Tuesday, May 12, 2009

Matisse and Renoir meet


Matisse and Renoir meet

လူရွယ်ဖြစ်တဲ့ ပန်းချီဆရာ Henri Matisse က ပန်းချီကျော်ဆရာကြီး Renoirဆီ၊ သူ့ပန်းချီခန်းကို အပတ်စဉ်အလည်သွားလေ့ရှိပါတယ်။ ဆရာရီနွာ(Renoir) က အဆစ်ရောင်ရောဂါဒဏ်ကို ခံစားရတဲ့အခါမှာ မာတီးစ်(Matisse) ကနေ့တိုင်းလိုသွားပြီး ဆရာ့အတွက် အစားအသောက် ပြင်ပေးတယ်၊ စုတ်တံတွေ ပန်းချီကားတွေ ပြင်ဆင်ပေးရင်းနဲ့ အလုပ်တွေအများကြီးလုပ်လွန်းလို့ အနားယူဖို့ ဆရာ့ကို ပြောရတယ်။




တနေ့မှာတော့ ဆရာစုတ်တံတချက်ဆွဲလိုက်တိုင်း နာကျင်လွန်းလို့ညီးတွားသံကို ကြားတော့ တပည့်ကျော်က ဆရာ့ကို မနေနိုင်လို့ ပြောပါတယ်။
- ဆရာရယ် ပန်းချီကားတွေ၊ အရေးကြီးတဲ့ အရာတွေ အများကြီးကိုလည်း ဖန်တီးပြီးပါပြီ။ ဘာလို့များ ဒီလိုနည်းနဲ့ ကိုယ့်ကိုယ်ကို ညဉ်းပန်းနေတာပါလဲဆရာရယ်။

- ရိုးရိုးလေးပါပဲကွယ်။ လို့ ဆရာ ရီနွာက ပြန်ပြောပါတယ်။
အလှတရားက ကျန်ခဲ့တယ်လေကွယ်၊ နာကျင်မှုဆိုတာ ပျောက်သွားတာပါတဲ့။

Paulo Coelho ၏ စာကို ဘာသာပြန်သည်။

7 comments:

မြစ်ကျိုးအင်း said...

အလှတရားက ကျန်ခဲ့တယ်လေကွယ်၊ နာကျင်မှုဆိုတာ ပျောက်သွားတာပါတဲ့။
တကယ်ကိုကောင်းတဲ့ စကားလေးပါဗျာ..ပြန်မျှဝေ ပေးတာ ကျေးဇူးပါ...။နောက်ထပ်ပြီးတော့ တန်ဘိုးရှိတဲ့
စာစုလေးတွေ မျှော်လင့်ပါတယ်...။

တားမြစ် ထားသော... said...

ကျွန်တော်တို့လည်း တတ်နိုင်သလောက် အလှတရားလေးတွေ ချန်ခဲ့ကြရအောင်လားဗျာ။

ကောင်းတဲ့စာလေးပါပဲ။
ဝေမျှတာ ကျေးဇူးပါ။
သုခမိန်

သီဟသစ် said...

အလှတရားတွေ ကျန်နိုင်အောင် လုပ်ဖို့ကြိုးစားရအုံးမယ် ဆိုတာ သိသွားပါတယ်ဗျာ..

မသက်ဇင် said...

အလှတရားက ကျန်ခဲ့တယ်လေကွယ်၊ နာကျင်မှုဆိုတာ ပျောက်သွားတာပါတဲ့။
ကောင်းလိုက်တာ

E-journal
ကို ဖတ်နေတာ ကြာပြီ သုခမိန် ကိုရေးခဲ့သလို
ရသနဲ့သုတ ကို ဖန်တီး နိုင်စွမ်းရှိပြီး အနာဂါတ် မြန်မာစာပေယဉ်ကျေးမှုအတွက်
အားထားလောက်တဲ့ ကလောင်ရှင် လူငယ်
တွေပါပဲ ခုတော့ သိရပြီ။
ကလောင်ရှင်တွေကတော့ -----
မယ် (Asterisk)
Rhyme
ကိုနယုန်မိုး
ကိုဗာဘို (ကို သုခမိန်)
အိမ်လွမ်းသူ (မှန်နီကုန်း)
ကိုကေဇက်
ကို မာရေးသျှင်
ကိုတောကြောင်
ကိုတာတူး။
အားလုံးကို လေးစားတန်ဘိုးထားပါတယ်။
မြန်မာလူငယ်များ စာများများဖတ်ကြပါ။
မြန်မာစာနှင့်မြန်မာ့ယဉ်ကျေးမှုကို
တန်ဘိုးထား ချစ်သူ

Anonymous said...

ကျနော်သိတဲ့အလှတရားကတော့ ဆီးချိုဆရာဝန်ဗျ.. ဟီး
သူလဲ ဘလော့ဂါပဲ.

Anonymous said...

လောကအတွက် ကိုယ်ဟာ အလှတရား ဖြစ်စေဖို့ အရေးကြီးသလို လောကမှာ တည်ရှိနေတဲ့ အလှတရားတွေကိုလဲ မြင်အောင် ကြည့်ပြီး တန်ဖိုးထားဖို့လေး တွေးမြင်သွားတယ် ခင်ဗျာ။ ကျေးဇူးတင်မိတယ်။ လေးစားလျက်..။

Anonymous said...

ဒီကနေ့ ကျနော်တို့ ခံစားနေဖို့ တင်ကျန်နေတဲ့ အလှတရားတွေအတွက် ဘိုးဘွားတို့ ရင်းစားခဲ့ကြတဲ့/နေကြတဲ့ နာကျင်မှုတွေ တကယ်ပဲပျောက်ကွယ်သွားကြခဲ့/မှာလား။ ကျနော်တို့မြေးမြစ်များ ခံစားဖို့ တင်ကျန်နေရစ်မယ့် အလှတရားတွေအတွက် ပျောက်ကွယ်သွားမယ့်ကျနော်တို့ နာကျင်မှုတွေ ဘယ်လောက် ရင်းစားခဲ့ကြပြီ/မှာလဲ။
ကျနော်၊ခင်များ ဘယ်နေရာမှာ ဘာလုပ်နေပါသလဲ???????????????????????