိုက် လုပ်တတ်တဲ့ အကျင့်ကြောင့်လို့လည်း တွေးကြတယ်။

အမှတ်ပေါင်းက (၂၁)ရဲ့ အောက်မှာဆိုရင်တော့ …
တစ်ခြားသူတွေက ခင်ဗျားကို ရှက်တတ်သူ၊ စိုးရိမ်ကြောင့်ကြတတ်သူ၊ အဆုံးအဖြတ်မပေးနိုင်သူ၊ အတိတ်ကို အမြဲတမ်း ပြန်ကြည့်နေတတ်သူတစ်ယောက်။ တစ်စုံတစ်ယောက်ဆီကနေ အမြဲပဲ ဆုံးဖြတ်ချက်တွေကို လိုချင်နေသူ။ တစ်ခြားသူတွေနဲ့ ပေါင်းသင်းရမှာ ကိစ္စအသစ်တွေမှာ ပါဝင်ဆင်နွှဲရမှာကို မလိုလားတတ်သူလို့ မြင်ကြတယ်။ ပိုဆိုးတာက သူတို့တစ်တွေရဲ့ အမြင်မှာ ခင်ဗျားဟာ အမြဲတမ်း တစ်ခုခုကို စိုးရိမ်နေတတ်တယ်။ မလိုလားအပ်တဲ့ ပြဿနာတွေကို စဉ်းစားပြီး တွေးကြောက်နေတတ်သူလို့ မြင်နေတတ်တာပါ။ အပျင်းကြီးတယ်လို့ကလည်း ထင်ကြသေးတယ်။ တစ်ခုတော့ရှိပါတယ်။ ခင်များကို ကောင်းကောင်းသိတဲ့ နားလည်တဲ့သူတွေကသာ ခင်ဗျားဒီလိုမဟုတ်တာကို သိကြမယ်။


ကဲ။ မေးခွန်းနဲ့ အဖြေတွေကတော့ ပြီးသွားပါပြီ။ ဘာရယ်မဟုတ်ပါဘူး။ စာဖတ်သူတွေကို အပျင်းပြေစေချင်တာ တစ်ခုပါပဲ။ Forward mail တစ်ခုကနေ ရလာတာလေးကို တတ်နိုင်သလောက် ဘာသာပြန်ပေးလိုက်ပါတာ။ (တတ်နိုင်သလောက် အဘိဓါန်လှန်လိုက်တယ်ဆိုရင် ပိုမှန်မလားပဲ။) တစ်ကယ်တော့ လူဆိုတာ ကိုယ့်ဝမ်းနာ ကိုယ်အသိဆုံးပါ။ ဒါပေမဲ့ စကားလေးတစ်ခုလည်း ရှိနေတာကိုး။ လူဆိုတာ ကိုယ့်မျက်ချေး ကိုယ်မမြင်တတ်ဘူးတဲ့။ ဘယ်လိုပဲ ဖြစ်ဖြစ်ပေါ့ဗျာ။ ကွန်မန့်မှာ ကိုယ်ရတဲ့ အမှတ်ပေါင်းလေးကိုတော့ ပြောပြပေးသွားနော်။ ကိုယ်ရေးကိုယ်တာတွေကို စပ်စုသလိုများ ဖြစ်သွားမလားပဲ။ ကျွန်တော်ကတော့ တွေ့ခါစတုန်းက စမ်းကြည့်တာ အမှတ်က ၃၁-ကနေ ၄၀အတွင်းရှိတယ်။ ဘာသာပြန်ပြီး ထပ်စမ်းကြည့်တာလည်း ဒီလိုပဲဗျ။ သူပြောထားသလိုလည်း ဟုတ်တော့ဟုတ်သလိုလို။

ကဲ… ပျော်ရွှင်အဆင်ပြေကြပါစေ ခင်ဗျာ။

သုခမိန်။…..။

18 comments:

မယ် said...

၂၂ ပါ... မှန်မမှန်ပြောဘူးဗျ

Anonymous said...

ကျွန်တော်က 47 မှတ်ရပါတယ်၊ အမှတ်(၄၁)ကနေ (၅၀)အထိဆိုရင် တော့

တစ်ခြားသူတွေက ခင်ဗျားဟာ လန်းဆန်းတက်ကြွနေတတ်သူ၊ အမြဲနှိုးကြားနေသူ၊ စွဲဆောင်မှုရှိသူ၊ ပျော်ရွှင်တတ်သူ တစ်ယောက်။ ပြီးတော့ လက်တွေ့ဆန်ဆန်နေတတ်ပြီး အမှုကိစ္စတွေကို အမြဲပဲ စိတ်ဝင်စားနေတတ်သူလို့ မြင်ကြတယ်။ နောက်ပြီးခင်များဟာ အမြဲတမ်းလိုပဲ တစ်စုံတစ်ခုကို အလေးအနက်တွေးနေတတ်တယ်။ ဒါပေမဲ့ သေသေချာချာ ပိုင်းခြားချင့်ချိန်တတ်ပြီး ပြဿနာတွေကို ခေါင်းထဲထည့်မထားတတ်သူပါ။ လူတွေက ခင်ဗျားကို ကြင်နာတတ်သူ၊ ညှာတာထောက်ထားတတ်သူ၊ ပြီးတော့ နားလည်ပေးနိုင်သူလို့လည်း မြင်ကြမယ်။ အမြဲပဲ သူတို့တွေအပေါ်မှာ အားပေးလို့ ကူညီနေတတ်သူလို့လည်း ခံယူကြတယ်။

ထဲမှာ ဖြစ်နေတယ်။ နည်းနည်းတော့ တိုက်ဆိုင်တယ်။ ဒါက ကျွန်တော့် ပတ်ဝန်းကျင်မှာ ရှိမယ့် ကျွန်တော့ကို မြင်မယ့်လူတစ်ယောက်ကို ပြောပြရင်တော့ ပိုပြီး တိုက်ဆိုင်လား မတိုက်ဆိုင်လား သူပိုသိမယ် ထင်တယ်။ ဥပမာ - အရင်းနှီးဆုံး မိတ်ဆွေ၊ သူငယ်ချင်း ဒါမှ မဟုတ် ညီအကို မောင်နှမ တစ်ယောက်ယောက်ပေါ့။

ကျွန်တော်က အဲလို ထင်ပါတယ်။

ခင်မင်လေးစားစွာဖြင့်

နိုင်းနဒီ said...

အမှတ်ကတော့ ၅၀ရတယ်. အတော်လေး တိုက်ဆိုင်ပါတယ်.

khin oo may said...

ဟုတ်ပါသည်။ :P

mgngal said...

43 marks ရတယ်ဗျ ။ ဟုတ်သလိုလိုပဲ ။ ကောင်းတယ်ဗျ
အခုလိုလေးတင်ပြပေးတာ။ ကျေးဇူးတင်ပါတယ်။
အဆင်ပြေပါစေ။
ခင်မင်လျက်
မောင်ငယ်။

Anonymous said...

မင်္ဂလာပါ ကိုသုခမိန်

လာလည် ဖတ်ရှု့ သွားပါတယ်။

တချို့အကြောင်းတွေက မပါဘူး။ ဒါဗေမဲ့ နီးစပ်ပြီး လုပ်လေ့များတဲ့ နံပါတ်တွေဆွဲယူပြီး ပေါင်းလိုက်တာ ၄၄ ရတယ်။

ဆိုတော့လဲ အမှတ် ၄၄က ပြောသလို ကြိုးစားရမယ်။ ဟဲဟဲ

ရွှင်လန်းချမ်းမြေ့ပါစေ...

တာတူး(၀ါ) အမေ့ခံလူတစ်ယောက် said...

ကိုသုရေ
လာဖြေပြီးပေါင်းကြည့်သွားပြီ ။ ၄+၆+၄+၂+၆+၄+၄+၄+၂+၂ =၃၈
ဟဲ ဟဲ
အချင်းချင်းတွေဆိုတော့ အဖြေကတော့ ပြောတော့ဘူး။ :P
နံပတ် ၇ ရယ် ၁၀ ရယ် ကတော့ ခွ ကျသဗျ။
နံပတ် ၇ ဆို ကျနော်က နှစ်ခုစလုံးကို အလို အလျောက် လက်ခံပြီး တပြိုင်ထည်း လုပ်မိနေတတ်တယ် ။
နံပတ် ၁၀ ကျတော့ကျနော်က အဲဒီ အဖြေတွေ ထဲကရော အခြားအချင်းအရာတွေပါမက်တယ်ဗျ။ ဒါပေမယ့် ကောင်းတာလေးပဲ ရွေးသွားတယ်ဗျာ။
ပျော်ရွှင်ပါစေဗျို့။

PAUK said...

တိုက်ဆိုင်သလောက်ရှိပါတယ်...
အဖြေနှစ်ခွရှိဦးတောင်...ရလဒ်က
တိုက်ဆိုင်နေတုန်းပါပဲ....

ဆောင်း said...

မေးခွန်းတချို့က ကိုယ်နဲ့ အံ့မ၀င်ဘူး။ ဘာဘဲဖြစ်ဖြစ် ကောင်းတာလေးတွေ ဖတ်ရတော့ အင်း ၀မ်းသာစရာပေါ့။

ဇနိ said...

ကိုသုရေ
ပေါင်းလဒ်က ၄၁
အမှတ်(၄၁)ကနေ (၅၀)အထိဆိုရင် -
တစ်ခြားသူတွေက ခင်ဗျားဟာ လန်းဆန်းတက်ကြွနေတတ်သူ၊ အမြဲနှိုးကြားနေသူ၊ စွဲဆောင်မှုရှိသူ၊ ပျော်ရွှင်တတ်သူ တစ်ယောက်။ ပြီးတော့ လက်တွေ့ဆန်ဆန်နေတတ်ပြီး အမှုကိစ္စတွေကို အမြဲပဲ စိတ်ဝင်စားနေတတ်သူလို့ မြင်ကြတယ်။ နောက်ပြီးခင်များဟာ အမြဲတမ်းလိုပဲ တစ်စုံတစ်ခုကို အလေးအနက်တွေးနေတတ်တယ်။ ဒါပေမဲ့ သေသေချာချာ ပိုင်းခြားချင့်ချိန်တတ်ပြီး ပြဿနာတွေကို ခေါင်းထဲထည့်မထားတတ်သူပါ။ လူတွေက ခင်ဗျားကို ကြင်နာတတ်သူ၊ ညှာတာထောက်ထားတတ်သူ၊ ပြီးတော့ နားလည်ပေးနိုင်သူလို့လည်း မြင်ကြမယ်။ အမြဲပဲ သူတို့တွေအပေါ်မှာ အားပေးလို့ ကူညီနေတတ်သူလို့လည်း ခံယူကြတယ်။

ဟုတ်တာတွေလည်း ဟုတ်သလို မဟုတ်တာတွေလည်း မဟုတ်ဘူး... ဟ ဟ
း)

မသက်ဇင် said...

ကိုသုခမိန်ရေ----
ပျော်စရာတော့အကောင်းသားနော်--
အချို့မေးခွန်းတွေကျတော့ ကိုယ် နဲ့ မကိုက်ဘူး
ဘာပဲဖြစ်ဖြစ်လေ---မိတ်ဆွေတွေ နွေးနွေး
ထွေးထွေး စုစုစည်းစည်း ပျော်စရာရှာနိုင်တာပေါ့
ခင်မင်လျက်
မသက်ဇင်

တောင်ပေါ်သား said...

ဟား ဟား ၃၅ ရတယ်ကွ ငါ့တွ.. ဟဲဟဲ ကိုယ့်ဟာကို အထင်ကြီးတာလေ.. ပျော်စရာကောင်းပါတယ်

သက်တန့် said...

၄၇မှတ်ရပါတယ်...
တိုက်ဆိုင်ပါတယ်ရှင်... :)

ငယ်ဂရိုး said...

၄၄မှတ်ရတယ်တော့... :-P
တော်တော်များများက ပြသနာကိုခေါင်းထဲမထည့်ကြဘူးနော်...ကောင်းတယ် ..ခေါင်းရှင်းတာပေါ့..

Unknown said...

အင်း..မဆိုးပါဘူး...ကိုယ့်အတွက်ကတော့ တော်တော်လေးကို တိုက်ဆိုင်နေတာ တွေ့ရပါတယ်...ကိုယ့်အမှတ်က ၄၀ အတိအကျပဲ...
နောက်လည်း ဒီလိုမျိုးလေးတွေ ဖတ်ချင်ပါသေးတယ်ဗျို့....

ပန်းခရမ်းပြာ said...

၃၂မှတ်ရတယ်။ အောင်မှတ်ရတယ် လို့ တော့ ထင်တာပဲ...

စူး said...

အဖြေညှိသွားပါတယ်။
၅၁ ပါ..
အတော်များများ တိုက်ဆိုင်ပါတယ်..

Unknown said...

အင်းးးးးးးးးးးးစမ်းသွားတယ်...လမ်းကြုံလို့..
၄၃ မှတ်...မှန်တယ်ဘဲပြောရမှာပါဘဲ...