Tuesday, January 15, 2008

တစ်ခုခု မှား

ကျုပ်ကတော့ တောသား
အသွေးထဲအသားထဲကကို
လယ်ယာကို မင်သမို့
မြို့တက်လို့လည်း လူတွင်ကျယ်မလုပ်ချင်ပါ။


ငါးပိဖုတ်ကို နှမ်းဆီဆမ်းလို့
ထမင်းကြမ်းကို ယပ်ခတ်စားရရင်တော်ပြီ
ဒီမိုကရေစီ ၊ လူ့အခွင့်အရေး
ရွှေဈေး စပါးဈေးလောက်ကို စိတ်မ၀င်စား
နားပြားအောင် အိပ်ရရင်တော်ပီဗျာ။
တီဗီ၊ ကက်ဆက်၊ ကာရာအိုကေ
အလှူ ၊ မင်္ဂလာတွေမှာ ရှိရင်တော်ပြီ
ဟိုသွား ဒီသွား လှည်းနဲ့ နွားလည်းရှိပ
မရှိဝမ်းစာ၊ ရှိတန်ဆာ
ရွှေတိုငွေစလည်းရှိပ ။
ဦးချ အမျှဝေဖို့ စေတီပုထိုး
ဘုရားကျောင်းကန် ဆည်းလည်းသံလည်းလွင်ပ
ဒေသနာ တရား ၊ အမြိုက်ရေအေး
တိုက်ကျွေးပေးရာ ဆရာတော်လည်းရှိပ
စာတတ်ပေတတ် မြို့ကျောင်းကထွက်ခဲ့သော
သူကြီးသား ပညာတတ်လည်းရှိပ။
ကကလေးငယ် ချစ်စဖွယ် . . . . .
နေခြည်မှာ ရွှေရည်လောင်း . . . . .
ရွာက စာသင်ကျောင်းလေးလည်း
ဝင့်ဝင့်စားစား အပျိုဖားဖားတောင်ဖြစ်ပြီ ။
ကဲ ဒါတွေ ထားဗျာ
စဉ်းစားမရတာအချို့ရှိရဲ့
အဖြေသိလည်း ပြောပြ
မသိလည်းလမ်းညွှန်
ကျုပ်လွန်တယ်ထင်လည်း ခွင့်လွှတ်ကြ
ကဲစမယ် . . . . .
ရွာတွေကို ဖျက်၊ လယ်ကွက်တွေ ယာတွေလည်း မျို
စက်တွေနဲ့ ပညာတတ်တွေ
နေ့မအား ညမနားနဲ့
တည်ခဲ့တဲ့ ရွာနားကဆည်
ရေလိုရင် မလွှတ်၊ မလိုရင်လွှတ်လွန်းလို့ 
လယ်တွေလည်း ပျက်ကြ၊
သီးထပ် သီးညှပ်
အတင်းအကျပ်လည်း စိုက်ခိုင်း
နောက်ပိုင်းကျ ထွက်သမျှလည်း မသိမ်း
ဒီလိုနဲ့ စရိတ်မငြိမ်းတာ ဘယ်သူ့တာဝန်လဲ။
ဆည်မြောင်းတာတမံ
ဘာအကြံနဲ့ တည်တယ်တော့ မသိ
အစဉ်အလာရေသွင်းမြောင်းတွေတောင် ရေမလိုက်တော့ . . . ။
ဆည်မြောင်းတွေမွစာကြဲလို့
ရွာထဲမှာဗွက်ထ အသုဘအရေးတောင်ခက်ရဲ့
ခြင်ကလည်း တမှောင့် ၊
မြွေဆိုးတွေလည်း သောသောထ
သွေးလွန်တုပ်ကွေး၊ ငှက်ဖျား၊ ကာလ၀မ်း
ကျေးလက်ဆေးခန်းကလည်း ဗလာ
ကဲဗျာ ပြောရတာများပြီ။
ဟိုတုံးက ၉တန်းအောင် တဲ့ ဘကြီးသိန်း
အခု ရွာက နှစ်ဘွဲ့ရ ဆရာမ နဲ့ ဆရာ
အင်္ဂလိပ်စာ ဘယ်သူပိုတော်တယ်ထင်ပ
ခက်တော့ ခက်ကြပြီဗျ
ပြောလည်းယုံမှာမဟုတ် ။
ဆရာတော်ကတော့ ပြောသား
ဆုတ်ကပ်တဲ့
တယ်လည်း ခက်နေကြပြီဗျ
ကျုပ်ပညာမတတ်လို့လည်းဖြစ်ချင်ဖြစ်မယ်
ဟိုတုန်းက မြန်မာတွေပဲတော်ကြတာလား
ကျုပ်တို့ပဲ နုံကြတာလား
တစ်ခုခုတော့ မှားနေပြီ။


ဆက်ဖတ်မယ်ဆိုရင် ...

Thursday, December 6, 2007

ရီစရာ မောစရာ ဟာသများ (၃)


မုဆိုးနှစ်ယောက်သည် သစ်တောထဲတွင် အမဲလိုက်ထွက်နေစဉ် တစ်ယောက်သောသူသည် ရုတ်တရက် လဲကျသွားလေသည်။ အသက်လည်းရှုပုံမရ၊ မျက်လုံးများမှာလည်း ရီဝေေ၀ဖြစ်နေလေသည်။ ကျန်တစ်ယောက်က ဖုန်းကိုထုတ်ကာ အရေးပေါ်ဌာနသို့ဆက်လေသည်။
အမောတကောဖြင့်ပြောလေသည်
- ကျနော် သူငယ်ချင်း သေပြီ၊ ဘယ်လိုလုပ်ရမလဲ။
အရေးပေါ်ဌာနမှ ပြန်ပြောလေသည် - စိတ်အေးအေးထားပါဗျာ။ ပထမ သေဆုံးတာ တကယ်ဟုတ်မဟုတ် သေချာအောင်လုပ်ပါဦး။
ခဏ စကားပြောသံ တိတ်သွားလေသည်။ ထို့နောက် သေနတ်သံတစ်ချက်ကြားလိုက်ရသည်။ ပြီး ဖုန်းမှ စကားပြောသံပြန်ကြားရလေသည်
- အင်း တကယ်သေသွားပြီ၊ ဘာဆက်လုပ်ရမလဲဗျ။

အမျိုးသမီးတစ်ယောက်သည် လိုင်းကားပေါ်သို့ သူ့ကလေးအားချီပြီးတတ်လာသည်။
ဒရိုင်ဘာမှ ပြောလေသည်
- ဒီလောက်ရုပ်ဆိုးတဲ့ကလေး ဒီတစ်ခါပဲတွေ့ဖူးသေးတယ်။
အမျိုးသမီးသည် ဒေါသတကြီးဖြင့် ကားနောက်ပိုင်းတွင်လာထိုင်ပြီး ဘေးနားတွင်ကပ်လျက်ထိုင်နေသော အမျိုးသားတစ်ယောက်အား
- ကျမကို သိပ်စော်ကားတာပဲ-ဟုပြောလေသည်။
ယင်းအမျိုးသားမှ - ဒရိုင်ဘာကိုအခုချက်ခြင်းသွားပြီး ရန်တွေ့သင့်တယ်။ ကျုပ်ခင်ဗျား မျောက်ကလေးကိုထိန်းထားမယ်။

ရှားလော့ဟုမ်း(စ)နှင့် ဒေါက်တာ ၀တ်ဆင်တို့ တောတွင်းခရီးသွား၏။ ညစာစားပြီးသော်၊ ခဏတဖြုတ်နားပြီး အိပ်ကြလေသည်။
နာရီအတန်ကြာအိပ်ပြီးသော် ရှားလော့ဟုမ်း(စ)သည် တရေးနိုးလာပြီး၊ သစ္စာရှိသူငယ်ချင်း ၀တ်ဆင်အားနိုးပြီး- ကောင်းကင်ကိုကြည့်ပြီး ဘာတွေမြင်လဲ ပြောစမ်းပါဦး။
- ကြယ်တွေ အသိန်း၊ အသန်းမြင်ရတာပေါ့ဗျာ။
- ကိုင်း ဘာတွေ ကောက်ချက်ချလို့ရမလဲဗျာ။
ဝတ်ဆင်သည်လည်း ခဏလောက် စေ့စေ့တွေးပြီး
- နက္ခတ္တဗေဒအရဆို အဲဒီကြယ်တွေဆိုတာ ဂလက်ဆီတွေ၊ဂြိုလ်တွေ အသိန်းအသန်းပေါ့။ နက္ခဗေဒင်အရဆိုရင် စေတန်က လီယိုဘက်ရောက်နေတယ်ဗျာ။ ဇာတာခွင်အရဆို အချိန် သုံးနာရီ ဆယ့်ငါးပေါ့။ ရာသီဥတုဆိုရင်တော့ မနက်ဖြန် နေသာပြီး သာယာမယ်ဗျာ။ ဘာသာရေးအရဆိုရင် ဘုရားသခင်က တန်ခိုးအလွန်ကြီးမားပြီး၊ ကျုပ်တို့က စကြာဠာထဲမှာ အလွန်သေးငယ်တဲ့အရာလေးတွေပေါ့။ နေပါဦး ခင်ဗျားကရော ဘာကောက်ချက်ချမလဲဗျာ။
ရှားလော့ဟုမ်း(စ)သည် ခဏဆိတ်ငြိမ်ပြီး
- ၀တ်ဆင်၊ ခင်ဗျားက ဝေးသကိုးဗျာ။ ကျုပ်တို့ရွက်ဖျင်တဲကို တစ်ယောက်ယောက် ခိုးသွားပြီဗျ။

ဆက်ဖတ်မယ်ဆိုရင် ...

Tuesday, December 4, 2007

Super Trains: Plans to Fix U.S. Rail Could End Road & Sky Gridlock



With airports and highways more congested than ever, new steel-wheel and maglev lines that move millions in Europe and Japan have the potential to resurrect the age of American railroads.

Unlike conventional diesel- and electric-powered trains, the motor for maglev trains is essentially embedded in the track. The track creates a traveling magnetic field beneath the train, which lifts the cars and propels them at 300-plus mph. The train’s on-board systems are powered by induction from the track. And only the section of track under the train is energized. (Illustration by Nathan Fariss)

http://www.popularmechanics.com/technology/transportation/4232548.html

ဆက်ဖတ်မယ်ဆိုရင် ...

နာရေး

နာရေး
သစ္စာနီ


ခေါင်းလည်းကျလို့ရ
ပန်းလည်းကျလို့ရတဲ့
ဒင်္ဂါးပြားတစ်ခုလိုပေါ့လေ။
လူတွေ...
အေးရာအေးကြောင်းရှာပုံက
လေငင်ရာယိမ်းလို့
တစ်ယောက်နဲ့တစ်ယောက်
ထိပ်ပုတ်ခေါင်းပုတ်လုပ်လို့
ဆေးမြီးတိုသောက်လို့။
လူတွေ...
အေးရာအေးကြောင်းရှာပုံက
ရာသီဥတုကို အပြစ်ပြောလို့
ဒုက္ခကို ယပ်ခတ်လို့
ဒီကွေ့မှာ ဒီတက်နဲ့လှော်လို့။
လူတွေ...
အေးရာအေးကြောင်းရှာပုံက
နေကာမျက်မှန် ကိုယ်စီတပ်လို့
ကိန်းဂဏန်းတွေကို ဖိုထိုးလို့
ပွဲတော်ရက်တွေကို မျှော်လို့။
မြက်ခင်းစိမ်းစိမ်းတွေဖုံးနေတဲ့
မြေပုံမို့မို့
မနက်ဖြန်ကို
အဲဒီနေရာမှာ မြှုပ်နှံခဲ့တာပေါ့။ ။

ဆက်ဖတ်မယ်ဆိုရင် ...

Sunday, December 2, 2007

ပျဉ်းမငုတ်တို

ပျဉ်းမငုတ်တို

- ဖုထစ်ရွတ်တွ၊ ငှက်ဠင်းတသို့
ပျဉ်းမငုတ်တို၊ သက်ကျားအိုသည်
ကုန်းမိုထက်တွင် တပင်တည်း။

- ခွဆုံအကွေး၊ သစ်ခေါင်းဆွေးလည်း
အဖေးတက်လျာ၊ အိုင်းအမာသို့
ကျယ်စွာဟက်ပက် ခြအိမ်ပျက်။

- ကုန်းမိုကမ်းပါး၊ မြေပတ်ကြားတွင်
စစ်သားခမောက်၊ ပိတ်ခြောက်ခြောက်ရုပ်
စစ်ရောက်စခန်း လက်ပြညွှန်း။

- ထိုပင်ငုတ်တို၊ ပျဉ်းမအိုသည်
စစ်ကိုလည်းကြုံ၊ ခြအုံလည်းဖြစ်
ဓားထစ်လည်းခံ၊ နေလျှံလည်းတိုက်
လေပြင်းခိုက်လည်း၊ မငိုက်ဦးခေါင်း
နွေသစ်လောင်းသော်။
ရွက်ဟောင်းညှာကြွေ၊ ရွက်သစ်ဝေ၍
လေပြည်ထဲတွင်၊ ငယ်ရုပ်ဆင်သည်
အသင်ယောက်ျားကောင်းတကား။ ။

မင်းသုဝဏ်
၁၁ ရက်၊ဇန်န၀ါရီ၊ ၁၉၄၉ခုနှစ်တွင် ဖွဲ့ဆိုခဲ့သည်။

ဆက်ဖတ်မယ်ဆိုရင် ...

Friday, November 30, 2007

မိုးတွေပြိုကျ..နေ့တိုင်းပဲ

အဲဒီနေ့ကပေါ့ အလုပ်ကအပြန် တစ်ခွက်တစ်ဖလား ၀င်ဆွဲတာ။
အပြန်လမ်းမှာ ဆိုးလွန်းဝါးလွန်း လူမြင်မကောင်း၊သူမြင်မကောင်းယိုင်ထိုးနေတာလည်း မဟုတ်ပါဘူး။ ပါးစပ်ကလည်း တတွတ်တွတ်နဲ့ အသံတွေထွက်နေပေမယ့် ဟိုလိုညစ်ညစ်ညမ်းညမ်းတွေကလည်း မပြောတတ်ပါဘူး။ ကျုပ်အော်တာကလည်း "ဘယ်ခွေးမှ လူမထင်ဘူးကွ" လို့ပါ။ ဘာမှားလို့လဲဗျာ။ ဘယ်လိုကဘယ်လို အမြင်ကတ်ခံနေရမှန်းကို မသိပါဘူး။ တစ်ခုခုနဲ့တော့ အထုခံလိုက်ရပုံတူပါရဲ့။


ကောင်လေးတစ်ယောက်က သူ့နောက်ကလိုက်ခဲ့ပါလို့ခေါ်လို့ အခန်းတစ်ခန်းထဲကို ၀င်ရတယ်ဗျ။ စပေ့မြန်မာတွေက အင်တာဗျူးချင်ကြလို့တဲ့။ လူ့ပြည်က မြန်မာတစ်ယောက်နဲ့ တွေ့ချင်နေတာကြာပြီတဲ့။ မင်းတို့လည်း မြန်မာလူမျိုးတွေပဲဟာကို ဘာထူးဆန်းလို့လဲ ပြန်ပြောတော့ ကောင်လေးက ကျွန်တော်တို့က မြန်မာပါပဲတဲ့၊ ဒါပေမယ့် လူပြည်ကတော့ မဟုတ်ပါဘူးတဲ့။ အော် ဒါ့ကြောင့်စပေ့မြန်မာတွေလို့ ပြောခဲ့တာကိုး။

အခန်းထဲကို ၀င်လိုက်တော့ လန့်သွားတာပဲဗျာ။ "အူ..အူ.." ဆိုပြီးထအော်ပါရောလား။ ဘေးက ကောင်လေးကို ဘာကြောင့် ခွေးလိုအော်နေရတာလဲမေးတော့ ခွေးလိုအော်နေတာ မဟုတ်ပါဘူးတဲ့။ နှုတ်ခွန်းဆက်စကားပါပဲတဲ့။ တကယ်တမ်းကျတော့ ဘေးကကောင်လေးက စကားပြန်ကိုဗျ။ မြန်မာလူမျိုးခြင်းအတူတူ စကားပြန်ထားရသတဲ့။ ဟီးဟီး ကြားဘူးပေါင်ဗျာ။ ကျန်တဲ့လူတွေက ကျုပ်ပြောတတ်တဲ့ လူစကားကို မပြောတတ်တာဗျ။ ဟိုကောင်လေးက ရှေးဟောင်းမြန်မာစကားကိုလေ့လာတာတဲ့။ ဘယ်လိုပါလိမ့်။ ဘယ်လိုလုပ်ပြီး ရှေးဟောင်းတာလဲဆိုတော့၊ ဦးလေးတို့ ကမ္ဘာမှာ ၂၀၀၇ ခုနှစ်ပဲရှိသေးတာမဟုတ်လားတဲ့။ ဒီမှာက ၃၀၀၇ ခုနှစ်ရောက်နေပါပြီတဲ့။

မေးကြပါလေရော။ ဦးလေးက ဒီကို ဘယ်လိုရောက်လာတာလဲတဲ့။ ကျုပ်လည်း မှတ်မိသလောက်ပဲ ရှက်ကလေးပင့်ချင်လို့ ၀င်ဆွဲလိုက်တာ၊ ဘယ်သောက်ကမြင်းကောင်တွေ ဆော်လိုက်တယ်မသိဘူးလို့။ သတိရတော့ ဒီသူငယ်လေးက အင်တာဗျူးချင်လို့ဆိုပြီး ခေါ်လာလို့ ဒီရောက်လာတာလို့။ ပြောကာမှဆိုးရော ရှက်ဆိုတာလဲ၊ ရှက်ပင့်တယ်ဆိုတာကရော ဘယ်လိုအဓိပ္ပါယ်လဲတဲ့။ ပြောရတော့တာပေါ့ ရှက်ပင့်တယ်ဆိုတာက အရက်သောက်တာကို ပြောတာပါပေါ့။ လုပ်ပြန်ရော အရက်ဆိုတာ ဘာပါလဲတဲ့။ အရက်ဆိုတာ အရည်တွေလို့။ အဲဒါတွေသောက်လိုက်ရင် ခေါင်းကို ချာချာလည်နေအောင် မူးတာပေါ့။ မူးလာရင် ပြောချင်ရာတွေ ပြော၊ လုပ်ချင်ရာတွေလုပ်တာပေါ့။ ရှေ့နောက် မဆင်ခြင်တော့ဘူး။ အရှက်ဆိုတာလည်း မရှိသလောက် နည်းသွားတယ်ပေါ့။ လူစိတ်ပျောက်ပြီး လူလူချင်းတောင် လူမထင်တော့တာပေါ့။ စိတ်ထဲ အရက်သမားတွေ ဖြစ်တတ်တယ်ထင်တာတွေ အကုန်ပြောပြလိုက်တယ်။ အဲဒီမှာ ရှေးဟောင်းမြန်မာ့ရာဇ၀င်ကိုလေ့လာနေတဲ့ ကျောင်းသားတစ်ယောက်က ထပြောတာပေါ့။ ဒါဆို အရက်ဆိုတာ အာဏာလိုဖြစ်ရမယ်တဲ့။ ခက်ပါလေရော။ ဘယ်လိုဘယ်လိုကွ ဆိုတော့ သူလေ့လာတဲ့ ရာဇ၀င်ထဲက စစ်ဘုရင်တစ်ပါးက အရက်သောက်မသောက်တော့မသိဘူးတဲ့၊ ရှေးဟောင်းသမိုင်းစာမျက်နှာတွေမှာ ဖတ်ရတာတော့ အာဏာယစ်မူးပြီး၊ တိုင်းသူပြည်သားလူအများကိုတောင် လူလို့ မမြင်တော့တာဖတ်ဖူး၊လေ့လာဖူးသတဲ့။ ကျုပ်လည်း သက်ပြင်းချ၊ ခေါင့်တစ်ငြိမ့်ငြိမ့်လုပ်ရတော့တာပေါ့။

စပေ့မြန်မာဆိုပေမယ့် မြန်မာချင်းတော့ သံယောဇဉ်ရှိပုံရပါတယ်။ ဘယ်လိုတွေနေ၊ ဘာတွေစားကြသလဲဆိုပြီး မေးတော့ကာ၊ ကျုပ်လည်း ထမင်းတောင် နပ်မှန်အောင် မစားရတဲ့သူတွေကများသဗျာဆိုတော့လည်း နားမလည်ကြဘူး၊ ထမင်းဆိုတာ ဆန်ကနေချက်ယူရတဲ့အကြောင်း၊ ဆန်ဆိုတာက စပါးပင်ကနေရတယ်ဆိုတဲ့ အကြောင်းရှင်းပြရတာပေါ့။ စပါးပင်ဆိုတာက လယ်ကွင်းထဲမှာစိုက်ယူရတယ်။ ထမင်းနပ်မမှန်တာဆိုကလည်း မစားရတဲ့နေ့တွေကများနေတာကို ဆိုလိုကြောင်း အကျယ်တ၀င့်ရှင်းလင်းတင်ပြရတော့တာပေါ့။ ဒါတောင် နားလည်ပုံမပေါက်ကြပါဘူး။ ပေါင်မုန့်မရှိရင် ကိတ်မုန့်စားကြပေါ့ဆိုတဲ့ အမျိုးတွေကြနေတာပဲ။

အလုပ်ကို မြန်မာတွေဘယ်လိုလုပ်သလဲတဲ့။ ကြိုးစားကြသလားတဲ့။ အင်း ပြောရတယ်။ အများကတော့ မလုပ်၊မရှုပ်၊မပြုတ်လုပ်နေကြတယ်ပေါ့။ တိုးတက်သလားဆိုတော့ နှစ်ပိုင်းရှိတယ်။ တစ်စုကတော့ တိုးတက်တယ်လို့ ပြောကြတယ်။ တစ်ခြမ်းကတော့ ဆုတ်ယုတ်တယ်လို့ ပြောကြတယ်။ ဘာလို့ နှစ်ခုကြီးဖြစ်နေတာလဲတဲ့။ တစ်ဖက်က ညာနေလို့ပေါ့လို့။ ညာတယ်ဆိုတာဘာလဲတဲ့။ ညာတယ်ဆိုတာ မဟုတ်တာတွေ၊မမှန်တာတွေကို ပြောဆိုတာကိုပြောတာလို့။ မမှန်တာတွေ၊ မဟုတ်တာတွေကို ပြောတာ ဘုရားမကြိုက်ဖူးလို့ ဖတ်ဖူးပါတယ်တဲ့။ အင်း ခက်လှပါလားကွယ်။ သူတို့တွေ ဘုရားမကြိုက်တာ အကုန်လုပ်တယ်ဆိုတာ သူတို့ နားမလည်ကြဘူး။

သူတို့လည်း စားသောက်နေထိုင်ရေးတွေ မေးရတာ စိတ်ချမ်းသာစရာ မကောင်းဘူးလို့ သဘောပေါက်သွားတယ်ထင်ပါတယ်။ လူတွေ အချင်းချင်း မေတ္တာတရားရှိကြ၊ထားကြသလားတဲ့။ လူပါဆို၊ အမျိုးမျိုးပေါ့။ မေတ္တာတရား ပေါများတဲ့သူရှိသလို၊ ခေါင်းပါးတဲ့သူတွေလည်းရှိတာပေါ့လို့။ ဘယ်သူတွေ ကြီးစိုးသလဲတဲ့။ ခက်ပါ့ကွယ်။ မမေးကြပါနဲ့။ အလည်သာလိုက်ခဲ့ကြပါ။ အော့နှလုံးနာပြီး ပြန်သွားကြမယ်။ ကိုယ့်အိမ်ကိုပြန်ချင်လှပါပြီ။ ကိုယ့်ခေါင်းကို ကိုယ်ပြန်ရိုက် သတိမေ့လိုက်ရကောင်မလား။ ကိုယ့်အရပ်မှာတော့ မေ့ချင်ရင်လည်း ရှက်ကီလေးနဲ့ပေါ့။ ဒီမှာကလည်း ဒါတွေကမရှိတော့ အခက်သား။

အဲဒီမှာ "၀ုန်း"ဆိုတဲ့ အသံကြီးနဲ့ ရေတွေ ကျုပ်အပေါ်ပြုတ်ကျ။မျက်လုံးဖွင့်လိုက်တော့ စပေ့ကမိုးပြိုတာမဟုတ်ဘဲ အိမ်ကညီလေးက အကိုကြီးအမူးပြေအောင် ရေပုံးနဲ့ရေလောင်းချလိုက်တာတဲ့။


ဆက်ဖတ်မယ်ဆိုရင် ...

Thursday, November 29, 2007

Tokio Hotel - Forgotten Children



Tokio Hotel - Forgotten Children

Just a normal day
Streets turn into graves
Traces have been removed
The search was disapproved
So cold the night
The weak ones lose the fight
Too many of them out there
Noone seems to care

Lost and so alone
Born but never known
Left all on their own
Forgotten children
We'll never hear a name
They carry all the blame
Too young to break the chains
Forgotten children

They see, they feel, believe
Just like we do
They're laughing, and crying
Wanna live here
Like me and you

Eyes without light
Too tired of good-byes
Never felt embraced
And frightened of every face
A life in disguise
Hope forever died

Lost and so alone
Born but never known
Left all on their own
Forgotten children
We'll never hear a name
They carry all the blame
Too young to break the chains
Forgotten children

They see, they feel, believe
Just like we do
The're laughing and crying
Wanna live here
Like me and you

It shouldn't really be that way
It shouldn't really be that way

We see, we feel, believe
Just like you
We're laughing and crying
Wanna live here
We see, we feel, believe
Just like you
We're laughing and crying
Wanna live here
Just like you

ဆက်ဖတ်မယ်ဆိုရင် ...

Sunday, November 25, 2007

မှန်

ဗြုန်းကနဲ မှန်ထဲကို သေသေချာချာပြန်စိုက်ကြည့်မိသည်။ ခါတိုင်းဆို မနက်လင်းတိုင်း ဒီမှန်ရှေ့ မျက်နှာသစ်နေကျ ပုံမှန်အတိုင်း ကိုယ့်မျက်နှာကိုတောင်သေချာမကြည့်ဖြစ်ဘဲ မျက်နှာသစ်ပြီးသွားတာပါပဲ။ ဒီနေ့မနက်ကျမှ ခုလိုမှန်ထဲ ကိုယ့်မျက်နှာကို သေချာပြန်ကြည့်မိတာ ဒါပထမဆုံးပဲ။ ဘာဖြစ်လို့လဲဆိုတော့ . . . . . .

မိုးလင်းလင်းချင်း သွားမတိုက် ၊ မျက်နှာမသစ်ဘဲ အိမ်ရှေ့က လဟာပြင်ထဲ လေသန့်သန့်ကိုရှုလိုက်ရမှ သူ့အကျင့်က။ ပြီးတော့မှ သွားတိုက်မျက်နှာသစ်သည်။ ဒီဘေစင် (basin) ကမှန်ကို သေချာဂရုမစိုက်မိဘဲ မနက်ခင်းပေါင်းများစွာကျော်ဖြတ်လာခဲ့သည်မှာလည်း ကြာပြီ။ ဒီနေ့တော့ မျက်နှာသစ်ခါနီး မှန်ထဲကို အမှတ်တမဲ့ကြည့်လိုက်မိတော့ ကိုယ့်မျက်နှာကို ကိုယ်ပြန်တွေ့ရသည်။ ဒါပေမယ့် ပုံမှန်တော့မဟုတ်။ ကျနော့်မျက်လုံးတွေ ၊ ကျနော့်နှုတ်ခမ်းတွေမဟုတ်သလို ခံစားရသည်။ အဲဒါနဲ့ပဲ ဒီနေ့မနက်ကျမှ ဒီမှန်ထဲကို နောက်ထပ်တစ်ခါ သေချာပြန်ကြည့်ဖြစ်တာပါပဲ။ ပြီးတော့ ကျနော် မှန်ထဲကကျနော့်ကို ပြုံးပြကြည့်သည်။ သူက ပြန်ပြုံးမပြ။ ဟာ ! ဒါဆိုလွဲပြီပေါ့။ ဘာဖြစ်လို့လဲဆိုတော့ မှန်ရဲ့သဘောက ရောင်ပြန်ဟပ်တာပဲမဟုတ်လား။
ကျနော်ပြုံးပြရင် မှန်ထဲကကျနော်ကလည်း အပြင်ကကျနော့်ကို ပြန်ပြုံးပြရမှာပေါ့။ ဟုတ်ဖူးလား။ အဲ - ဒါပေမယ့် အခုတော့ အဲဒီလိုမဟုတ်တော့ဘူးဗျ။ မှန်ထဲကကျနော်က အပြင်ကကျနော့်ကို ခပ်တည်တည်ပဲ စိုက်ကြည့်နေတယ်ဗျ။ ရုတ်တရက် ဗြုန်းဆို ကျနော့် ကြက်သီးတွေဘာတွေထပြီး စိတ်ထဲထိတ်သွားတယ်။ ပြီးတော့ ကျနော်က မှန်ထဲကကျနော့်ကို ခေါင်းခါပြတော့ အောင်မယ် . . မှန်ထဲကကျနော်က ခေါင်းပြန်ညိတ်ပြတယ်ဗျ။ ကျနော်ခေါင်းခါတာကို သူသဘောပေါက်တယ်ပေါ့လေ။ အဲဒါနဲ့ ကျနော်လည်း သိပ်တော့ စိုးရိမ်စိတ်မရှိတော့ပါဘူး။ မှန်ထဲကကျနော်နဲ့ အပြင်ကကျနော်တို့ နားလည်မှုတစ်ခုတော့ရှိသွားပြီလို့ထင်လိုက်တယ်။ အဲဒါနဲ့ ကျနော်က နောက်ထပ်တစ်ခု စမ်းကြည့်တယ်။ အသံပေါ့ . . .
မှန်ထဲကကျနော်က အသံနဲ့ကောပြန်ပြောနိုင်လားလို့ စမ်းကြည့်ချင်လာတယ်။ အဲဒါနဲ့ ကျနော်က မှန်ထဲကကျနော့်ကို င်္မင်္ဂလာပါ င်္ လို့ပြောလိုက်တယ်။ အဲဒါနဲ့သူကလည်း ကျနော့်ကို င်္မင်္ဂလာပါ င်္တဲ့ ! ဟာ - ဒါဆို မှန်ထဲကကျနော်နဲ့ စကားပြောလို့ရပြီပေါ့လို့ ကျနော်တွေးလိုက်မိတယ်။ ဒါနဲ့ ကျနော်ကဆက်ပြီး ခင်ဗျားက ကျနော်လားလို့မေးတော့ မှန်ထဲကကျနော်က င်္ခင်ဗျားကခင်ဗျား ၊ ကျနော်က ကျနော်ပါပဲ င်္တဲ့။ ဒါဆိုမတူဘူးပေါ့နော် လို့ ကျနော်ကပြန်မေးတော့ သူက င်္အတူတူတော့ အတူတူပါပဲ ၊ ဒါပေမယ့် မတူဘူးဗျ င်္လို့ ပြန်ဖြေသဗျ။ အဲဒါနဲ့ ကျနော်လည်း နားရှုပ်သွားတော့ ခင်ဗျားရှင်းအောင်ဖြေစမ်းပါဗျ လို့ စိတ်တိုတိုနဲ့ ခပ်ဆတ်ဆတ်ပြောလိုက်တော့ - အောင်မယ် သူက ရယ်သဗျ။ င်္ခင်ဗျားကလည်း စိတ်ဆိုးတယ်မြန်သကိုး ၊ ကျနော်ပြောတာက ကျနော်က ခင်ဗျားတော့ ခင်ဗျားပဲ ၊ ဒါ့ကြောင့်အတူတူပဲလို့ပြောတာ ၊ ဒါပေမယ့် ကျနော်က မှန်ထဲက - ခင်ဗျားက အပြင်ကဆိုတော့ မတူဘူးလို့ပြောတာ ၊ ရှင်းပြီလားဗျ င်္လို့ ခပ်ရွှင်ရွှင်အသံနဲ့ ကျနော့်ကို ပြန်ဖြေရှင်းတယ်။ ဒါနဲ့ ကျနော်လည်း နည်းနည်းတော့ အားနာသွားသဗျ။ သူပြောတာလည်း ဟုတ်တာကိုး။အဲဒါနဲ့ ကျနော်က သူ့ကို ဆောရီးပဲဗျာ ၊ ကျနော်က နားရှုပ်သွားလို့ ခင်ဗျားကို ခပ်ရှင်းရှင်းပြန်ပြောပြခိုင်းတာပါ ၊ စိတ်မဆိုးပါဘူး လို့ ပြန်ပြောလိုက်တယ်။ သူကတော့ ကျနော့်ကိုကြည့်ပြီး ပေါ့ပေါ့ပါးပါးနဲ့ ပြုံးပြနေတယ်ဗျ။ ပြီးတော့ သူကကျနော့်ကို ပြောပြန်တယ်။ ခင်ဗျား ဟိုစာတန်းလေးကို ဖတ်ဖူးလား ? င်္သင်ကောင်းလျှင် ကျွန်ုပ်မဆိုးပါ င်္ဆိုတဲ့စာတန်းလေးလေ လို့မေးတယ်။ ကျနော်က အင်း . . . ဖတ်ဖူးပါတယ်။ ဘာဖြစ်လို့လဲလို့ ပြန်မေးတော့ သူက ဟက်ဟက်ပက်ပက်ရယ်သဗျ။ ပြီးတော့မှ အရယ်ရပ်ပြီး ခင်ဗျားက အခုထိ အတွေးမပါဘဲနေတုန်းကိုးဗျ။ အဲဒီ့စာတန်းကို ခင်ဗျားသေချာစဉ်းစားကြည့်စမ်းပါဗျ။ ခင်ဗျားဟာ စိတ်ကောင်းရှိသူလား ၊ စိတ်ထားမကောင်းသူလားဆိုတာ ခုနက ခင်ဗျားမေးခွန်းလို ခင်ဗျားအတွေးရှုပ်သွားမှာပဲဗျ။ လို့ ပြောတယ်။ အဲဒါနဲ့ ကျနော်ကဆက်ပြီး သူ့ကို ခင်ဗျားကလည်း တစ်ခါတည်းခပ်ရှင်းရှင်းပဲ စကားပြောစမ်းပါဗျာ။ တွေးခိုင်းမနေပါနဲ့လို့ ကျနော်ကပြောတော့ သူက အင်း . . . ဒီလိုဗျ။ အဲဒီ့စာတန်းလေးက င်္သင်ကောင်းလျှင် ကျွန်ုပ်မဆိုးပါ င်္ ဆိုတော့ သင်မကောင်းလျှင်တော့ ကျွန်ုပ်က ဆိုးတော့မည်ပေါ့ ?
ဒါဆိုရင်တော့ ခင်ဗျားစိတ်က မခိုင်မာသေးဘူးပေါ့။ စိတ်ထားကောင်းတယ်ရယ်လို့ မဆိုဘူးပေါ့။ ကျနော်ကတော့ ခင်ဗျားကို ရဲရဲပြောရဲတယ်။ ကျနော်က ခင်ဗျားရဲ့မှန်ထဲကအရိပ် ၊ ဒါပေမယ့် ခင်ဗျားလိုတော့ မဟုတ်ဘူး ။ ကျနော်က ခင်ဗျားစိတ်ဆိုးတိုင်း စိတ်လိုက်မဆိုးဘူး။ ကျနော့်စိတ်ထဲကအတိုင်း ကောင်းသောတုံ့ပြန်ခြင်းပဲပေးတယ်။ ဒါကျနော့်ရဲ့စိတ်ထားပဲ။ ဒါ့ကြောင့် ကျနော်က ခင်ဗျားတော့ ခင်ဗျားပဲ။ ဒါပေမယ့် ခင်ဗျားမဟုတ်ဘူးလို့ ဆိုတာပေါ့ဗျ။ ခင်ဗျားစိတ်ဆိုးတိုင်းသာ ကျနော်ပါလိုက်စိတ်ဆိုးရင် ကျနော်က ခင်ဗျားရဲ့အရိပ်ပဲပေါ့ဗျာ။ အခုတော့ ကျနော်က ကျနော်ပါပဲ။ ခင်ဗျားကလည်းခင်ဗျားပါပဲ။ ခင်ဗျားက မှန်ထဲက ကျနော့်ကို ကြည့်ပြီး ပြုမူဆက်ဆံလည်း ခင်ဗျားအတိုင်း ကျနော်က လိုက်မလုပ်ဘူးလေ။ ကျနော့်စိတ်ရင်းအတိုင်း ခင်ဗျားကို ပြုမူဆက်ဆံတာပါ။ ဒါဆို ခင်ဗျားသဘောပေါက်ပြီလား ၊ ခင်ဗျားနဲ့ ကျနော့်ကွာခြားချက်ကို
. . . . . .
သြော် . . . ကျနော်သဘောပေါက်သွားသည်။ ဒီနေ့မနက် မျက်နှာမသစ်ခင် မှန်ထဲက ကျနော့်ကို စကားစမြည်ပြောဖြစ်လိုက်သည့်အချိန်ကစပြီး နောက်နေ့မနက်တိုင်း မှန်ထဲကကျနော့်ကို ကျနော် လေးစားစွာ နှုတ်ဆက်စကားပြောဖြစ်သည်။ သူကလည်း သူ့မူအတိုင်း ကျနော့်ကို ခပ်မြူးမြူးအသံဖြင့်
င်္င်္ခင်ဗျား ကျနော့်ကို ခင်ဗျားလို့ မသတ်မှတ်တော့ဘူးလား င်္င်္လို့မေးတိုင်း ကျနော်က င်္ဘာသတ်မှတ်စရာလိုတော့လို့လဲ ၊ ခင်ဗျားကခင်ဗျား ၊ ကျနော်ကကျနော်ပဲဟာ မှန်ထဲကအရိပ်လို အပြင်ကလူကကော လိုက်လုပ်တတ်လို့လား င်္လို့ ပြန်ဖြေလိုက်ပြီး နှစ်ယောက်စလုံးသဘောကျစွာဖြင့် ညီတူညီညာဟက်ဟက်ပက်ပက်ရယ်လိုက်ကြသည်မှာ ကျနော်တစ်ယောက်တည်း မှန်ကြည့်ရင်း ရယ်နေသလားအောက်မေ့ရအောင်အထိပင် . . .။

နယုန်မိုး

ဆက်ဖတ်မယ်ဆိုရင် ...

ရီစရာ မောစရာ ဟာသများ (၂)

ခေါင်းတွေကိုစားလို့.....

စာမေးပွဲတစ်ခုတွင် မှား၊မှန် မေးခွန်းအမျိုးအစားများကိုသာမေးလေသည်။
ကျောင်းသားတစ်ယောက်သည် ပိုက်ဆံအကြွေစေ့တစ်စေ့အားမြောက်ကာ အဖြေများအားချရေးလေသည်။
ပရော်ဖက်ဆာက စဉ်းစားလေသည်။
- သူကတော့ အရင်ဆုံးပြီးတော့မှာပဲ။
စာမေးပွဲအချိန်ပြည့်သွားလေသည်။
ကျန်ကျောင်းသားများသည် အဖြေများရေးပြီး၊ အဖြေစာရွက် အပ်ကာထွက်သွားသော်လည်း ယင်းကျောင်းသားမှာ အကြွေစေ့အားဆက်၍မြောက်နေဆဲပင်ဖြစ်လေသည်။
ပရော်ဖက်ဆာသည် စိတ်တွင် မရိုးမရွှဖြစ်လာကာ၊ ကျောင်းသားအားမေးလေသည်။
- မင်း မေးခွန်းအားလုံးကို ဖြေပြီးပြီမဟုတ်လား။
- ဟုတ်ကဲ့ဖြေပြီးပါပြီ။
- အေး ဒါဆို ဘာဆက်လုပ်နေတာလဲကွ။
- အဖြေပြန်စစ်နေတာခင်ဗျ။


မောင်ခေါ်ရာလိုက်ခဲ့တော့.....

အမျိုးသမီးမှ သူမ၏ အမျိုးသားကိုပြောသည်။
- တို့လည်းနော် ဘယ်မှလည်း မထွက်ဖြစ်၊ မသွားဖြစ်ဘူးနော်။
- အေး၊ မနက်ဖြန်ခါ အမှိုက်ပစ်သွားမယ်၊ မင်းကိုငါနဲ့အတူခေါ်မယ်နော်။

ကိုယ့်ကလေးကျတော့သိတတ်လိုက်တာ...

- မိန်းမရေ၊ တို့ကလေးဘယ်နှစ်ယောက်ရှိတာလဲကွ။
- နှစ်ယောက်လေ။
- အခန်းထဲမှာ ခြောက်ယောက်ဖြစ်နေပါ့လား။
- အော် သူတို့ သူငယ်ချင်းလေးတွေ ရောက်နေတာ။
- ဘယ်လိုလုပ်ပြီး တို့ကလေးနဲ့ တစ်ခြားကလေးကို ခွဲရမှာလဲကွ။
- အော် ကျမ အမှတ်အသားလုပ်ထားတယ်။ ထိပ်ကွက်ပြီး အနီရောင်ဆေးဆိုးထားတာက တို့ကလေးတွေ မဟုတ်ဘူး။

အပေါင်းအသင်းကောင်းဆိုတာဒီလို..

- အမျိုးသမီး အပေါင်းအသင်းများ
မိန်းမတစ်ယောက်သည် ညအိမ်ပြန်မအိပ်ဘဲ၊ မနက်လင်းခါမှ အိမ်ပြန်ရောက်လာကာ ညက သူငယ်ချင်းမ တစ်ယောက်ထံတွင်အိပ်ခဲ့သည်ဟု ပြောလေသည်။
ယောက်ျားမှ မိန်းမနှင့် အခင်မင်ဆုံး သူငယ်ချင်းမ ၁၀ ယောက်ထံသို့ ဖုန်းဆက်ကာ မေးမြန်းသောအခါ - ၁၀ ယောက်လုံးသည် ညတုန်းက သူမတို့ဆီတွင် အိပ်မသွားပါဟု ဖြေကြလေသည်။
- အမျိုးသား အပေါင်းအသင်းများ
ယောက်က်ျားတစ်ယောက်သည် ညအိမ်ပြန်မအိပ်ဘဲ၊ မနက်လင်းခါမှ အိမ်ပြန်ရောက်လာကာ ညက သူငယ်ချင်း တစ်ယောက်ထံတွင်အိပ်ခဲ့သည်ဟု ပြောလေသည်။
မိန်းမမှ ယောက်ျားနှင့် အခင်မင်ဆုံး သူငယ်ချင်း ၁၀ ယောက်ထံသို့ ဖုန်းဆက်ကာ မေးမြန်းသောအခါ - ၅ ယောက်မှ သူတို့ထံတွင်အိပ်၍ ပြန်သွားပြီးဟုဖြေပြီး၊ ကျန် ၅ ယောက်က ယခုဖုန်းဆက်သည် အချိန်ထိ သူ့တို့ဆီတွင်ရှိသည်ဟု ဖြေကြလေသည်။

ဆက်ဖတ်မယ်ဆိုရင် ...

ယောက်ျားဘသား လူကလေးများသို့ ... .. .

မြန်မာဘလောဂ့် တစ်ခုကနေ ကျွန်တော်တို့ မြန်မာယောက်ျားလေးတွေကို ဖြစ်စေချင်တဲ့၊ ဖြစ်လဲဖြစ်သင့်တဲ့ အယူအဆလေးတွေ အတွေးအခေါ်လေးတွေ ဖတ်ရတော့ ကျွန်တော် အမကြီးတစ်ယောက်ဆီကနေ ရဖူးတဲ့ ကဗျာလေးတစ်ခုကို ပြန်မျှဝေလိုက်တယ်။
ထူးဆန်းတာ တစ်ခုကိုလဲ သတိထားမိရဲ့။ ကျွန်တော့်ကို ကဗျာပေးဖတ်တာကလဲ အမကြီးပဲ၊ ဘလောဂ့်မှာရေးထားတာလဲ အမကြီးပဲလေ။ (ငယ်ရင်လဲငယ်အုံးမှာပါ၊ သေချာမသိလို့နော … စိတ်ဆိုးနဲ့ :P) ဒီကဗျာကို အရင်ခံစားတုန်းက (ပထမဆုံးဖတ်ရတုန်းက) ချရေးထားတာလေးတွေပါ ဒီပို့စ်မှာထည့်ပေးလိုက်တယ်။ စိတ်ဝင်တစား ဆွေးနွေးထားတဲ့ ပို့စ်က ဒီမှာဖတ်ပါ။

“လူကလေးများအလိုရှိသည်”
ထက်မြက်သော၊ စေတနာအသာရှိသော လူကလေးများ
ကိုယ်ရောစိတ်ပါ အားကောင်းမောင်းသန်များ
ဘာမဆို ကျော်နင်းအောင်မြင်ဖို့ စွမ်းသူများ
ထိုသူများအား အချိန်တိုင်း နာရီတိုင်း အလိုရှိသည်။
အားနည်းသူကို အလိုမရှိ၊ အကျိုးမပြီး အချည်းနှီးငြီးတွားနေသူ
အခက်အခဲများကို ပုံကြီးချဲ့သူ
‘ ငါမတတ်နိုင်ဘူး ‘ ယင်းစကားလုံး လက်စွဲသုံးသူများ အလိုမရှိ
‘ ငါကြိုးစားမယ် ‘ ထိုမြင့်မြတ်သော စကားတစ်ခွန်းသာ အလိုရှိသည်။
လုပ်စရာရှိသည်တို့ကို လုပ်၊
အမှန်တကယ် စွဲမြဲသဒ္ဓါ ဇွဲရှိလျှက်သာလုပ်၊
လုပ်ရေးဆောင်တာကို ခွန်အားဗလနှင့်လုပ်ကာ
ကြိုးပမ်းလျှက်သာ ထမ်းလော့။
တာဝန်ဟာ ခက်ခဲစေကာမူ
ကံမကောင်းဟူ၍ မမှတ်ယူလင့်၊
သန့်ရှင်းဖြူစင်သော ဆောင်ကြဉ်းစရာဖြစ်လျှင်
သန့်ရှင်းဖြူစင်သော မနောနှင့်ဆောင်ရွက်လော့။
အလုပ်ရုံ၌ဖြစ်စေ၊ လယ်ကွင်းထဲ၌ဖြစ်စေ
စားပွဲ၌ဖြစ်အုံး၊ ရောက်လေသမျှနေရာတိုင်း
သင်တို့၏ အားထုတ်မှု၌သာ
နိုင်ငံကံကြမ္မာ တည်နေပါတယ် လူကလေးတို့။ ။

ကိုယ်တိုင်က အဲဒီလို လူငယ်တစ်ယောက် မဟုတ်တာကတော့ သေချာတယ်။ “အကျိုးမပြီး အချည်းနှီးငြီးတွားနေသူ၊ အခက်အခဲများကို ပုံကြီးချဲ့သူ၊ ‘ ငါမတတ်နိုင်ဘူး ‘ ယင်းစကားလုံး လက်စွဲသုံးသူ” အဲဒီမှာတင် စာမေးပွဲကျတယ်ဗျာ။ လူက အပျင်းရောဂါ စွဲနေပေါ့။ ဘာလုပ်လုပ် ကိုယ်တိုင် အားမရတာတွေ၊ ကိုယ့်ကိုကိုယ် ယုံကြည်မှုတွေ အားနည်းတာတွေနဲ့လေ။ အချိန်အားရပြီဟေ့ဆိုလဲ သူများမကောင်းကြောင်း ကိုယ့်ကောင်းကြောင်း ပြောရတာ အမောပဲ။
တစ်ကယ်က ကျွန်တော်တို့ အသက်အရွယ်ဆိုတာ တစ်ကယ့် အားကောင်းမောင်းသန်၊ အရာရာကို စိတ်ဝင်စားပြီးတော့ ကဲလုပ်လိုက်ကြမယ်ဟေ့ ဆိုတဲ့ စိတ်ဓာတ်မျိုးနဲ့ တက်ကြွတဲ့ လူငယ်တွေ ဖြစ်ရမယ်။ ဒီနေ့ခေတ် ကမ္ဘာ့လူငယ်တွေကြားမှာ တို့တတွေလဲ ရင်ဘောင်တန်း လက်ခမောင်းခတ်နေရမှာ။ ကိုယ်တိုင်အရကတော့ အားရစရာမရှိဘူးဗျ။ ငါမကောင်းတာနဲ့ သူများမကောင်းဘူး ပြောလိုတာမဟုတ်ဘူး။ ဒီနေ့ ဒီအချိန်မှာ အားရစရာ အားကျစရာ လူငယ်တွေလဲ ပြည့်လို့။ ဒါပေမဲ့ အားမနာပဲ ဝေဖန်ကြည့်ရရင်တော့ အများနဲ့ ရင်ဘောင်တန်းရအောင်ဆိုရင် ရေအတွက်က နည်းနေသလိုပဲ။ သိသလောက်ကတော့ ရောင်ဝါးတွေနဲ့ ဘေးထိုင်ဘုပြောတွေ၊ အနာဂတ်ဆိုတာ နောက်ဖေးလမ်းကြားက ဘိလယက်ခုံလောက် စိတ်ဝင်စားစရာ ကောင်းပုံမပေါ်ဘူး။ ဒါတွေက ကိုယ့်အချင်းချင်း သက်တူရွယ်တူချင်း ကိုယ်ကပြန်ပြီး မကောင်းပြောနေတာ။ (အဲဒါကြောင့် ကြိုပြောထားသားပဲ သူများမကောင်းကြောင်းဆို မောနေအောင်ပြောတယ်လို့။)
လူကြီးတွေကတော့ တောင်းဆိုကုန်ပေါ့။ လူငယ်တွေ၊ တန်ဖိုးရှိတဲ့ လူငယ်တွေ လိုချင်သတဲ့။ ဘယ်လိုပဲပြောပြော သူတို့ကလဲ ငယ်ခဲ့ဘူးတယ်။ တို့တွေရဲ့ ခံစားချက်တွေကို နားလည်မှာပါ။ အားမလို အားမရနဲ့ ကြိုးစားကြစမ်းပါလို့ ပြောယူနေရတဲ့ အဆင့်ကိုတော့ ရောက်နေလို့ ဖြစ်မှာပေါ့။ သူတို့ အားမရခဲ့တာတွေကို တို့တတွေနဲ့ ဖြည့်ဆည်း၊ အင်း… တဖြည်းဖြည်းနဲ့ ငါတို့ကလဲ ပခုံးပြောင်းဖို့နီးနီးလာတော့ အမှိုက်တွေပဲ ပေးမလား၊ နောက်က (တို့တွေက) လူငယ်ခေါ်ရမဲ့သူတွေကို လက်ဆောင်ကောင်းကောင်းပဲ ပေးမလား။ လက်ဆောင်ကောင်းကောင်း ဆိုရင်တော့ ငယ်ငယ်ကတည်းက ကြားဘူးတဲ့ သီချင်းစာသားတစ်ခုကို ကိုယ်တိုင်အတွက် ဆိုရတော့မှာပဲ။
ထိုင်နေလို့တော့ ဘာမှဖြစ်မလာဘူး……

သုခမိန်

ဆက်ဖတ်မယ်ဆိုရင် ...