Saturday, August 22, 2009

၄၂ စစ်တမ်း


လွန်ခဲ့တဲ့ (၁၀)နှစ်တိတိက သြဂတ်လ (၂၂)ရက်နေ့မှာ
ကျနော့်ရဲ့ မိတ်ဆွေ၊ လုပ်ဖော်ကိုင်ဖက်၊ အခန်းဖော်၊ ကျေးဇူးရှင် ဦးလေးတစ်ယောက်ရဲ့ (၄၂)နှစ်ပြည့်မွေးနေ့မှာ အမှတ်တရ ရေးပေးခဲ့တဲ့ ကဗျာလေးပါ။ ကျနော့်ဘဝရဲ့ တစ်ခန်းတစ်ဏ္ဍမှာ ထိုဦးလေးဟာ အရေးကြီးတဲ့ တစ်စိတ်တစ်ဒေသက ပါဝင်ပေးခဲ့သူပါ။ အခုတော့ တွေ့ကြုံဆုံကွဲ ဖြစ်မြဲဓမ္မတာ ကျနော်တို့ အဆက်အသွယ်ပြတ်တောက်နေတာ နှစ်ပေါင်းအတော်ကြာပါပြီ။

ဒီနေ့ ထိုဦးလေးရဲ့ (၅၂)နှစ်ပြည့်မွေးနေ့မင်္ဂလာမှာ သူ့ရဲ့ ကျေးဇူးတရားတွေကို ဦးထိပ်ထားပြီး ကံသုံးပါးတို့နဲ့ ပြစ်မှားကျူးလွန်မိခဲ့သည်များရှိရင် ခွင့်လွှတ်ပါလို့ ရည်စူးတောင်းပန်ရင်း အဲဒီကဗျာလေးကိုပဲ သူ့အတွက် မွေးနေ့လက်ဆောင်အဖြစ် မျှဝေပါရစေ။ ဒီကဗျာလေးကို တခုတ်တရ သိမ်းထားပြီး တကူးတက ပြန်ပို့ပေးတဲ့သူကတော့ ထုံးစံအတိုင်း ကျနော်၏ ချစ်လှစွာသော အနန္တကျေးဇူးရှင် အမေပါပဲ။



၄၂ စစ်တမ်း


၄၀ ကျော် ၅၀ တွင်း
ချဉ်းနင်းဝင်ရောက်
တည်ဆောက်ခဲ့သမိုင်း
ယဉ်သလား ...
ရိုင်းသလား ...
ထား ... ။

ခွဲခြားပိုင်းစစ်
လေးဆယ့်နှစ်မှာ
ဥစ္စာ
ပညာ
ဘာဝနာ
ဘယ်ဟာတွေ သင် ရခဲ့ပြီလဲ၊
ဘယ်ဟာတွေ သင် ရဦးမှာလဲ၊
ဘယ်ဟာတွေ သင့် နောက်ပါမလဲ၊
လဲ ...............
လဲ ..........
လဲ .....။

လဲ ပေါင်းများစွာ
မေးစစ်ခါဖြင့်
မကြာသေတွင်း
မသက်ဆင်းခင်
မှန်ခြင်းတရားကျင့်အပ်ပေ။...........။
ကျန်ကြွင်းမထားမြင့်မြတ်စေ။...........။


မာရေးသျှင်
22-AUG-1999(SUN)

5 comments:

မြစ်ကျိုးအင်း said...

လွန်ခဲ့တဲ့ ၁၀ နှစ်ထဲက ကဗျာလေးပေါ့ အနိစ္စ သဘောကို
မြင်အောင်ရေးထားတဲ့ ကဗျာလေးပါပဲ...။ဦးလေးတော် အတွက် တရားသဘော ကိုမျှဝေလက်ဆောင်ပေးခဲ့တဲ့ စိတ်ကူးလေးကကောင်းလွန်းတယ်...။

မတည်မြဲတဲ့အရာတွေပေးလို့ အသုံးမ၀င်နိင်ဘူးလေ...။
သူယူတာမယူတာ အသာထား ဒီလိုလက်ဆောင်လေး ပေးတဲ့ စိတ်ထားလေးတင် ကောင်းလှပါပြီ...။

မသက်ဇင် said...

မာရေးသျှင်
ဦးလေးရဲ့ကဗျာလေးကအလွန်ကောင်းလွန်းပါတယ်
ခင်မင်လျက်

Younggun said...

မှန်ခြင်းတရားကျင့်အပ်ပေ။...........။
ကျန်ကြွင်းမထားမြင့်မြတ်စေ။...........။
အဲဒီနှစ်ကြောင်းကိုတော့ဖြင့် နူတ်တက်ရွရွကနေ နှလုံးသားထဲအထိ တေးမှတ်သိမ်းဆည်းသွားပါတယ်။ တကယ်ရောက်တဲ့ စာသားပါလို့။

ဝါခေါင်မိုး said...

အင်းးး ဟုတ်ပ။
ကိုယ့်ဘ၀ကို စစ်တမ်းကောက်ဖို့မေ့နေလိုက်တာ။
ကောက်ကြည့်ဦးမှ။
ဘာတွေလိုသေးလဲ၊ ဘာတွေ ရပြီးပြီလဲဆိုတာ။


ဝါခေါင်မိုး said...

အင်းးး ဟုတ်ပ။
ကိုယ့်ဘ၀ကို စစ်တမ်းကောက်ဖို့မေ့နေလိုက်တာ။
ကောက်ကြည့်ဦးမှ။
ဘာတွေလိုသေးလဲ၊ ဘာတွေ ရပြီးပြီလဲဆိုတာ။