Sunday, October 19, 2008

ကန္တာရမှ စိမ့်စမ်းရေ


ကျနော် တကယ်ကို အလုပ်များနေပါတယ်။
ဘာပဲဖြစ်ဖြစ် မင်းကွန်းဆရာတော်ထုံး နှလုံးမူကာ “သူများတွေ ကွမ်းစားချိန်၊ ဆေးလိပ်သောက်ချိန်လေးတွေ ရအောင်ယူသလို” ကျနော်လည်း E-Journal အတွက် အချိန်ရအောင်ယူပြီး ပို့စ်ကလေးတွေ တင်သွားမှာပါ။

ကျနော့် အမေရေးခဲ့တဲ့ ကဗျာလေးပါပဲ။
လွန်ခဲ့တဲ့ (၂၅) နှစ်ကျော်ကျော်က ကဗျာလေးပါ။
အမေစစ်စစ်တစ်ယောက်ရဲ့ ရင်တွင်းဖြစ်ကဗျာစစ်စစ်တစ်ပုဒ်ပါ။

ကျနော်ဟာ အမေရဲ့သား ဖြစ်ရတာ တစ်ခုတည်းနဲ့တင် ဤကမ္ဘာတွင် ပျော်ရွှင်ဖို့ လုံလောက်နေသူ ဖြစ်ပါကြောင်း ဒီကဗျာနဲ့ ထပ်လောင်း သက်သေပြုခြင်းဖြစ်ပါတယ်…..



ကန္တာရမှ စိမ့်စမ်းရေ

နေ့ဖို့ညစာ၊ ဖွေရှာပူမော
သောကကမ္ဘာ၊ လူးလိမ့်ကာဖြင့်
မနားမနေ၊ ရင်ဆိုင်နေလည်း
ရင်ခွင်ထဲမှာ၊ မေ့သည်းချာ၏
မျက်လွှာပိတ်ဆိတ်၊ အိပ်တော့မယောင်
ပြုံးယောင်ယောင်ကို၊ မြင်ယောင်ခဏ
ချစ်မဝ၍၊ ဖွဖွမေနမ်း
ပန်းသမျှပြေ၊ ကန္တာရမှ စိမ့်စမ်းရေ။……….။

5 comments:

မသက်ဇင် said...

မာရေးသျှင် ရေ---
ကန္တာရမှ စိမ့်စမ်းရေ

နေ့ဖို့ညစာ၊ ဖွေရှာပူမော
သောကကမ္ဘာ၊ လူးလိမ့်ကာဖြင့်
မနားမနေ၊ ရင်ဆိုင်နေလည်း
ရင်ခွင်ထဲမှာ၊ မေ့သည်းချာ၏
မျက်လွှာပိတ်ဆိတ်၊ အိပ်တော့မယောင်
ပြုံးယောင်ယောင်ကို၊ မြင်ယောင်ခဏ
ချစ်မဝ၍၊ ဖွဖွမေနမ်း
ပန်းသမျှပြေ၊ ကန္တာရမှ စိမ့်စမ်းရေ။……….။

ကဗျာလေးကို ချစ်လိုက်တာ--
အမေက လေးလုံးစပ်ကဗျာလေးကို
ဖွဲ့ထားတာ တိုတိုလေးနဲ့ ထိလှပါတယ်ရှင်--
လက်စသတ်တော့---
ကိုမာရေးသျှင်တို့က စာပေမျိုးရိုးတွေကိုး--
အမေ့ကို လေးစား ဦးညွတ်ပါတယ်ရှင်---
ခင်မင်လျက်

တားမြစ် ထားသော... said...

ပန်းသမျှပြေ၊ ကန္တာရမှ စိမ့်စမ်းရေ... တဲ့လား။ ကြီးမားကျယ်ပြန့်စွာနဲ့ အေးချမ်းနေလိုက်တာ၊ ကျစ်လစ်သိပ်သည်းနေလိုက်တာ။ ဒါ.. မိဘမေတ္တာ။ ချစ်ခြင်းဖွဲ့ မိဘမေတ္တာပါ။

ကိုမာရေးသျှင်ရေ အလုပ်ရှုပ်နေတဲ့ကြားက ကွမ်းစားဆေးသောက်ချိန်လေးကို တန်ဖိုးရှိလှပါတယ်လို့ ချစ်ခြင်းများစွာဖြင့် ကျေးဇူးတင်ပရစေလားဗျာ။ ပျောက်နေလို့ စိတ်မှာတောင် အတွေးတွေကပ်နေသေးရဲ့။

ပျော်ရွှင်အဆင်ပြေပါစေ ခင်ဗျာ။

သုခမိန်(E-Journal)

Anonymous said...

ဒီကဗျာလေးကို ဖတ်မိတဲ့အခါ ဘ၀အမောတွေပြေမိပြီး
ကြည်နှုးချမ်းမြေ့ခြင်းကို အတိုင်းထက်အလွန်ခံစားမိပါတယ်
အခုလိုပြောင်မြောက်တဲ့အနုပညာပညာရှင်တစ်ယောက်ရဲ့
ရင်နှစ်သည်းချာသားရတနာဘ၀ကို
အားကျဂုဏ်ယူမိပါကြောင်း ...။

ခင်မင်လေးစားစွာဖြင့် ...

ဆောင်း said...

ကဗျာလေး သိပ်ကောင်းတာဘဲ

တာတူး(၀ါ) အမေ့ခံလူတစ်ယောက် said...

ကိုမာရေး သျှင်ရေ သိပ်လှတဲ့ မေတ္တာဖွဲ့ ကဗျာလေးပါပဲ ခင်ဗျာ။ အမေ တစ်ယေက်ရဲ့ သားသမီအပေါ်ထားတဲ့ မေတ္တာ ကတော့ စာဖွဲ့လို့ မကုန်နိုင်ပါပဲ ။ အမေရော သားရော ကဗျာရေး တော်လိုက်တာ ခင်ဗျာ။ အမေ့ မေတ္တာကို မြင်သာထင် သာ ရှိအောင် ဖွဲ့ထားတဲ့ အလှလေးပါ ။ ခုလို ဝေမျှပေးတာ ကျေးဇူးတင်ပါတယ် ခင်ဗျာ ။

လေးစား ခင်မင်လျက်

တာတူး