Saturday, November 1, 2008

ကောင်မလေးရေ....

I LIE U... BUT U LOVE ME !!!


ကောင်မလေးရေ……


ငါအပေါ်ထားတဲ့ မင်းအချစ်က
ဖြူစင်ခဲ့တာ ငါသိပါတယ်…
မင်းပြောပြတဲ့ အတိတ်အကြောင်းတွေကြောင့်
ရင်နာရတာ ငါပဲသိတယ်…
မရည်ရွယ်ပဲ ပြုခဲ့မိတဲ့
ငါ့လုပ်ရပ်တွေကြောင့် နောင်တတွေလည်းရခဲ့ဖူးတယ်…
မထားရက်ပေမဲ့ မဖြစ်နိုင်လို့ 
စွန့် လွတ်ခဲ့တာ ငါမပြောရက်ဘူး…
ငါစိတ်ညစ်ချိန်တိုင်း ဖေးမခဲ့တဲ့
နင်ကျေးဇူးကို ငါအသိအမှတ်ပြုတယ်….
နင့်မေတ္တာကို မရည်ရွယ်ပဲ
လှည့်စားမိတဲ့ ငါ့အပြစ်အတွက်
နင်ခွင့်လွတ်နိုင်ဖို့  ငါဆုတောင်းတယ်…

မယ်(31.10.08)

6 comments:

Welcome said...

သယ်ချင်း
အဖြစ်ချင်းကတူပဲ တူနိုင်လွန်းတယ်ဗျာ..
လိမ်တာ မဟုတ်ခဲ့ပေမယ့် လိမ်သလို ဖြစ်သွားတာမို့ ကိုယ့်အမှားလို့ပဲ ခံယူပါတယ်

http://winzaw-mdy.blogspot.com

မသက်ဇင် said...

မယ်--
ကဗျာအရေးကောင်းတယ်နော်--
ဓါတ်ပုံနဲ့ မဟုတ်ပဲ ရိုးရိုးလေးတင်ရင်--
ပိုကောင်းမယ်--ရှင်းလင်းတာပေါ့--
ကြောင်လေး နှစ်ကောင်က ချစ်စရာလေး
တွေပါ---ဒါပေမဲ့ ကဗျာရဲ့ ရသ ကို ဖုံးနေတယ်

Anonymous said...

တမင်တကာ မရည်ရွယ်ပဲ လှည့်စားမိတယ်ဆိုရင် တစ်ဖက်သားက ခွင့်လွှတ်ကောင်း ခွင့်လွှတ်မယ်လို့ ယူဆမိပါကြောင်း ... ။

ခင်မင်လေးစားစွာဖြင့်

မသက်ဇင် said...

မယ်----
အဲလိုမှပေါ့ကွယ်---
ကဗျာရဲ့ အနှစ်သာရ က---အခုမှ ရှင်းလင်း
သွားတော့တယ်---ဆက်ရေးပါ--အားပေးနေတယ်--
ခင်မင်လျက်
မသက်ဇင်

လင်းဦး(စိတ်ပညာ) said...

ကဗျာ လာခံစားပါတယ်။ အလွန်ကောင်းမွန် ပါတယ်။ :)

WWKM said...

အလွန်ကောင်းတဲ့ ကဗျာလေးတစ်ပုဒ်ပါ မယ်ရေ.
လာရောက်ဖတ်ရှုသွားပါတယ်ရှင်.
ကျေးဇူးတင်ပါတယ်.
အားပေးနေပါမယ်နော်.