Sunday, January 31, 2010

Love Marriage??? Arranged Marriage???


ကျွန်မမိတ်ဆွေတွေက ကျွန်မကိုမကြာခဏမေးခဲ့ဖူးပါတယ်...
ကိုယ်ချစ်တဲ့သူနဲ့ လက်ထပ်မှာလား???
မိဘကသဘောတူတဲ့သူနဲ့ လက်ထပ်မှာလား??? တဲ့...
ကျွန်မက ကိုယ်ကချစ်ပြီး မိဘကပါသဘောတူတဲ့သူနဲ့လက်ထပ်ချင်တယ်လို့ ပြောခဲ့ဖူးပါတယ်...
ငယ်ရွယ်တဲ့အသက်အရွယ်မှာတော့ ကိုယ်ချစ်တဲ့သူနဲ့ပဲ လက်ထပ်ချင်ကြတယ်...
ငယ်ရွယ်တဲ့အသက်အရွယ်မှာတော့ နှလုံးသားအလိုဆန္ဒကိုပဲ ဦးစားပေးကြတာများပါတယ်...
မိဘသဘောတူတူ မတူတူ ကိုယ်ချစ်တဲ့ ကိုယ့်ချစ်သူနဲ့ပဲ လက်ထပ်ဖြစ်ကြတာများမယ်လို့ ကျွန်မထင်ပါတယ်...
အသက်အရွယ်ရလာတော့ နှလုံးသားခံစားချက် ၊ ကိုယ့်စိတ်ခံစားချက်ကို ထိန်းချုပ်လာနိုင်ကြပြီး ဦးဏှောက်နဲ့ စဉ်းစားဆုံးဖြတ်လာတာများလာတယ်...




ကျွန်မအမြင်ကတော့...
ကိုယ်ချစ်တဲ့သူနဲ့ဖြစ်ဖြစ် ...
မိဘက သဘောတူစီစဉ်ပေးတဲ့သူနဲ့ဖြစ်ဖြစ်...
လက်ထပ်တယ်ဆိုတာက သီးခြားစီဖြစ်နေတဲ့ ဘဝနှစ်ခုကို တစ်ခုတည်းဖြစ်အောင် ပေါင်းစပ်လိုက်တာပါပဲ....
ကိုယ့်ဘာသာကိုယ် တစ်ယောက်တည်းရပ်တည်နေတဲ့ ဘဝတစ်ခုမှာတောင် လိုအပ်ချက်တွေ အလိုဆန္ဒတွေများနေကြတယ်...
ဘဝနှစ်ခုကိုပေါင်းစပ်လိုက်တဲ့အချိန်မှာ လိုအပ်ချက်... ဆန္ဒတွေကပိုပိုများလာမယ်...
ဘယ်အရာမဆို အဆိုးနဲ့အကောင်းဆိုတာကတော့အမြဲဒွန်တွဲနေတာပါပဲ...
လူတစ်ယောက်နဲ့ပတ်သက်မိပြီဆိုရင်လည်း သူ့ ရဲ့ကောင်းကျိုး ဆိုးကျိုးနှစ်ခုစလုံးကို ခံစားကြရတာပါပဲ...
ချစ်သောမျက်စိနဲ့ကြည့်ရင်တော့ ဘာပဲလုပ်နေလုပ်နေ အပြစ်မမြင် အပြစ်မတင်ရက်ပေမဲ့…
မချစ်တဲ့သူတစ်ယောက်ကိုတော့ အသေးအမွားကိစ္စလေးတွေမှာခွင့်လွတ်နိုင်ပေမဲ့ ကိစ္စကြီးတွေမှာတော့ ခွင့်လွှတ်နိုင်ဖို့ဆိုတာ မလွယ်လှပါဘူး…
လက်ထပ်ပြီးတဲ့ ကျွန်မသူငယ်ချင်းတစ်ယောက်ကတော့ ကျွန်မကိုပြောဖူးပါတယ်…
လူနှစ်ယောက်လက်ထပ်ပြီးရင် ချစ်တာထက် တစ်ယောက်နဲ့တစ်ယောက် မေတ္တာထားနိုင်ဖို့ရယ် နားလည်ပေးနိုင်ဖို့ရယ် အရေးကြီးပါတယ်တဲ့…
စဉ်းစားကြည့်တော့ သူပြောတာမှန်ပါတယ်…
ကိုယ်ချစ်တဲ့သူကို လက်ထပ်သည်ဖြစ်စေ… မိဘသဘောတူတဲ့သူကိုလက်ထပ်သည်ဖြစ်စေ သူ့ရဲ့စိတ်ထား … သူလုပ်ကိုင်တာတွေ… သူ့အပြုအမူတွေကို ကိုယ်ကနားလည်ပေးနိုင်တယ်… ကိုယ်နဲ့ပတ်သက်တာတွေကိုလည်း သူကနားလည်ပေးနိုင်တယ်ဆိုရင် နှစ်ယောက်
ရှေ့ ဆက်ရမဲ့ ဘဝတစ်ခုက အဆင်ပြေမှာပါ…
ခက်တာကလည်း “နားလည်ပေးပါတယ်” ဆိုတဲ့စကားတစ်ခွန်းက ပြောရတာသာလွယ်တာပါ… တကယ်နားလည်ပေးရတော့ခက်ပါတယ် ….
ကျွန်မသူငယ်ချင်းပြောသလိုပါပဲ ကိုယ်ကနားလည်ပေးထားတာကိုလည်း သူကအသိအမှတ်ပြုပြီး ကိုယ့်စေတနာကိုနားလည်ဦးမှတဲ့…. ကိုယ်ကနားလည်ပေးလိုက် သူကလုပ်ချင်တာတွေလုပ်လိုက်နဲ့ဆို နားလည်ပေးတဲ့သူအတွက် အခက်ကြုံနိုင်ပါတယ်…
လူ့သဘောသဘာဝအရတော့ သည်းခံခွင့်လွတ်တယ်ဆိုတာကလည်း အတိုင်းအတာ တစ်ခုအထိပဲဖြစ်နိုင်ပါတယ်…
ကျွန်မအနေနဲ့ကတော့ မိဘကသဘောတူသူ၊ ကိုကလည်း မေတ္တာထားနိုင်တဲ့သူ…
ကိုယ့်အပေါ်မှာ မေတ္တာထားနိုင်တဲ့သူကိုပဲလက်ထပ်ဖြစ်မှာပါ…

အားလုံးလည်း အခြေခိုင်မာတဲ့ အိမ်ထောင်ရေးများ ပြုစုပျိုးထောင်နိုင်၊ တည်ဆောက်နိုင်ကြပါစေလို့ . . . .

မယ်

3 comments:

စန္ဒကူး said...

ဟုတ်တယ်... ကိုယ်မချစ်တဲ့သူကိုများအိမ်ထောင် ပြုမိရင်တော့ အိမ်မြောင်ဖြတ်လျှောက်တာတောင် ရန်ဖြစ်မယ့်ကိန်းဘဲ...
တစ်ကယ်တော့ အသက်ရွယ်ရင့်ကျက်လာလေ..မိုက်ရူးရဲဆန် အချစ်တစ်ခုသာကြည့်ပီးလုပ်ဖို့ မရဲလေဘဲ..
ကိုယ်ချစ်တဲ့သူကို မိဘတွေလဲသဘောတူကြည် ဖြူ အောင်ညှိယူရင်းဘဲ အချိန်တွေကုန်ကုန်သွားတယ်...
နောက်ဆုံးတော့ အပျိုကြီးဘဲဖြစ်တော့မယ်ထင်ပါရဲ့..း)

asianmoon said...

Have you got any idea for "how to get parent's agreement" to get married with the one I love ?
Anybody, Please help me!!!

ဝါခေါင်မိုး said...

“နားလည်ပေးပါတယ်” ဆိုတဲ့စကားတစ်ခွန်းက ပြောရတာသာလွယ်တာပါ… တကယ်နားလည်ပေးရတော့ခက်ပါတယ် ….
ကိုယ်ကနားလည်ပေးထားတာကိုလည်း သူကအသိအမှတ်ပြုပြီး ကိုယ့်စေတနာကိုနားလည်ဦးမှတဲ့…. ကိုယ်ကနားလည်ပေးလိုက် သူကလုပ်ချင်တာတွေလုပ်လိုက်နဲ့ဆို နားလည်ပေးတဲ့သူအတွက် အခက်ကြုံနိုင်ပါတယ်…
လူ့သဘောသဘာဝအရတော့ သည်းခံခွင့်လွတ်တယ်ဆိုတာကလည်း အတိုင်းအတာ တစ်ခုအထိပဲဖြစ်နိုင်ပါတယ်…...
အင်း.....ဟုတ်တယ်နော်။ ၀ါခေါင်အဖို့တော့ အဲဒီ နားလည်ဖို့နဲ့ သည်းခံဖို့က တကယ်မလွယ်တဲ့အလုပ်ပဲ။
နားလည်ပြီး သည်းခံတတ်သူတစ်ယောက်ဖြစ်ဖို့ အတော်ကြိုးစားယူရမယ်။
မျှဝေပေးတာ ကျေးဇူးပါ မယ် ရေ...