(၇)ရက်၊ သြဂတ်လ၊ ၂၀၀၉ (သောကြာနေ့)
ဒီနေ့ဟာ ကျနော်၏ချစ်ခင်မြတ်နိုးလေးစားကြည်ညိုရပါသော အနန္တကျေးဇူးရှင် အဖေရဲ့ (၆၂)နှစ်ပြည့် မွေးနေ့မင်္ဂလာဖြစ်ပါတယ်။ အဖေ့မွေးနေ့မှာ အထိမ်းအမှတ် ကဗျာတစ်ပုဒ်၊ စာတစ်ပုဒ် ကျနော်ရေးဖွဲ့ချင်ပါတယ်။ ဒါပေမယ့် ရင်ထဲမှာ စကားလုံးများစွာ ပြွတ်သိပ်လာတဲ့အခါ တစ်လုံးမျှထွက်မလာတော့ပါ။
အခုတလော E-Journal မှာ ၁၉၉၇ ခုနှစ်က ရေးဖြစ်ခဲ့တဲ့ကဗျာတော်တော်များကို ပြန်လည်ဝေမျှနေမိရာ ထိုနှစ်က အဖေ့ရဲ့မွေးနေ့မှာ ရေးဖြစ်ခဲ့တဲ့ကဗျာလေးကိုပဲ အမှတ်တရဖော်ပြဖို့ စိတ်ကူးရလာပါတယ်။
အဖေကတော့ ထုံးစံအတိုင်း ကျေနပ်ပျော်ရွှင်နေမှာ အသေအချာ။
သံသရာရှည်လျက်
အဆုံခက်သည့်
အမြတ်ဘာသာ
သာသနာတွက်
နှင်းဆက်အင်အား
သားကြိုးစား၍
သား၏ကိုယ်စား
သားညီဘွားကို
အင်အားဖေ့တွက်
သားနှင်းဆက်သည်
သာသနာထွန်းတောက်
ဖေဝမ်းမြောက်စေ။………..။
.
မာရေးသျှင်
7-8-1997(THU) 6:15am
3 comments:
မာရေးသျှင်ရဲ့ ဖခင် အသက်ရာကျော် ရှည်ပါစေလို့
ဆုတောင်းပါတယ်။
ကဗျာလေးလည်း ကြိုက်သလို ကဗျာအောက်က ကြေငြာချက်လေးကြောင့်လည်း ပြုံးမိပါတယ်။ :)
ကိုမာရေးရေ..
ကိုမာရေးရဲ့ဖေဖေလည်း အသက်ရာကျော်ရှည်စေသား။
ကိလေသာအပူတောက လူချောတစ်ယောက်လည်း ကျန်းမာရွှင်လန်းပါစေသားပေါ့ခင်မျာ။
ပျော်ရွှင်အဆင်ပြေပါစေကြောင်း
သုခမိန်
Post a Comment