Tuesday, November 11, 2008

Plz let me share our strength!


ကျွန်တော့်ရဲ့ အဝေးရောက်ချစ်သူ (သို့) ခွန်အားမျှပါလေးကို မယ်ဆိုတဲ့ ကျွန်တော်တို့ အဖွဲ့သားတစ်ယောက်က မေးလ်မှာ ဒီလိုကွန်မန့်လိုက်မယ်လို့ နောက်ပြောလေးပြောသွားပြီး ကဗျာလေးရေးသွားပါတယ်။ ခေါင်းစဉ်ကတော့ ကျွန်တော်ပဲ ပေးလိုက်တာပါ။ စကားလုံးလေးတွေလည်း နည်းနည်းတော့ ပြင်လိုက်ပါတယ်။ သူ့ကို ခွင့်မတောင်းပဲ ကျွန်တော်က ဘလော့ဂ်မှာ တင်လိုက်တာပါ။ စိတ်ဆိုးမယ်လည်း မထင်ပါခင်ဗျာ။ ဖတ်လို့ကောင်းတယ်ဆိုရင်တော့ သူ့ကိုသာ ချီးကျူးကြပါလို့။
အားလုံးပဲ ပျော်ရွှင်အဆင်ပြေကြပါစေကြောင်း ဆန္ဒပြုရင်း၊

သုခမိန်။…..။



ခွန်အားမျှပါ
ချစ်သူရေ
ဟိုး.. ခပ်လှမ်းလှမ်းက
တောင်တန်းကြီးမှာ မင်းမျက်နှာမရှိပေမဲ့
ဘယ်သူမှဝင်မကြည့်နိုင်တဲ့
ငါ့ရင်ထဲမှာတော့
မင်းရှိနေတယ်။

ငါမဖြတ်သန်းချင်တဲ့
နေ့ရက်တွေဆိုတာလေ
မင်းဘေးမှာရှိမနေနိုင်တဲ့
နေ့ရက်တွေပါတယ်။

ငါမက်ခဲ့တဲ့
ဟောဟိုမှာ ငါထပ်မက်မဲ့
အိမ်မက်တွေတိုင်းမှာတော့
မင်းရှိနေလေရဲ့။

ဒါပေမဲ့ချစ်သူ
အဝေးရောက်နေသူရဲ့အလွမ်း
နွမ်းလျလွန်းတယ်ဆိုပေမဲ့
မင်းချစ်နေသေးတယ်ဆိုတဲ့အသိက
ငါ့ရင်ကိုလန်းစေတယ်။

ကဲ….
ယုံပါလို့မတောင်းဆိုရက်ပေမဲ့
လွမ်းမိတဲ့ငါ့အဖြစ်ကို
မင်းသိလို့ စာနာမိရင်
အလွမ်းတောင်ကိုဖြိုဖို့
ခွန်အားတစ်ချို့
ဝေမျှပါချစ်သူ။
မယ် (3:13PM)

6 comments:

မသက်ဇင် said...

မယ်---
ကဗျာလေးက ကောင်းလှချည်လား---

ယုံပါလို့မတောင်းဆိုရက်ပေမဲ့
လွမ်းမိတဲ့ငါ့အဖြစ်ကို
မင်းသိလို့ စာနာမိရင်
အလွမ်းတောင်ကိုဖြိုဖို့
ခွန်အားတစ်ချို့
ဝေမျှပါချစ်သူ။

ဒီစာပိုဒ်လေးက ရင်ထဲအထိ တိုးဝင်သွားတယ်
မယ့်--ကဗျာတွေ နောက်ပိုင်း ပိုလှလာတယ်-
အလွမ်းတောင်ကိုဖြိုဖို့ ချစ်သူဆီ ခွန်အားတချို့
တောင်းနေပုံလေးဟာ နူးညံ့ပြီး ခယ-တောင်းပန် နေသလိုပဲ--ချစ်သူကို အရာရာအလျှော့ပေးချစ်နေပုံကို လှပတဲ့ ကဗျာစာသားလေးတွေက ဖေါ်ပြနေပါတယ်-

မယ် said...

စိတ်ဆိုးရန်ခက်...
တင်ပြချက်က...
ဘယ်နှယ်ပြောရမယ်မသိ
မယ်မှာခက်ပါ၏....
ဘယ်သူ့ ကိုရည်ရွယ်တယ်သူမသိ
နောက်ဖို့ တာသိလှပါတယ်
အိုဘယ်လူကြီးဆိုးလှချည်ရက်
မယ့်ချစ်သူမှာဖတ်ခွင့်မှဖတ်ခွင့်မရသေး
လူအများမှာသိတယ်လေး....
(မယ်)

တားမြစ် ထားသော... said...

ဟား ဟား။
မယ်ရေ... ဆောဒီးဗျ။ ချစ်သူကိုနောက်မှပြလည်း ရပါတယ်ဗျာ။ ဒီမှာ ငါ့ခံစားချက်ကို အများမြင်အောင်တောင် ချပြထားပြီပေါ့ ဟုတ်ဘူးလား။

ကဗျာမြင်ရင် မျှဝေချင်တာက ဆန္ဒဗျ။ စိတ်မဆိုးပါနဲ့ခင်ဗျာ။

ပျော်ရွှင်အဆင်ပြေပါစေ။

သုခမိန်(E-Journal)

khin oo may said...

ကောင်းတယ် တကယ်ပြောတာပါ။

တာတူး(၀ါ) အမေ့ခံလူတစ်ယောက် said...

မယ်ရေ လူတွေ အထင်ကြီးအောင် ချစ်သူတွေ ဘာတွေ မလုပ်နဲ့လေ ။
ယပင့်လား ရရစ်လား သေချာတော ပြောနော် ။
အဆောင်ရှေ့မှာ အသုပ်လာရောင်းတဲ့ ခြစ်သူ ကြီးလား ။
ဟီး . . . :D ။
စတာနော် ဘလော့ကိုတော့ သံယောဇဉ် မဖြတ်နဲ့ ။

ပျောင်ရွှင် အဆင်ပြေပါစေဗျာ ။

PAUK said...

မမကေအိုအမ်ပြောသလိုပဲ...
ကောင်းတယ်..တကယ်ပြောတာပါ။။
အပိုဒ်တိုင်း ကြိုက်တယ်။။