Tuesday, December 2, 2008

post devil

ခေတ်သစ်သရဲ

အဝေးတနေရာမှာ
မင်းကိုငါတမ်းတတော့
ကမ္ဘာ့ကွန်ယက်အကူအညီနဲ့
ငါတို့ လွမ်းတေးသီကြတာပေါ့။

“၈၀”လွန်နှစ်တွေဆီက
ခေတ်စားတဲ့သရဲတစ်ကောင်
အသဲမကြောင်တဲ့သမီးပျိုတွေနဲ့
ရဲရင့်တဲ့လူငယ်တစ်ချို့
ခေါစာပြစ်လို့တောင်ဖိတ်ခေါ်
ဖုံး*သရဲသူခေါ်တွင်သတဲ့။

ဒီမှာချစ်သူ
ငါတို့ရဲ့ကမ္ဘာကြီးတောင်
လုံးရာကပြား
ဈေးကွက်ဝင်အိုင်ဒီများနဲ့ရာစုနှစ်အသစ်
မြန်နှုန်းနဲ့စကားပြော
ဘုတောတော့လာမတောနဲ့
ဒေါက်ခနဲ အန်းတား*ခေါက်ရင်
ခေါင်းရင်းပေါက်ကနေ
ဒုံးကျည်တွေဝင်လာအုံးမတဲ့။

အားပိုသာလာတဲ့ခေတ်သစ်မှာ
သရဲသစ်တကောင်လည်း ပေါက်ဖွား
သူတအားပူးဝင်ရင်တော့
မျက်ကွင်းညိုအစားပျက်
လက်ချောင်းတွေသွက်လို့လာ
စိတ်ကူးကမ္ဘာကြီးကိုဖန်တီးအိမ်မက်
ချက်ခြင်းပြန်မောင်းရခက်လို့
အမြစ်ပြတ်ဖို့ဆိုဝေး
ဒင်း - ချက်*သရဲလေးတဲ့ကွယ်။

ကဲ - ချစ်သူရေ
ဒင်းဘယ်လောက်ဆိုးဆိုး
တို့အတွက်တော့တစ်မျိုးပေါ့
အဝေးတနေရာမှာ
မင်းကိုငါတမ်းတရင်
ကမ္ဘာ့ကွန်ယက်အကူအညီနဲ့
ငါတို့ လွမ်းတေးသီကြတာပေါ့ ချစ်သူ။

သုခမိန်။…..။
ဖုံး* - Telephone
အန်းတား* - Enter key from PC keyboard
ချက်* - Chatting via online

10 comments:

ဇနိ said...

လွမ်းနေတယ်ပေါ့လေ...
- လွမ်းကြပါဗျ... လွမ်းကြပါ...

Anonymous said...

ဟုတ်တယ် အကိုသုခမိန် ...
ကွန်ပျူတာဖန်သားပြင်တွေဆီကနေပဲ အလှမ်းကွာဝေးတဲ့တစ်နေရာက ချစ်သူပုံရိပ်ကိုပဲ
အင်တာနက်ကေဘယ်ကြိုးကနေ အလွမ်းသယ်နေရတာ ...
ပြားသွားတဲ့ကမ္ဘာကြီးမှာ ... ခိုတွေလည်း မရှိတော့ဘူး ... အကို
အိုင်တီအီးမေလ်းခေတ်ကြီးမှာ ... မြင်းဆက်သားတွေလည်း ပျောက်ဆုံးနေပြီ
တစ်ဒေါက်ဒေါက် အန်းတားခေါက်တဲ့ ကာလတွေမှာ တံဆိပ်ခေါင်းနဲ့ စာအိတ်တွေလည်း အသက်ရှုကြပ်နေမယ်...
အဲ ... Chat သရဲတစ်ကောင်ပူးဝင်လာခဲ့တာဆိုလေတော့ ... ခေါက်ဆွဲပြုတ်နဲ့ညားခဲ့တာ၊ ဒဏ်ကြေလိမ်းဆေးဆောင်ခဲ့တာ ... ကိုယ်ပိုင်အိမ်မက်တွေမက်ဖို့ အချိန်မလောက်ခဲ့တာ... အတင်းမောင်းနှင်ထုတ်လိုက်မှ ဒင်းက မကျေမနပ် ဖုတ်ဖက်ခါ ထထွက်သွားခဲ့တယ် အကို သုခမိန် ...။
အခုတော့ ... blog ဝေဒနာက ကုရာနိတ္ထိဆေးမရှိပါလား ... ဗျာ ... ။

ခင်မင်လေးစားစွာဖြင့်

မသက်ဇင် said...

လှပဆန်းသစ်တဲ့ ကဗျာကောင်းလေးတပုဒ်ပါ--
ကဗျာဆရာသုခမိန်ရယ်--လို့မပြောရဘူး---
အတွေးကောင်းအရေးကောင်း--
စကားလုံးတွေ ကျစ်လစ်တယ်--
ကဗျာအလှ ဖွဲ့စည်းတာ--ပိုင်တယ်---

manie said...

အဝေးတနေရာကမင်းကို
ငါတမ်းတရင်
မေးလ်ပို့ ....
ချက်တက်လို့ ...
ငါတို့ အလွမ်းဖြေကြမယ်...
(မဏီ)

ဝါခေါင်မိုး said...

ကောင်းတယ် ကဗျာလေးက။
အားပေးနေတယ်နော်။
ဝါခေါင်တော့ မလွမ်းအားသေးဘူး။
အလုပ်နဲနဲ များနေလို့။
သူများတွေလွမ်းတာကိုပဲ မျှဝေခံစားပေးလိုက်တယ်။

ရွှေပြည်သူ (ShwePyiThu) said...

“ဒင်းဘယ်လောက်ဆိုးဆိုး
တို့အတွက်တော့တစ်မျိုးပေါ့” တဲ့... ကိုသုခမိန်ရေ... Chatting အကြောင်းကို ဖွဲ့ထားတဲ့ ဖတ်ဖူးသမျှထဲမှာ အကြိုက်ဆုံးပါပဲ... ကဗျာကောင်းအတွက် ကျေးဇူးတင်ပါတယ်း)

Welcome said...

ဆောင်းညအေးအေးမှာ ချစ်သူနဲ့ ချက်နေရတဲ့ အရသာ ... အရသာ .. ..

http://winzaw-mdy.blogspot.com

Anonymous said...

လက်ချက်တွေက ကောင်းတယ်ဗျာ... အရမ်းသဘောကျတယ်ဗျာ... မဖတ်ရတာ အတော်ကြာနေလို့ အားရပါးရ ဖတ်သွားတယ်ဗျာ......

Dr Phyo Wai Kyaw said...

ကောင်းသဗျာ
ကြိုက်တယ်။

လင်းလက် said...

ကျွန်တော်နဲ့ကလေးလေးအနေအထားနဲ့ ဒီကဗျာလေးကို တော်တော်လေးကိုခံစားလို့ရသွားခဲ့တယ်...။
အားပေးတယ်...။