Tuesday, October 21, 2008

မျှော်လင့်မထားသောဖြစ်ရပ်များသို့ .....

လူတွေကဘာကိုပဲလုပ်လုပ်…
ဘာကိုပဲဆုံးဖြတ်ဆုံးဖြတ်….
အကောင်းဆုံးတွေကိုမျှော်လင့်ပြီးလုပ်ခဲ့ကြ…
ဆုံးဖြတ်ချက်ခဲ့ကြမှာပါ….မယ်ကိုယ်တိုင်လည်းအကောင်းဆုံးကိုမျှော်လင့်ပြီးဆုံးဖြတ်ခဲ့…လုပ်ခဲ့ဖူးပါတယ်…



အကောင်းဆုံးကိုပဲမျှော်လင့်ခဲ့ပြီး
အကောင်းဆုံးတွေပဲဖြစ်လာမယ်လို့ ထင်ခဲ့တယ်…
ဒါပေမဲ့မယ်မျှော်လင့်ခဲ့သလို အကောင်းဆုံးတွေဖြစ်မလာခဲ့ဘူး….
နောက်ဆုံးရလဒ်ကတော့ထင်ထားတာရဲ့ 
မျှော်လင့်ထားခဲ့တာနဲ့ ဆန့် ကျင်ဖက်တွေပဲ…
ဘာကြောင့်အဲဒီလိုဖြစ်ခဲ့ရလည်းဆိုတဲ့အဖြေကိုသေချာပြန်စမ်းစစ်ကြည့်မိတော့
မယ်ကအကောင်းဆုံးတွေကိုမျှော်ပဲမျှော်လင့်ခဲ့မိတာကို…
အဲဒီကိစ္စနဲ့ ပတ်သက်ပြီး
အရိုးသားဆုံးဝန်ခံရရင် အဲဒီအချိန်တုံးက နှလုံးသားကိုပဲအားကိုးခဲ့ပြီး
ဦးနှောက်ကိုသုံးဖို့ မေ့နေခဲ့တယ်…..
အဲဒီကိစ္စနဲ့ ပတ်သက်ပြီးရလာမဲ့ရလဒ်က အကောင်းဆုံးဖြစ်နိုင်မဖြစ်နိုင်ဆိုတာကိုသေချာမစိစစ်မိခဲ့ဘူး…
အဲဒီကိစ္စနဲ့ ပတ်သက်ခဲ့ဖူးတဲ့ဇစ်မြစ်တွေကို သေချာမဆန်းစစ်ခဲ့မိဘူး…
လူတွေကအကောင်းဆုံးတွေသာမျှော်လင့်ခဲ့ကြပြီး…
အကောင်းဆုံးတွေရနိုင်မရနိုင်ဆိုတာကိုသေချာမတွက်ဆခဲ့လိုတာ အကောင်းဆုံးဆိုတဲ့အရာတွေနဲ့ လွဲခဲ့ကြတာနေမယ်….
မယ်အတွက်ကတော့….သင်ခန်းစာရလိုက်တာက….
ဘယ်အရာကိုပဲဖြစ်ဖြစ် အကောင်းဆုံးကိုသာမျှော်လင့်မထားပဲ …
ကိစ္စတစ်ခုကိုလုပ်တော့မယ်ဆိုရင် သေချာဆုံးဖြတ်ပြီးလုပ်ရမယ်…
နှလုံးသားတခုကိုပဲအားမကိုးပဲ ဦးနှောက်ပါသုံးရမယ်…
ရှောင်လွဲမရတဲ့ကိစ္စတွေကလွဲလို့ …
အကောင်းဆုံးဖြစ်နိုင်ချေမရှိတဲ့အရာတွေအတွက်
မျှော်လင့်ချက်ထားမနေတော့ဘူး…
အကောင်းဆုံးကိုပဲမျှော်လင့်ပြီးလုပ်မနေတော့ဘူးလို့ လေ….

မယ်(20.10.08)

**** မျှော်လင့်မထားခဲ့သောအဆိုးဆုံးဖြစ်ရပ်များသို့ 


8 comments:

တားမြစ် ထားသော... said...

မျှော်လင့်မထားခဲ့သော အဆိုးဆုံးဖြစ်ရပ်များသို့ တဲ့လားဗျာ။

အကောင်းဆုံးကို မျှော်လင့်ထားဖို့လိုသလို၊ အဆိုးကိုလည်း လက်ခံနိုင်ဖို့ ကြိုတင်ပြင်ဆင်ထားနိုင်ရင် အကောင်းဆုံးပါပဲ။ ဒါပေမဲ့ ဘဝမှာ အံ့သြမှု (အမ္ဘူတရသ - မသေချာဘူး...)ဆိုတာ အမြဲရှိနေမှာပါပဲ။

ပြဿနာကို မဖြေရှင်းနိုင်လို့ စိတ်ညစ်မယ်။
စိတ်ညစ်လို့ ပြဿနာက မပြေလည်ဘူး။
ဒီတော့ စိတ်ညစ်မနေတော့ပါဘူး။
-- ဆိုင်လား မဆိုင်လားတော့ မသိဘူး။ ရေးချင်တာတွေ ရေးသွားပါပြီ။

ပျော်ရွှင်အဆင်ပြေပါစေ။

သုခမိန်(E-Journal)

Anonymous said...

အကောင်းဆုံးနဲ့မကြုံလည်း အကောင်းဆုံးရဲ့ ဒုတိယနဲ့ကြုံပါစေမယ်ရေ

Anonymous said...

မျှော်လင့်မထားခဲ့တဲ့အဆုံးဆုံးဖြစ်ရပ်များ ပိုစ့်ကလေးကို ဖတ်မိတဲ့အခါ ခံစားမိတဲ့ ကျွန်တော့ရဲ့
အမြင်လေးကို ပြောပြရမယ်ဆိုရင် လူဆိုတာဟာ မျှော်လင့်ချက်နဲ့ အသက်ရှင်ကြတာပါ မယ်ရေ၊ မျှော်လင့်ချက်ဆိုတာ မရှိရင် လူတွေရဲ့ ကမ္ဘာဟာ အခုလို ပြည့်စုံလှပနေမှာမဟုတ်ဘူးလို့ ကျွန်တော် မြင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ မျှော်လင့်သမျှမှာ ကောင်းတာတွေလည်း ဖြစ်လာနိုင်သလို ဆိုးတာတွေလည်း ခံစားတွေ့ကြုံရမှာပါပဲဗျာ၊ မျှော်လင့်မထားခဲ့တဲ့အဆုံးဆုံးဖြစ်ရပ်တွေကတော့ အကောင်းဆုံးအတွေ့အကြုံကို ပေးနိုင်ပါလိမ့်မယ်လို့ ထင်မြင်ယူဆမိပါကြောင်း ...။

ခင်မင်လေးစားစွာဖြင့်

Anonymous said...

အဲဒီကိစ္စနဲ့ ပတ်သက်ပြီးရလာမဲ့ရလဒ်က အကောင်းဆုံးဖြစ်နိုင်မဖြစ်နိုင်ဆိုတာကိုသေချာမစိစစ်မိခဲ့ဘူး…
အဲဒီကိစ္စနဲ့ ပတ်သက်ခဲ့ဖူးတဲ့ဇစ်မြစ်တွေကို သေချာမဆန်းစစ်ခဲ့မိဘူး…
လူတွေကအကောင်းဆုံးတွေသာမျှော်လင့်ခဲ့ကြပြီး…
အကောင်းဆုံးတွေရနိုင်မရနိုင်ဆိုတာကိုသေချာမတွက်ဆခဲ့လိုတာ အကောင်းဆုံးဆိုတဲ့အရာတွေနဲ့လွဲခဲ့ကြတာနေမယ်….
နှမလေး မယ် ရေ
ဖတ်ရတာ တကယ်ကို အားရကျေနပ်လိုက်တာ။
အတွေ့အကြုံကနေ အဆီအနှစ်ကို အပြည့်အဝ ထုတ်ယူထားတာ လေးစားစရာပါ။
တကယ်တော့ လောကကြီးက ရယ်ဖို့ကောင်းပါတယ်။
အကောင်းဆုံးကိုမှ ရအောင်ယူမယ်ဆိုတဲ့သူတွေဟာ အကောင်းဆုံးကိုပဲ ရကြပါတယ်။
ဒါပေမယ့် မယ်သုံးသပ်ပြသလိုပဲ နည်းလမ်းကျဖို့လိုပါတယ်။

ကိုရင်နော်ခင်လေးငယ် said...

မယ်ရေ...

အကောင်းဆုံးကို မျှော်လင့်ခြင်းမှာ
ထားလိုက်တဲ့“စိတ်”... အဲ့ဒီ စိတ်ရဲ့ အတိုင်းအတာနဲ့ရလာဒ် အဖြေအပေါ် ခံစားမှု အတိမ်အနက်က ကွာသွားပြန်တယ်..။

ဆိုလိုတာက... မျှော်လင့်ချက် ခပ်ပြင်းပြင်းတစ်ခုရဲ့ အဆုံးဟာ အရှုံးဖြစ်မယ်ဆိုခဲ့ရင်... အဲဒါသေပြီဘဲ.. အရမ်းမျှော်လင့်ထားလေ ပိုခံစားရလေပါဘဲ...

ခဏခဏ စိတ်ဓါတ်တွေကျဖူးလည်း..........

သိနေတယ်..သိရက်နဲ့
မျှော်လင့်မိသေးတယ်.. အကောင်းဆုံးများဖြစ်မလားလို့.........
.................................................!!!!

မယ် said...

comments ပေးခဲ့သူအားလုံးကိုကျေးဇူးတင်ပါတယ်...

မသက်ဇင် said...

အကောင်းဆုံးဖြစ်နိုင်ချေမရှိတဲ့အရာတွေအတွက်
မျှော်လင့်ချက်ထားမနေတော့ဘူး…
အကောင်းဆုံးကိုပဲမျှော်လင့်ပြီးလုပ်မနေတော့ဘူးလို့ လေ….

မယ်ရေ---
ဘယ်လိုများလည်းကွယ်-----
ဖြစ်နိုင်ချေမရှိတော့ဘူးတဲ့လား--
အကောင်းဆုံးကို မျှော်လင့်ပြီး လုပ်မနေ
တော့ဘူးတဲ့လား---
ဘာလို့များ--လက်လျှော့ချင်နေရတာလဲ--
မယ့်--ဘေးမှာလေ---သူငယ်ချင်းကောင်းတွေရှိပါတယ်--
ကိုသုခမိန်၊ ကိုမာရေးသျှင်၊ ကိုတာတူး--
နောက်ထပ်---အများကြီးရှိတယ်--
အားမငယ်ပါနဲ့--မယ်ရယ်----
ခံစားချက်တွေကိုလေ--ကဗျာတွေ ရေး--
စာတွေရေးလိုက်နော်--
ခင်မင်လျက်
မသက်ဇင်

တာတူး(၀ါ) အမေ့ခံလူတစ်ယောက် said...

လက်တို့ပြီးတော့ ပြော ရဦးမယ် . . . . . .
လက်တို့ပြီးတော့ ပြော ရဦးမယ် . . . . . .
:D
နောင်တ တဲ့ ။ နောင် မှ တ ရသော ကြောင့် နောင်တဟုခေါ်လေသည် ။
မပြေးခင် အရင်ကြည့်တဲ့။ အဲလိုပါပဲ ။ ကြည့်သော်လည်း မြင်ချင်မှလည်း မြင်၏။
ထို့ကြောင့် ကံစီမံရာ ဟု နာမည်တပ်ပြီး ပျော်သလိုသာနေချေ ။
ယဉ်မောင်းလျင် မီးနီ နှစ်ခါ မဖြတ်မိ ရန် ၊ ချလန်ကို သေရာပါ အမာရွတ်လို မှတ်ပြီး ချွေး ပျံမနေရန်၊ အဆိုးမြင် ၀ါဒီ မဖြစ်စေရန် သတိပြုလော့ ။
ဘလော့စပေါ့ဒေါ့ကွမ်းမှာ ပျော်ရွှင် ပါစေကြောင်း . . ဆုမွန်ကောင်းတောင်းရင်း

ကဲ မုန့်ကျွေး ပြောရတာမောတယ် ။

:D