ယုံကြည်လို့
သင်လို့ တတ်ခဲ့တာ မဟုတ်ဘူး
မွေးရာပါ မှားတဲ့သန္ဓေဟာ
ကြာကြာဝါးတော့ ခါးတယ်
တူးလိုက်
နား ... နားပြီး ဆက်တူးလိုက်
မိုက်တွင်းတွေ နက်သထက်နက်ခဲ့ပေါ့ ... ။ကျားစွယ်ကို သွေးသောက်ခဲ့
ယုံကြည်လို့
သစ်ပင်ကို ခုတ်ပြီး
သစ်ငုတ်ကို ကိုးကွယ်ခဲ့
ယုံကြည်လို့
ဆေးမှင်ကြောင်တွေ ဖျက်ခဲ့
ယုံကြည်လို့
သစ္စာတရားကို အဆိပ်ခပ်ခဲ့
ယုံကြည်လို့
ကိုယ်စားရမယ့် ညစာထဲ
ကိုယ်တိုင် အပင်း သွင်းခဲ့
အလျော်အစားမရှိတဲ့ ကစားပွဲမှာ
ချစ်တော့ ချစ်လို့
မုန်းတော့ မုန်းလို့
တစ်ဖက်မှာ ပြုစားခံရစမြဲ။...........။
ကိုသျှပ် (ကန့်ဘလူ)
၂၉၁၁၂၀၂၅
2 months ago
No comments:
Post a Comment