Thursday, October 23, 2008

Specific & Absolute Values

“ဇ”၏ ပကတိတန်ဖိုးများ
ပကတိဆိုရာမှာ ‘အပေါင်း’ ‘အနှုတ်’ တွေကို မျက်ကွယ်ပြုကြည့်တာ။ ဇ မှာလည်း ကောင်းတာ ဆိုးတာ ဒွန်တွဲမြဲပဲ။ ကောင်းတာ ဆိုးတာ ဖယ်ထုတ်ပြီး စွမ်းတာ တစ်ခုပဲ ယူကြည့်မှာ။



လူတွေမှာ ‘ဇ’ ကို အထူးတန်ဖိုး လို့သချာင်္မှာလို သတ်မှတ်လို့ရမလား။ “သိပ်လုပ်စရာမလိုလိုက်ဘူး၊ လွယ်လွယ်ကူကူ ပြီးသွားတယ်။” ဆိုတာမျိုးဟာ သူ့ရဲ့ ပင်ကိုဗီဇအစွမ်းကြောင့်လား။ မေးခွန်းနဲ့စရတာက သူငယ်ချင်းတွေ ဆွေးနွေးကြည့်တဲ့သဘောပဲ။
ပကတိဆိုရာမှာ ‘အပေါင်း’ ‘အနှုတ်’ တွေကို မျက်ကွယ်ပြုကြည့်တာ။ ဇ မှာလည်း ကောင်းတာ ဆိုးတာ ဒွန်တွဲမြဲပဲ။ ကောင်းတာ ဆိုးတာ ဖယ်ထုတ်ပြီး စွမ်းတာ တစ်ခုပဲ ယူကြည့်မှာ။
အခြားတို့ နုစဉ်ကစပြီး ကိုယ်လျှောက်နေတဲ့လမ်းကို မရဲတရဲ ပြန်ပြန်ကြည့်တတ်ကြတယ်။ ဒီလမ်းက ဘယ်ကိုဦးတည်နေတာလည်းပေါ့။ ကိုကတော့သွားနေတာ အသေအခြာပဲ။ ရှေ့ကိုလား၊ နောက်ကိုလား။ အပေါ်ကိုလား၊ အောက်ကိုလား။ ဘေးကိုပဲ ထွက်နေတာလား။ ဒါမှမဟုတ် ဝင်္ကပါထဲမှာ လည်နေတာလား။
အရေးတကြီး ဇ ရဲ့အကြောင်း ဆွေးနွေးရတာက ဘဝရဲ့လမ်းတွေလျှောက်ရာမှာ သူ့ရဲ့ နေရာက အရေးကြီးတယ်လို့ ယူဆလို့ပဲ။
နောက် ဇ ကို ဓါးလိုပဲ သွေးပေးလို့ရတယ်။ တုံးသွားအောင် လုပ်လို့လည်း ရတယ်။ ပျောက်ကွယ်အောင် လုပ်ဖို့ပဲ ခက်မှာ။
နောက် ဇ က အခြေအနေ အချိန်အခါ ပေါ်မှာလည်း မူတည်ပြီး အစွမ်းပြတတ်တယ်။ အဲဒါကတော့ ဇ ပိုင်ရှင်တွေကိုယ်တိုင် သတိမထားမိတတ်တာပဲ။ အဲဒါကြောင့် အထူးသတိထားပြီး ထိန်းကြောင်းသွားဖို့ပဲ။
နောက်ဆုံး အနေနဲ့က ဇ ကို နေ့စဉ်လုပ်ငန်းတွေမှာ သုံးပုံပဲ။ သချာင်္ညီမျှခြင်းတစ်ခုမှာ အထူးကိန်းသေတန်ဖိုး ထည့်သလိုပဲ။ ညီမျှခြင်းက သာမန် အပေါင်း၊အနှုတ်လား အမြှောက်၊အစားလား ထပ်ကိန်းတွေနဲ့လား။ အဲဒီညီမျှခြင်းမှာ ဇ က ဘယ်နေရာက ပါဝင်ရမှာလည်း။ နေရာပေါ်မူတည်ပြီး ရလဒ်တွေ အမျိုးမျိုး ထွက်လာမယ်။ ကွာဟမှူ တွေ တွေ့ရမယ်။ အံ့ဩလောက်စရာ ဘာထူးခြားမှူမှ မရှိပါဘူး။
အခြားတို့ အနေနဲ့ လုပ်နိုင်တာက သွေးနေဖို့၊ အခြေအနေ၊အချိန်အခါ သဘောပေါက်ဖို့နဲ့၊ ညီမျှခြင်းကို ရွေးခြယ်တတ်ဖို့ပဲ။ နောက် ကိုယ့်ရွေးခြယ်မှူမှာ ကျေကျေနပ်နပ် နေထိုင်သွားဖို့ပဲ။
လေးစားလျှက်။ ။

The other.(ကိုအခြားကို ခွင့်မတောင်းဘဲ ပြန်တင်လိုက်တာပါ။ မဖတ်ရသေးသူများအတွက် ရည်ရွယ်ပါတယ်။ -- သုခမိန်)

14 comments:

ဇနိ said...

ဇ - ကတော့ စစချင်းပြတာပဲကိုဗျ။
း)
ဇတွေသွေးနေနိုင်ပါစေဗျာ။

တာတူး(၀ါ) အမေ့ခံလူတစ်ယောက် said...

ဇတွေကတော့ သွေးကို သွေးရလိမ့်မဗျ။ ကိုယ့်ဇကို ကိုယ်ကောင်းအောင် ဘယ်လိုသုံးမလဲဆိုတဲ့ သတိလေးကပ်ရင်းပေါ့ဗျာ ။

အိမ်လွမ်းသူ(မှန်နီကုန်း) said...

နောက် ဇ ကို ဓါးလိုပဲ သွေးပေးလို့ရတယ်။
တုံးသွားအောင် လုပ်လို့လည်း ရတယ်။
ပျောက်ကွယ်အောင် လုပ်ဖို့ပဲ ခက်မှာ။........
ကဲ... ကိုအခြားရေ... "ဇ" ကလေးတွေ သွေးရင်း...
ရှေ့ကို ချီတက်ကြတာပေါ့ ဗျာ....။

တားမြစ် ထားသော... said...

“ ဟာ - ဒီလူကတော့ “ဇ”ရှိတယ်ဗျ။ ”
ဒီစကား တွေးစရာတွေ ပါလာတော့တာပဲ။ ဇ-ဆိုတာ ဘာလည်းကို မြင်အောင်ကြည့်တတ်ရမယ်။ ပြီးတော့ ဘဝရဲ့တိုးတက်ရာတွေကို ကိုယ့်“ဇ”လေးနဲ့ကိုယ် အခြေအနေ၊ အချိန်အခါ၊ ရွေးချယ်မှုတွေနဲ့ ရှာဖွေနိုင်ရမယ်။
ဟုတ်လိုက်လေ။ ကျေကျေနပ်နပ် နေထိုင်သွားရမယ်ဆိုတာကလည်း ထပ်လောင်းလို့ အတွေးနယ်ချဲ့စေပါတယ်။
*********************
ကောင်း၏။ ဆက်ရန်တွေကို မျှော်လင့်လျက်ပါ။

ရွှန်းမီ said...

ဟုတ်ပါတယ်..
တကယ်တော့ ကိုယ့်ရွေးခြယ်မှူမှာ ကျေကျေနပ်နပ် နေထိုင်သွားဖို့ပဲ။
'ဇ' ဆိုတာ ဗီဇ ဆိုတာ တခါတလေမှာတော့ ရှင်းပြရ ခက်တာတွေအတွက် အသုံးဝင်သလိုပဲ။

Anonymous said...

အခြားရဲ့“ဇ“က အခြား“ဇ“နဲ့ မတူဘဲ
အခြား“ဇ“က အခြားရဲ့“ဇ“နဲ့ တစ်မူကွဲတယ်။
အခြားရဲ့“ဇ“က အခြားရဲ့“ဇ“ ဖြစ်ပြီး၊
အခြား“ဇ“က အခြား“ဇ“ဖြစ်တယ်။
အခြားရဲ့“ဇ“မှာ အခြားရဲ့“ဇ“ကို တွေ့ရတယ်။

Anonymous said...

အခြားရေ ဆရာရဲ့ ဇ ကို တာရာမင်းဝေ ရဲ့ ၄-၅ ကြောင်းလောက်ပဲရှိတဲ့ ဝတ္ထုတိုလေးတွေ ပုံမျိုး ရေးရင်တော်တော်ကောင်းမယ်ဗျာ။ တိုက်တွန်းတာပါ။

Yan said...

ဒီလိုပို့စ်ကောင်းလေးတွေ တွေ့ရင် ကော်မန့်ဝင်ရေးချင်တဲ့ “ဇ” လေးက ထလာတတ်လို့ ရေးလိုက်ပြီဗျာ

း)

ခင်မင်လေးစားလျက်

ရန်အောင်

မယ် said...

ကိုအခြားရေ...
ဝေမျှတာကျေးဇူးပါ...
ဇ ရှိတဲ့ကိုအခြားတစ်ယောက်...
စာတွေဆက်ရေးနိုင်ပါစေလို့ ...
မယ်

Anonymous said...

“ဇ ကို ဓါးလိုပဲ သွေးပေးလို့ရတယ်။ တုံးသွားအောင် လုပ်လို့လည်း ရတယ်”
အဲစကားစုလေးကို သဘောကျမိသလို စိတ်လည်းအတော် ၀င်စားမိပါတယ်ဗျာ၊ ဘယ်လို ဘယ်ပုံသွေးတယ်၊ ဘယ်လိုဘယ်ပုံ တုံးအောင် လုပ်တယ်ဆိုတာကို သိချင်မိတယ် အကိုရေ။

ဝါခေါင်မိုး said...

ဟုတ်တယ် ဇ ဆိုတာ ဖျောက်ဖို့ခက်တယ်။

မသက်ဇင် said...

အခြားတို့ အနေနဲ့ လုပ် နိုင်တာ က သွေး နေဖို့၊ အခြေအနေ၊အချိန်အခါ သဘော ပေါက်ဖို့နဲ့၊ ညီမျှခြင်းကို ရွေးခြယ်တတ်ဖို့ပဲ။ နောက် ကိုယ့်ရွေးခြယ်မှူမှာ ကျေကျေနပ်နပ် နေထိုင်သွားဖို့ပဲ။

ကိုသုခမိန်ရေ----
ဝေငှပေးတာကျေးဇူးပါ----
အမှန်ပါပဲ--ကိုယ့်ရွေးခြယ်မှုကို ကျေနပ်ဖို့လို
ပါတယ်--ရွေးခြယ်ဆုံးဖြတ်ပြီးမှတော့--
စမ်းကြည့်အုံးမယ်--လို့ ဆင်ခြေ မပေးပဲ
ဖြစ်အောင်လုပ်ရတော့မယ်လေ---
ဖြစ်အောင်လုပ်ပြီး ကျေနပ်ရမှာပေါ့---
ခင်မင်လျက်
မသက်ဇင်

တားမြစ် ထားသော... said...

ကိုအခြားရေ
ပြန်ဖော်ပြပေးလိုက်တာပါ။ ရေးပါအုံး ဘယ်လိုပြောပြော မရေးတော့ ရေးပြီးသားလေးကို မဖတ်ရသေးသူတွေ ဖတ်စေချင်တာ တစ်ခုပါပဲ။
ဖြစ်နိုင်ရင်တော့ ရေးစေချင်ပါတယ်။ တတ်နိုင်သလောက်လေးတွေပေါ့ဗျာ။

ပျော်ရွှင်အဆင်ပြေပါစေနော်။

သုခမိန်(E-Journal)

ကိုရင်နော်ခင်လေးငယ် said...

“ဇ” က တွေးစရာတွေနဲ့ ဖတ်လို့ ကောင်းလိုက်တာ..
ကိုအခြားရေ စာလေးတွေ ဆက်ရေးဖို့ တောင်းဆိုပါတယ်..