Friday, February 8, 2008

လွမ်းလို့ရေးတဲ့ ကဗျာ (၁)

မိုးလင်းတိုင်း .
မိုးချုပ်တိုင်း . .
အချိန်တိုင်း . . .
မင်းရှိခဲ့တဲ့နေရာတွေ
မင်းအပြုံးတွေ
မင်း . . . မင်း စကားသံတွေ


. . . . .
အဲဒါတွေနဲ့ ဝေး . . . ဝေးသွားတာလေ ။

ကဲ . . . အခု ငါလွမ်းနေတယ်
ကခဲ့တဲပြဇာတ်မှာ
လူကြမ်းလို့တော့
ဇာတ်နာအောင် မဖွဲ့ပါနဲ့ ဇာတ်ဆရာရေ ။

အချစ်သူရဲကောင်းလား
မိုက်လုံးအရမ်းကြီးတဲ့ကောင်လား
ငါ . . . ဘာမှ မကြားချင်တော့ပါ
ကန့်လန့်ကာ မချခင်တော့
နေ၀င် လထွက်
ငါမတ်မတ်ရပ်နိုင်ဖို့
လက်တစ်ဖက်လောက် ကမ်းပေးပါ ။


No comments: