Saturday, November 1, 2008

ကောင်လေးရေ.....

I LOVE U... BUT U LIE ME!!!


ကောင်လေးရေ……
မင်းအပေါ်မှာ မောင်ရင်းတယောက်လို
ဖြူစင်စွာနဲ့  ငါချစ်ခဲ့တယ်…
မင်းမသိတဲ့ အတိတ်အကြောင်းတွေလည်း
ပွင့်လင်းစွာနဲ့  ငါပြောခဲ့ဖူးတယ်…
မင်းပြုခဲ့တဲ့ လုပ်ရပ်တွေကြောင့်
ရင်နာစွာနဲ့  ငါငိုခဲ့ဖူးတယ်…
မင်းမလိုအပ်လို့  ထားခဲ့ချိန်လည်း
တိတ်ဆိတ်စွာနဲ့  ငါနေရစ်ခဲ့တယ်…
မင်းအဆင်မပြေလို့  စိတ်ညစ်ချိန်တိုင်း
နားလည်စွာနဲ့  ငါဖေးမခဲ့တယ်…
မင်းအပေါ်ထားမိခဲ့ မေတ္တာစစ်အတွက်
ရရှိခဲ့တာ လှည့်စားမှုတဲ့…
မင်းပြောခဲ့တဲ့ စကားတခွန်းက
"SORRY! I LIE U" တဲ့…
မယ်(31.10.08)

3 comments:

မသက်ဇင် said...

မယ်ရေ---
ဖတ်လို့ရသလောက်ကဗျာလေးကိုဖတ်တာ--
စာတွေက အရိပ်ကွယ်နေတယ်လေ--
ဖတ်လို့ရသလောက်ကတော့--ကဗျာလေးက
ခံစားချက်လေးနဲ့ရေးထားတာ--ကောင်းတယ်--
ဓါတ်ပုံနဲ့ ဆိုတော့--လှပေမဲ့ အရပ်ကွယ်နေတယ်--

အလင်းစေတမန် said...

သိပ်ကောင်းတဲ့ကဗျာလေးဗျာ

တာတူး(၀ါ) အမေ့ခံလူတစ်ယောက် said...

မခိုင် ကတော့ "ငါ ညာ ခဲ့တယ် ဒါပေမယ့်တဲ့ . . ."
ခု မယ့် ကဗျာက ကောင်လေးဘက်က ငါညာခဲ့တယ် ဆိုတော့ နဲနဲ လွဲနေတယ် . . . .
အဲဒီ သီချင်း ကြားဘူးသေးဘူး . . . . ဟီး ဟီး . . .
:D