Monday, November 10, 2008

missing U, plz let me share our strength!

အဝေးရောက်ချစ်သူ (သို့) ခွန်အားမျှပါ








ချစ်သူရေ
ဟိုး.. ခပ်လှမ်းလှမ်းက
တောင်တန်းကြီးမှာလည်း မင်းမျက်နှာရှိတယ်။
ငါမဖြတ်သန်းချင်တဲ့
တစ်နေ့တာ အတွေးတွေက
မင်းအရိပ်ကို ပုံဖော်လေတယ်။
ငါမဖြတ်သန်းချင်တဲ့
ညစဉ်တိုင်းကုန်ဆုံးစေဖို့
အိမ်မက်တို့ကို နင်ဖန်ဆင်းတယ်။
ဒါပေမဲ့ ချစ်သူ
အဝေးရောက်နေသူရဲ့ အလွမ်း
ဘယ်လောက်ပဲလန်းဆန်းနေပါစေ
တို့နှစ်ယောက်အတွက်
နွေးထွေးမှုတို့ ခန်းခြောက်သတဲ့လား။

ကဲ….
မယုံချင်နေ ပုံပြင်တွေမှတ်
တိုးလို့သာနှောင် ငါ့အလွမ်းတောင်ကို
ရင်ဆိုင်ကျော်ဖြတ် ချစ်ပန်းဆက်ဖို့
ခွန်အားတစ်ချို့ ပေးမျှစေလို
(အို)
အလွမ်းချိုလို့
မင်းသတ်မှတ်ပေးပါ ချစ်သူ။

သုခမိန်။…..။

7 comments:

Welcome said...

ကဗျာလေး လာဖတ်ပါတယ်။
နွေးထွေးမှုတွေနဲ့ ထာဝရ ခွန်အား ရှိနေပါစေဗျာ

အားပေးလျက်ပါ
http://winzaw-mdy.blogspot.com

Welcome said...

ကဗျာလေး လာဖတ်ပါတယ်။
နွေးထွေးမှုတွေနဲ့ ထာဝရ ခွန်အား ရှိနေပါစေဗျာ

အားပေးလျက်ပါ
http://winzaw-mdy.blogspot.com

ရွှေပြည်သူ (ShwePyiThu) said...

တကယ်ကို ချိုမြတဲ့ ကဗျာလေးတစ်ပုဒ်ပါ။ အလွမ်းတွေကြောင့် ရှတတလေးလည်း ဖြစ်နေသေးတယ်။ ကဗျာကောင်းလေး ဖတ်ရလို့ ကျေးဇူးတင်ပါတယ် ကိုသုခမိန်ရေ...

Anonymous said...

လှလိုက်တာ အကိုရယ်၊ ကဗျာလေး သိပ်လှတယ်
အကိုကဗျာလေးဖတ်မိပြီး စိုးလွင်လွင်ရဲ့ ခွန်အားမျှပါ ဆိုတဲ့ သီချင်းလေး ပြန်သတိရပြီး တီးတိုးညည်းမိတယ်။ အလွမ်းတွေ ချိုမြိန်ပါစေဗျာ ။

ခင်မင်လေးစားစွာဖြင့်

nika said...

remove my photo from your blog please.

တားမြစ် ထားသော... said...

nika, I already removed ur photo, sorry for ur privacy.

VBT (E-Journal)

တာတူး(၀ါ) အမေ့ခံလူတစ်ယောက် said...

ကိုသုရေ ခင်ဗျားကတော့ ကျနော့်ကို ငိုချင်ရက် လက်တို့နေပြန်ဘီ။
ကဗျာကလည်း ရင်ဘတ်ကို တည့်တည့်လာမှန်ပြန်တယ် ။ လွမ်းတယ်ဗျာ ။
ခွန်အားမျှပါလို့ တောင်းဆိုလည်း ခင်ဗျားလို ကြားနိုင် မြင်နိုင်သူ မရှိလေတော့
(သူမက လာ ကို မလာလို့ :) ဘုရားရှေ့မှာသာ ဆုမွန်တွေ အခါခါတောင်းရင်း . . . .

တိုးလို့သာနှောင် ငါ့အလွမ်းတောင်ကို
ရင်ဆိုင်ကျော်ဖြတ် ချစ်ပန်းဆက်ဖို့
ခွန်အားတစ်ချို့ ပေးမျှစေလို ။