Monday, July 7, 2008

Me and My friend's Dialog


ကျွန်တော်နှင့် သူငယ်ချင်းတစ်ယောက်ရဲ့ ဆွေးနွေးခန်း

တနေ့တုန်းက မြန်မာတွေရဲ့ အလှူနဲ့ပက်သက်ပြီး ပိုစ့်တစ်ခုတင်လိုက်တယ်။ နောက်ပြီးမှ ပိုစ့်က ဘာသာရေးတွေပါနေတော့ ဇာတ်ရှုပ်မှာ ဆိုးလာတယ်။ ဒါနဲ့ သူငယ်ချင်းတယောက်ကို အဲဒီပိုစ့်အကြောင်း ဆွေးနွေးလိုက်တာ။ သူငယ်ချင်းက စကားတွေပြောသွားလိုက်တာ နည်းမှ မနည်းပဲ။ နောက်ပြီး သူနဲ့ပြောလိုက်ရတာက ဗဟုသုတတွေလည်း ရသင့်သလောက်ရလိုက်တယ်။ ဒါနဲ့ G-talk မှာ ပြောထားတာတွေကို ဘလော့ဂ်မှာ တင်မယ်ဆိုတော့ လုပ်လေတဲ့ ရပါတယ်တဲ့။ ဒါနဲ့ပဲ သူငယ်ချင်းနဲ့ ပြောထားတာတွေကို ဖတ်ကောင်းအောင် (အပိုတွေ ကိုယ်ရေးကိုယ်တာတွေ ဖြုတ်ပြီး) နည်းနည်း ပြုပြင်ပြီး တင်ပေးလိုက်တယ်။ တစ်ခုတော့ရှိတယ်။ စာတွေက အရမ်းရှည်နေလိမ့်မယ်။ ဖတ်ရတာ မပျင်းပါနဲ့၊ ကျွန်တော်တို့ ဘာတွေပြောဖြစ်လည်း သိရတာပေါ့။ နည်းနည်းလေး တွေးစရာ ရသွားတယ်ဆိုရင်ကို စာတွေအများကြီး သေချာပြန်စစ်၊ ပြန်စီရကျိုး နပ်ပါတယ်။ ကဲ.. ဖတ်ကြည့်ပါအုံး။



frd: မောင် ## ရေ
ရှိလားဗျာ့
me: hote
frd: မေးမလို့
me: မေး
frd: နာမည်ကြီးကျောင်းတိုက်တွေမှာ အများဆုံးသိသလောက်ပေါ့ တနှစ်ကို ကထိန်ဘယ် နှစ်ကြိမ်ခင်းလဲ။
me: အာ။ ကထိန်ဆိုတာ တနှစ်တကြိမ်လေ ဟုတ်ဘူးလား။
frd: ဟုတ်တယ် ဒါပေမယ့် မောင် ##ေ၇းထားတာ အကြိမ်ကြိမ်များရနေလားလို့။
me: မှားနေလား။
frd: မှားပါဘူး။ သင်္ကန်းတွေ အထပ်လိုက်ဆိုတော့ အကြိမ်ကြိမ်များ ခင်းနေတဲ့ အဓိပ္ပာယ်လားပေါ့။ အဲဒါကြောင့်မေးတာ။
me: ဒီလိုပြောချင်တာပါ သူတို့တွေက ပြည့်စုံတယ် မလိုပဲ အလှူကရနေတော့ သိမ်းနေရတာ
frd: ပေါက်ပါတယ်။
me: အဲလိုမျိုး။
frd: မောင် ## ပြောထားတာကောင်းပါတယ်။
me: ဟာ မကောင်းဘူးကစဗျ အချင်းချင်းကို ပြောပေးမှ။
frd: မောင် ## သဘောပေါက်မှားနေလားလို့ မေးလိုက်တာ အလှူခံ ပုဂ္ဂိုလ်က မြတ်ရင် မြတ်သလို ဒါန ရဲ့ အကျိုးကျေးဇူးက ပိုကြီးတယ်ဆိုတာကို ဘယ်လိုသဘောရလဲ။ လက်မခံချင်အောင်ဖြစ်နေလား။ ဘယ်လိုမြင်လဲ။
me: မှန်တယ်။ ဒါပေမဲ့ အဓိက က စိတ်ဗျ။ ထင်တာပဲ လှူတဲ့သူရဲ့စိတ်။
frd: စေတနာလို့ပြောရင်လည်းရမယ်ထင်တယ်။
me: အင်းအင်း၊ အဲဒါ။
frd: အဲဒါကို ကျွန်တော်နားလည်သလိုရှင်းမယ်နော်။ အားရင်နားထောင်ဦး ကွန်မန့်ရေးရင် အရမ်းရှည်မယ်။
me: ရေးဗျ။ သူများတွေလည်း ဖတ်ရတယ်။
frd: ဘုရားက အလှူခံ ပုဂ္ဂိုလ်က မြင့်မြတ်လေ အလှူရဲ့ တန်ဖိုးက ကြီးလေးဆိုတာကို ဟောရတဲ့ အကြောင်းက သဘာဝ တရားဖြစ်စဉ်သက်သက်ကို ပြောခဲ့တာဖြစ်လိမ္မယ်။
သူ့တပည့်သား သံဃာတွေကို မြင့်မြင့်မြတ်မြတ် နေတတ်အောင်ပြောခဲ့တာဖြစ်လိမ္မယ်။
အလှူခံပုဂ္ဂိုလ်ဆိုတာကို လယ်ယာမြေ အလှူပြုခြင်းကို ဒါနမျိုးစေ့ချခြင်း အဲလိုပြောတာကိုဗျာ့
လယ်ယာမြေက ကောင်းလေ အကျိုးကျေးဇူးက ကြီးလေပေါ့။
me: အော်၊ နားလည်ပြီ။
frd: အဲဒီတစ်ချက်တည်းကိုကြည့်ပြီး အလှူပြုပုဂ္ဂိုလ်က လိုလို မလိုလို မြင့်မြတ်တဲ့နေရာပဲလှူမယ်ဆိုပြီး အဲဒီတရားတော်ရှူထောင့်တစ်ခုတည်းနဲ့တော့ အလှူခံပဂ္ဂိုလ်မရွေးသင့်ဘူးပေါ့။
me: အင်း ဒါပေမဲ့ ဒီလိုတွေများနေသလားလို့။
frd: အဲလိုဆိုရင်တော့ေ၇များရာမိုးရွာဖြစ်မှာပေါ့။ ဟုတ်တယ်။ အဲဒါဘာဖြစ်လို့လည်းဆိုတော့ ကိုယ်လှူတဲ့ ဒါနရဲ့ အကျိုးကို ကြီးကြီးမားမားလိုချင်တာကိုး။ လိုချင်တယ်ဆိုကတည်းက
လှူတုန်းက လောဘဦးဆောင်နေတယ်။
me: ကျွန်တော် အဲဒါတွေကိုပြောချင်တာဗျ။ မြန်မာတွေ အဲလိုများနေတယ်။ ဟုတ်ဘူးလား။
အဲလို မခံစားမိဘူးလား။
frd: ကိုယ်လှူလိုက်တဲ့ ဒါနရဲ့ အကျိုးကို ကြီးကြီးမားမားရချင်တယ်၊ ခံစားချင်တယ်။
အဲဒါကြောင့် အဲဒီနေရာတွေကို လှူကြတာ။ အဲလိုလှူတယ်ဆိုမှတော့ သူ့အတွက်ဆိုတဲ့ စေတနာ ကဦးမဆောင်ဘူး။ ကိုယ်ရချင်တယ်ဆိုတဲ့ လောဘကဦးဆောင်နေတယ်။
me: ဒါဆိုမေးအုန်းမယ်
frd: ဟုတ် မေးမောင် ##
me: ဗုဒ္ဓဘာသာဝင်တစ်ယောက်က နိဗာန်ကို လိုချင်တယ်ဆိုတာ။ လိုချင်တယ်လို့ သုံးတယ်နော်။
frd: ဟုတ်။
me: စွဲလမ်းမှု၊ တက်မက်မှုလား။
frd: အဲဒါကိုလောဘ ခေါင်စဉ်တပ်မလို့လား။ မဟုတ်ဘူး။
me: မရှင်းလို့မေးတာ။ ပြောအုံး။
frd: အဲဒါက နိဗ္ဗာန်ချမ်းသာကို ရှင်းရခက်သလိုပဲ၊ အဲဒီအပိုင်းကလည်းခက်တယ်။ နိဗ္ဗာန်ချမ်းသာကို ခံစားချင်တယ်။ အဲလိုသုံးတာကိုး။ တကယ်တော့ နိဗ္ဗာန်ချမ်းသာဆိုတာကိုးက ခံစားခြင်းချမ်းသာမျိုးမဟုတ်ဘူး။ ငြိမ်းအေးခြင်းချမ်းသာတဲ့။
ဒါပေမယ့် ဘာသာစကားမှာ အဲဒီကောင်အတွက်၊ သင့်တော်တဲ့ စကားက မရှိတော့ မြင်သာအောင် နိဗ္ဗာန်ချမ်းသာခံစားတယ်လို့ပြောတာ။ အဲဒီချမ်းသာကို လိုချင်တာလဲ အဲလိုပဲ။ တကယ်တရားနားလည်လို့ လိုချင်တယ်ဆိုတာက၊ လောဘကနေကင်းတဲ့ လိုချင်မှုမျိုး။
me: ဒီလိုများဖြစ်မလား။ စိတ်ချမ်းသာတဲ့ လမ်းကို (ရှုခင်းကောင်းတဲ့လမ်းလိုမျိုးကို) လျှောက်မိတော့၊ စိတ်က အလိုလို တက်မက်မှုဆိုတာမပါပဲ၊ ကြည်နူးမှုနဲ့ ဆက်လျှောက်သလို။ နိဗာန်ကို ဆက်သွားရမှာ။ ဒီလိုလား။ စိတ်ရဲ့ အကြည်ဓါတ်လို့ သုံးကြတယ်။
frd: ဟုတ်မယ်ထင်တယ်။ ကောင်းကောင်းနားလည်အောင်တော့ ကိုယ်တိုင်ကျင့်မှသိမယ်ထင်တယ်။ တပ်မက်မှုဆိုတာရှိနေရင်တော့ နိဗ္ဗာန်က မရနိုင်ဘူးတဲ့။
အဲဒီအသုံးတွေက လက်တွေ့လုပ်မှ သိနိုင်တာတွေဖြစ်မယ်လို့ထင်တယ်။
me: ပုံမှန်အားဖြင့်တော့ နိဗာန်ဆိုတာကို လူတွေက၊ တက်မက်နေကြသလားလို့။ ဥပမာကိုပြောအုံး။
frd: ဥပမာပေးတာတွေတွေ့ဖူးတယ်မဟုတ်လား။တရားမသိတပ်မက်တာပေါ့။
ယောက်ျားယူတာ ဘယ်လိုခံစားရလဲမေးတဲ့ ညီအမ ၂ ယောက်ဥပမာလေ။ အရသာကို သူကောင်းကောင်းသိတယ်။ ဒါပေမယ့် ညီမဖြစ်သူကို စကားလုံးတွေနဲ့ ရှင်းမပြတတ်ဘူး။
အဲလိုပေါ့။ ဒါဆို မောင် ## က ပိုနီးစပ်သွားပြီ။ ဟီး…
me: ဟားဟား။ အင်း ထားတော့။ သားပိုစ့်ကို ပြောအုံး။
frd: ပြောနေတယ်။ စောစောက စေတနာကိစ္စနဲနဲလေးပြောဦးမယ်။ ငါ့ဒါနက ငါ့ကို၊ ကောင်းကျိုးများများပေးပါစေဆိုတဲ့ ဆန္ဒနဲ့ပဲ လှူရင် အဲဒါ စေတနာ ဦးစီးတာမဟုတ်တော့ဘူး။
လောဘဦးစီးတာ။ အဲဒီတော့လည်း လယ်ယာမြေက ဘယ်လောက်ကောင်းကောင်း
ပျိုးချစဉ်က ဖြစ်ကရက်ဆန်းဆိုရင် အကျိုးကျေးဇူးကမကြီးနိုင်ဘူးပေါ့။
me: အင်း
frd: ရေများရာ မိုးရွာတဲ့စနစ်ကတော့ အဲလို လောဘဦးစီးတာတွေဖြစ်လိမ္မယ်။ ငါ့အလှူပစ္စည်းလေးရလို့ သူတို့ပြည့်စုံပါစေ၊ သူတို့ချမ်းသာပါစေ အဲဒီလိုစိတ်က ထားလို့မှ မရတော့တာကိုး။ ရေများရာမိုးရွာမှတော့ ကိုယ့်ပစ္စည်းက လျှံကျဖို့ပဲရှိတော့တယ်လေ။
me: အေးဗျ။ မြန်မာတွေအလှူကို ပြန်ဆန်းစစ်စေချင်တယ်။ ခဏ၊ ပြောအုံးမယ်။ ဈေးတွေ၊ လမ်းတွေမှာ သင်္ကန်းဝတ်နဲ့ အလှူငွေ တောင်းခံရဘူးလား။ သပိတ်ပါဘူးနော်။
frd: ငွေကြေးအလှူခံတာကိုပြောတာလား။
me: အင်း
frd: ဘုရားပညတ်ထားတဲ့ ၀ိနည်းတော်အရ ငွေကြေးက လုံးဝ မကိုင်ဆောင်ရဘူး။ မစီမံရဘူး။
အဲဒါ အာပတ်သင့်တယ်။ ဒါပေမယ့် ဖြေလို့ရတယ်။ အရမ်းကြီးလေးတဲ့ အပြစ်တော့မဟုတ်ဘူး။
me: သင်္ကန်းကိုကြည့်ပြီး ငြင်းရလည်းခက်။ ဘယ်လိုမှလည်း ခံစားလို့မရဗျာ။
frd: သူတောင်းစားလို့ ပြောလိုက်ရလည်း အခက်၊ သံဃာလို အရိုသေပေးရလည်းအခက်။
me: မပြောရက်တော့ဘူးလေ။
frd: လက္ဖက်ရည်ဆိုင်တွေမှာပိုဆိုးသေးတယ်။ လှူတဲ့သူတွေကလည်း ရိုရိုသေသေ မရှိကြတော့ဘူး။
me: ဟုတ်ပ
frd: အဲဒါတွေက ပြောရရင် ##ရေးတွေပါ ပါလာလိမ္မယ်။ တကယ်တော့ ##ရ က အသုံးမကျတာ။
me: ရပြီလေ ##ရေးပါဘူး။ ဒါတွေကတော့ အပျက်ကိုပြောတာပါ။
frd: သာသနာရေးဝန်ကြီးဌာနဆိုတာကြီးက သာသနာအားလုံးရဲ့ ၀ိနည်းတွေကို လေ့လာရမယ်။ သာသနာ့ဝန်ထမ်းအားလုံးကို ၀ိနည်းတော်နဲ့ အညီ သီတင်းသုံးနိုင်အောင် ကူညီရမယ်။ ဘာသာတရားအားလုံးအတွက်ပါ။ လုပ်ပေးသင့်တယ်။ ဗုဒ္ဓဘာသာကတော့ ပိုအေ၇းကြီးတာပေါ့။ ဗုဒ္ဓဘာသာက ပိုအရေးကြီးတယ်ဆိုတာ ကိုယ့်ဘာသာကို အထူး အရေးပေးစေချင်လို့မဟုတ်ဘူး။ ဗုဒ္ဓဘာသာသံဃာတွေက ဘုရားဝိနည်းအတိုင်းနေနိုင်ဖို့
ပတ်ဝန်းကျင်းကောင်းကောင်းအရမ်းအရေးကြီးတယ်။ ကိုယ့်စီးပွားကိုယ်မရှာရဘူး။ ငွေကြေး စီမံခန့်ခွဲမလုပ်ရဘူး။ ကိုယ့်ကျောင်းကိုမဆောက်ရဘူး။ တော်တော်များတယ်။
me: အင်း။ ဒါနဲ့ စကားမစပ် ကျွန်တော့်ပိုစ့်မှာ ဘာကိုအဓိက ဖမ်းမိလည်း။
frd:ေ၇များရာမိုးရွာမနေကြဖို့၊ လိုအပ်တဲ့နေရာတွေလှူကြဖို့၊ လူမှုရေးလုပ်ငန်းလေးတွေလုပ်ကြဖို့၊ လဘ်နည်းတဲ့ကျောင်းတွေကိုလည်း ပညာမတတ်တဲ့သူတွေ သီတင်းသုံးနေပစေဦး၊
သီလမရှိသူတွေ သီတင်းသုံးနေပစေဦး၊သမာဓိအလုပ်အားမထုတ်သူတွေ သီတင်းသုံးနေပါစေဦး လှူကြဖို့။ အဲလိုတွေလား။
me: အင်း နောက်တစ်ခုရှိသေးသဗျ။ ဘုရား။ ဘုရားနဲ့ လှူနေလိုက်တာ လူမှုရေး အလှူကျ အားနည်းနေရော။ ဟုတ်ဘူးလား။
frd: ဟုတ်ပါတယ်။
me: အဲဒါရော
frd: မောင် ## ပြောတာထောက်ခံပါတယ်။ လူအများစုက မျက်စေ့နား မပွင့်ကြဘူး။ အဲလိုပဲမြင်တယ်။ တချို့က ဘယ်တွေမှာလိုနေမှန်းကို မသိကြတာ။
me: သဘောက ဘိုးဘွားရိပ်သာကို လှူတယ်ဗျာ။ သာသနာအတွက်ဟုတ်ဘူး။ သာသနာအတွက် လှူတာနဲ့ဘာကွာမလည်း။
frd: ကွာတာတော့ ကွာတာပေါ့ဗျာ။ သာသနာတွက်လှူတော့ သာသနာတွက်ဖြစ်တာပေါ့။
ဒါပေမယ့် မလိုတာတွေတော့ မလုပ်နဲ့ပေါ့။ သာသနာတွက်လုပ်မှ ဒါနမှ မဟုတ်တာ။ ကျန်တာတွေလည်း ဒါနပါပဲ။ နိမ့်တဲ့သူကိုစွန့်မယ်၊ တန်းတူလူကို ပေးမယ်၊ မြင့်တဲ့သူကို လှူမယ်။ အားလုံးဒါနပေါ့။
me: ကိုယ့်အတွက်ဖြစ်လာမဲ့ ကုသိုလ် အကျိုးဆက်ခြင်းတူနိုင်ပါ့မလား။
frd: အဲဒါဆိုနေဦး။ တစ်ခုမေးမယ်။ မေးတာကို နောက်တော့ဖြေမယ်။ ဆွမ်းလှူကျိုးငါးပါက
အလှူခံပုဂ္ဂိုလ်ရတာလား၊ အလှူပေးပဂ္ဂိုယ်ရတာလား။
me: ဟုတ်ဘူး။ လှူတဲ့သူရတာ။
frd: အဲဒီကစမှားပြီ။ အဲဒါကြောင့် မောင် ## က အထက်က မေးခွန်းကိုမေးနေတာ။ အဲဒီသဘောကို ပေါက်ရင် အထက်ကဟာမမေးတော့ဘူး။
me: အင်း။ ရှင်းအုံး။
frd: အသက်ရှည်ခြင်းဗျာ။ ထမင်းစားမှ အသက်ရှည်မှာပေါ့။ ခွန်အားကြီးခြင်းဗျာ။ အာဟာရရမှ ခွန်အားဖြစ်မှာပေါ့။ အဲဒါဆိုငါးခုက စားလိုက်တဲ့ အလှူခံပုဂ္ဂိုလ်ကရသွားတာပေါ့။
me: ဟုတ်ပြီ။
frd: ငါလှူလိုက်တဲ့ ပစ္စည်းကြောင့် သူ့မှာ အဲဒီလို ချမ်းသာပါစေဆိုတဲ့ စေတနာလေး လှူတဲ့သူမှာရှိရတယ်။ အဲဒီစေတနာက ကိုယ့်ကို အကျိုးပြန်ပေးတာ။
me: ရေအကျိုးဆယ်ပါးလည်း ဒီသဘောပေါ့။
frd: အတူတူပဲပေါ့ဗျာ့။ ကိုယ်လှူလိုက်တဲ့ ပစ္စည်းအတွက် ကိုယ်က သူ့အပေါ်စေတနာထားပေးလိုက်လို့ အဲဒီစေတနာ အကျိုးပေးခါမှကိုယ်ကရမှာ။ ပထမရတာက အလှူခံပုဂ္ဂိုလ်။ ၅ ခုတို့ ၁၀ ခုတို့ဆိုတာ။
me: ဟာဒါဆိုမှားနေပြီ။ ကျွန်တော်တင်မဟုတ်ဘူး။ အတော်မျာများမှားနေပြီ။
frd: ကိုယ်က စေတနာထားတတ်အောင် ပြထားတာ။ အဲဒီကနေတခြားဟာတွေ စေတနာထားရင်လည်း တခြားအကျိုးတွေပေးဦးမှာပဲ။ ငါ့မှာ အဲဒီအကျိုးကျေးဇူးတွေရပါစေ လို့ ငွေတိုးပေးသလိုစိတ်မျိုးနဲ့လှူရင် ဘယ်မှာလှူလှူ အကျိုးက ကြီးမှာမဟုတ်ဘူး။ သူတို့လေးတွေ ပြည့်စုံပါစေလို့ စေတနာထားတတ်ရင် ဘယ်မှာလှူလှူ ကိုယ့်စေတနာက အကျိုးပေးမှာပဲ။ ပေးတာပေါ့။ ကိုယ်ကသူတို့ကို ပြည့်စုံစေချင်တာကိုး။ သူတို့ပြည့်စုံစေချင်တယ် ဆိုကတည်းက စေတနာပဲပေါ့။ အကျိုးပေးတော့ မှာပေါ့။
me: အော် အော်။ အဲဒီတော့ အလှူမှာ သာသနာနဲ့ မဆိုင်တဲ့ လူမှုရေးအလှူဟာလည်း အကျိုးပေးနိုင်တယ်ပေါ့။ သိကြားဖြစ်သွားတဲ့ ဦးမာဃတောင် လူ့ဘဝမှာ လမ်းတွေတံတားတွေ လှူလို့ဆို။ ဟုတ်လား။ နောက်ဆုံးဘဝဖြစ်ရင် ဖြစ်မှာပေါ့။
frd: မာဃ ၀တ္ထုထဲမှာတော့ အဲလိုပဲဖတ်ရတယ်။ ဦးမာဃကို ဘာဖြစ်လို့ နောက်ဆုံးဘ၀ ဖြစ်နိုင်တယ်လို့ပြောတာလဲ။
me: အော်၊ ဒီလိုပါ။ တစ်ဘဝတည်းနဲ့တော့ သိကြားဖြစ်မှာဟုတ်ဘူးလေ။ တခြား ကုသိုလ်တွေလည်း ပါအုံးမယ်ထင်လို့။
frd: မာဃ၀တ္ထုဖတ်ကြည့်ပါ။ ဦးရွှေအောင်ရေးတာတစ်ခုဖတ်ဖူးတယ်။ ကောင်းပါတယ်။ သူက အများကောင်းကျိုးတွေလုပ်တာ။ လူမှုရေးလုပ်ငန်းတွေပဲ။ အဲဒီဘ၀တစ်ခုတည်းတော့ ဟုတ်ချင်မှဟုတ်မှာပေါ့။ ဘ၀ အဆက်ဆက်က အဲဒီကုသိုလ်မျိုးတွေမှာ ၀ါသနာ အထုံ ပါလာတာဖြစ်မှာပေါ့။ ကို ##သူလိုပဲ၊ လူမှုရေးတွေလုပ်လို့ အဖမ်းင်္ဆီးတွေလည်းခံလိုက်၇သေးတယ်။
me: အင်း။ ဟားဟား။ အဲဒါတွေပါဘူးဆို။
frd: ဘ၀အဆက်ဆက်က အထုံဝါသနာ ပါလာတဲ့ အလုပ်ကို ဒီဘ၀မှာ ထိထိရောက်ေ၇ာက် လုပ်နိုင်လိုက်တာဖြစ်မှာပေါ့။ ဒါပေမယ့် သိကြားဖြစ်ဖို့က အခက်ကြီးတော့ မဟုတ်လောက်ပါဘူး။ နိဗ္ဗာန်ရောက်ချင်ရင်တောင် ခုဘ၀မှာတင်ဖြစ်နိုင်ပါတယ်လို့ ဆရာတော်ကြီးတွေအာမခံထားသေးတာပဲ။ ဟုတ်ဘူးလား။
me: အင်းပေါ့
frd: သံသရာ အရှည်ကြီး အားစိုက်နေရလောက်အောင် မခက်လောက်ပါဘူး။ ဖြစ်နိုင်ပါတယ်။
ကြိုးစားပေါ့။ ကို ##သူလိုပဲ အဖမ်းအဆီးတော့ခံရနိုင်တာပေါ့။ ရှင်ဇနက ဘိဝံသ စာအုပ်တွေဖတ်။ ကောင်းတယ်။ စောစောက ဆွမ်းအကျိုးငါးပါး မေးခွန်းက ရှင်ဇနကာဘိဝံသကနေ ဦးသုခကို မေးတာတဲ့။ သုခရဲ့ သုခ စာအုပ်ထဲမှာ ဖတ်လိုက်ရတာ။ ငယ်ငယ်က အဖေနဲ့ ဦးလေးတွေ ပြောတာကြားဖူးတယ်။ ဟိုတလောလေးကမှ စာအုပ်က ဖတ်လိုက်ရတာ။ ဦးသုခက မဖြေရဲလို့ မဖြေဘူး။ အမိန့်ရှိပါဘုရားဆိုပြီး တရားတောင်းတော့တာ။ အဲဒီတော့မှ ဘုန်းကြီးက ရှင်းပြတာ။ ပြောဦးမယ်။ သံဃာကို လှူတယ်ဆိုတာ သံဃာ့ဂုဏ်တော်တွေကို အာရုံပြုပြီးလှူတတ်မှသံဃာကို လှူရာရောက်တာ။ မောင် ## ရေးထားတဲ့အထဲမှာ အဲဒီအပိုင်းလေးက ဘုန်းကြီးတစ်ပါးချင်းပေါ် အာရုံရောက်နေလားလို့။ ယှဉ်ပြသွားတဲ့နေရာလေးမှာလေ။
me: အင်းဟုတ်တယ်။ လူတွေက အဲလိုတွေးနေကြတယ်လို့ ပြောချင်တာ။
frd: ဟုတ်။ နောက်ဆုံးတစ်ခုပြောဦးမယ်။ ပို့စ်ထဲကအကြောင်းနဲ့ ဆက်စပ်လားလို့။ သီးခံပေတော့။ သိက္ခာတော်ရတယ်ဆိုတာလည်း ကြည်ညိုစရာ။ ပညာတတ်တယ်ဆိုတာလည်း ကြည်ညိုစရာ။ သီလရှိတာလည်းကြည်ညိုစရာ
သမာဓိရှိတယ်ဆိုတာလည်းကြည်ညိုစရာ စသဖြင့်ပေါ့ဗျာ။ ကိုယ့်ရင်ထဲမှာ ကောင်းတယ်လို့ တွက်တာလေးတွေပေါ့။ ကြည်ညိုပြီးလှူတယ်ဆိုရင်လည်း ဒါနအကျိုးနဲ့ စေတနာနဲ့တော့ သိပ်မဆိုင်ဘူး။ ကိုယ့်ရင်ထဲက ကောင်းတယ်လို့ထင်တယ် ဆိုရင်၊ ဒါက ဂုဏ်တော်တပါးပဲပေါ့။
အမှန်တကယ်ကြည်ညိုလို့လှူတယ်ဆိုတော့ ဂုဏ်တော်ပွားရကျိုးနပ်ပါတယ်။ ဒါနမှာ အဲဒီအကျိုးပါတွဲပြီးရနိုင်တယ်။ ဂုဏ်တော်ပွားတော့ မိမိကိုယ်တိုင် သူ့ကိုအားကျတာ သူ့လိုဖြစ်ချင်တာ အဲဒါပါလာတယ်။ အဲဒါကြောင့် လှူတဲ့ အခါမှာ မိမိကိုယ်တိုင် ကြည်ညိုလို့ ရလောက်အောင် သီလဂုဏ်၊ သမာဓိဂုဏ် ပညာဂုဏ် ရှိတဲ့ ဘုန်းကြီးကိုလည်းရွေးသင့်ပါတယ်။
အဲဒါမှ သူတို့လည်း အလုပ်ပိုလုပ်လာမှာပေါ့။ ကြည်ညိုလေးစားတဲ့သူကို လှူရမှလည်း သဒ္ဓါတရားက ပိုပြီးကြည်လင်တာပေါ့။ ပေါက်လား။
me: ခဏ။ စောစောက ခင်ဗျား ပြောသွားတယ် ကြည်ညိုစရာကောင်းတဲ့ သူကိုလှူမှလည်း ကောင်းတယ်ဆိုတဲ့ အချက်တွေ မဟုတ်ဘူးမပြောဘူးနော်။ အဲ၊ ဒါတွေကိုပဲ
လက်ကိုင်ပြုလာပြီဆိုရင် မကောင်းတော့ဘူး။
frd: မလိုအပ်တဲ့နေရာတွေစုပြုံပြီး ၀ိုင်းလှူနေတာမျိုး အားမပေးချင်ပါဘူး။ ဘုန်းကြီးဆိုတဲ့အနေနဲ့ ပုဂ္ဂိုလ်ရွေးရင်တော့ ကြည်ညိုလို့မရပဲ ဘာကို အာရုံပြုရပါ့။
me: အင်း။ ဥပမာ ဒါမှလည်း သူတို့ အလုပ်ပိုလုပ်လာမယ်ဆိုတာမျိုး။ သံဃာတွေ တပါးနဲ့တပါး ပြိုင်ဆိုင်ကုန်ရင် ခက်ဘူးလား။
frd: သီလ သမာဓိ ပညာ အရာမှာ ပြိုင်တာကောင်းပါတယ်။ အနိုင်ရလိုစိတ်နဲ့ မတရားနည်း မသုံးဖို့အရေးကြီးတာ။ ပြိုင်တာကောင်းတယ်။ ကိုယ့်ထက်သာရင် သာတယ်လို့ လက်ခံနိုင်ရမယ်။ ရဟန်းကောင်းကို မဟုတ်မမှန် စွပ်စွဲပြီး။ အာပတ်သင့်ပြီလို့ မဆိုရဘူး။ အဲဒါတွေက အစကတည်းက ၀ိနည်းမှာပါတယ်။ သံဃာဆိုတာ ဘုန်းကြီးတစ်ပါးချင်းကို ပြောလို့မရဘူး အဖွဲ့လိုက်ပြောမှရတာ။
me: အော် ဒီလို။ ကျွန်တော်တို့က ဘယ်လိုအဆင့်ကနေစပြီး သံဃာလို့သတ်မှတ်မှာလည်း။
frd: အဲလိုပြောမယ်ဆိုတော့ ကိုရင်၊ သီလရှင် ဖိုးသူတော်တို့ထိအောင်တောင် ထည့်ပြီးရေတတ်ကြတယ်။ ဘာမှထူးထူးခြားခြား သိက္ခာပုဒ်ကိုကျင့်တာမဟုတ်ဘူးနော်
ဖိုးသူတော်ဆိုတာညစာလည်းစားတယ်။ သူတို့က လူဝတ်ကိုစွန့်ပြီး သာသနာဝန်ကိုထမ်းတယ်
အဲဒါလောက်နဲ့ အဲဒီစာရင်းသွင်းထားတာ။
me: အင်း။ ခဏဗျာ။ ဒီလို။ သာမန် တရားမှတ် ဘုရားဝတ်ပြုနေတဲ့ ဦးပဇင်းတွေ။ ဘာမကောင်းမှုမှလည်းလုပ်ဘူး။ ဝိနည်းကို အတော်ညီတယ်ပေါ့။
frd: သံဃာစာရင်းဝင်ပါတယ်။ အဲဒါကြည်ညိုစရာတွေပဲလေ။ ကြည်ညိုရင်လှူတော့ပေါ့။
me: အင်း အင်း။ ကျွန်တော်က ဒါမျိုးတွေကိုပါ တန်းတူ မဟုတ်တောင်
frd: အင်း။ ဓမ္မာစရိယတွေ ဒေါက်တာတွေလောက်တော့လည်း သူတို့က လာဘ်မပေါကြဘူးပေါ့။ ဒါပြောမလို့လား။
me: လူတွေက သာမန်ပဲတွေးနိုင်ကြတယ်ဗျ။ အခု ကျွန်တော်တို့ အတွေးတွေ အနားလောက်ရောက်အောင် မကြာမကြာ တွေးဖူးမှ။
frd: မလိုအပ်ပဲ သူများလုပ်လို့ နောက်ကလိုက်ပြီး ပုံအောလုပ်နေတာတော့ ဘယ်ကောင်းမလဲ။ လေးစားကြည်ညိုလို့ ကိုယ်နဲ့ နုတ်နဲ့ စိတ်နဲ့ အရိုအသေပေးတာ ကောင်းပါတယ်။ အဲဒီဂုဏ်တော်ကို အားကျတဲ့စိတ်က ကိုယ့်စိတ်ကို ကြည်လင်စေတယ်။ သူ့လိုဖြစ်အောင် ကြိုးစားချင်စိတ်ဝင်တယ်။ ဒါနအကျိုးနဲ့မဆိုင်တဲ့ တခြားအကျိုးလို့ပြော၇မှာပေါ့။
me: အင်းပေါ့၊ အင်းပေါ့။ အင်း.. ဒါဟုတ်ပါတယ်။ ခက်နေတာက လူတွေက အလွယ်ပြောမယ်နော် နာမည်ကြီးမှ လှူချင်တာဗျ။ သာမန်နဲ့တက်မလာနဲ့ ငေါက်မလွှတ်ရင်ကဲကောင်း။
frd: အဲဒါက တကယ်ကြည်ညိုတာ လေးစားတာ အားကျတာမပါရင်၊ သူများရောင်လို့ ရောင်တဲ့သဘောပဲ။ ဘာအကျိုးကျေးဇူးမှ ကြီးကြီးမားမားရမှာမဟုတ်ဘူး။
me: စောစောကလို လေးစားစရာ ကြည်ညိုစရာဆိုတာက ရှားတယ်လေ။ သူတို့က ပါရမီရှင်တွေ။ အရေအတွက် အများစုက သာမန်တွေ။ ကဲဒီတော့ သာမန်တွေ အခက်တွေ့စရာ ရှိမနေဘူးလား။ အဲဒါကို ပြင်စေချင်တယ်။ နည်းနည်းဖြစ်ဖြစ်ပေါ့။
frd: အဲဒါကြောင့်ပြောတာပေါ့။ လူတွေက ပညာနဲ့ အတွေးအခေါ်နိမ့်နေတာပါဆို။ ခက်ပါတယ်ဗျာ။ ဘယ်လိုပြောရပါ့။ ကျွန်တော့်သဘောက လူတွေကို အပြစ်တင်ရင်မကြိုက်ဘူး။ လူတွေ ပညာနိမ့်နေတာ အတွေးအခေါ်နိမ့်နေတာ စနစ်ကြောင့်ပဲ။ အဲလိုပဲမြင်တယ်။ အဲဒီတော့ အမြင်မကျယ်ဘူး။
me: ရပြီ။ သားပြောချင်တာက စနစ်ဆိုတဲ့ သူတို့အလုပ်၊ သူတို့လုပ်လိမ့်မယ်။ သားတို့ကလည်း တတ်နိုင်သလောက် ကိုယ့်ပတ်ဝန်းကျင်ကိုအသိတွေ ပေးဖို့ပါ။ ဒါမျိုးလေးတွေပါ။ အဆုံးစွန်က လှမ်းမြင်နေရတယ်။ မပြောတော့ဘူးလေ။
frd: လူတွေကို အပြစ်ပြောရင် မောင် ## ကိုပြောမလို့။ အဲဒါခင်ဗျားအပြစ်လို့။ ဘာဖြစ်လို့လည်းဆိုတော့ သိတဲ့လူတွေက လူတွေကို လုံလောက်တဲ့ ပညာပေးမှုတွေမှ မလုပ်နိုင်တာ။ လုပ်နိုင်အောင်မကြိုးးစားတာကိုးလို့။
me: အဲဒါပြောတာ။ အရင်ဆုံးက သူတို့မှားနေတာလေးကို စပြောပြရမယ်။ မှားမှန်းသိသွားအောင်။ ပြီးရင်တတ်နိုင်သလောက် ပြင်ရမယ်။ တယောက်တတ်နိုင်ရင် တယောက်ဗျာ။ ဟုတ်ဘူးလား။
frd: ဟုတ်ပါ့
me: အဲဒီပိုစ့်က အဲလိုပြောချင်တာဗျ။ အဓိပ္ပါယ်တွေ ရောက်ဘူးထင်ပ။
frd: အဲဒီပို့စ်က ပေးချင်တာကို ရပါတယ်။ လက်ရှိအခြေအနေက လူတွေအများစု ပညာနိမ့်တယ်၊ အတွေးတိမ်တယ်၊ အမြင်မကျယ်ဘူး။ လိုတဲ့နေရာတွေမရောက်ဘူး။ ရေများရာမိုးရွာချင်တယ်။ သူများေ၇ာင်လို့ လိုက်ေ၇ာင်တာများတယ်။
me: ရှိသေးတယ်။ တွေးနေတဲ့လူဆို ဟာသလုပ်ချင်ကြသဗျ။
frd: အဲဒီလူတွေကလည်း ဗုဒ္ဓဘာသာ အမည်ခံထားသူတွေဆိုတော့ ဘာသာတရားကိုပါ အထင်သေးလာကြတယ်။ ဗုဒ္ဓအဆုံးအမတွေကြောင့် လူတွေ ခုလိုဖြစ်နေတယ်လို့ ပြောချင်လာကြတယ်။ ထည့်မပြောသေးရင်တောင် အဲလိုတွေဆိုချင်ကြတယ်။ အဲဒီထဲမှာ မောင် ## ပါနေမှာစိုးလို့ အလှူခံပုဂ္ဂိုလ်ရွေးတာနဲ့ပတ်သက်ပြီး အဲဒီလောက်ပြောပြနေရတာ။
me: ဟုတ်။ နားလည်ပါ၏။
frd: ဗုဒ္ဓကသင်ထားတဲ့ အလှူခံပုဂ္ဂိုလ်ရွေးနည်းက လူမှုရေးလုပ်ငန်း ပယ်ဖို့မပါဘူး။ လယ်မြေကောင်းရင် အကျိုးကျေးဇူးပိုကောင်းတယ်။ အဲဒါကိုပြောထားတာ။
ပို့စ်တစ်ခုဖတ်ဖူးတယ်။ ပညာရေးပို့စ်။ “ကျွန်မတို့ ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေရဲ့ အစဉ်အလာအရ သခင်ကျွန်ဆက်ဆံရေး ပညာစနစ် ထွန်းကားနေတယ်ဆိုလား” အဲလိုကြီးရေးလိုက်တာ။ တော်တော်လေးကို မကျေနပ်လို့၊ ရှင်းလိုက်ရတဲ့ဖြစ်ခြင်း။ ကွန်မန့်ကို အရှည်ကြီးပဲ ဗုဒ္ဓက သခင်ကျွန် ဆက်ဆံရေးတော့ မဆိုထားနဲ့ ဆရာတပည့်ဆက်ဆံရေးကို တောင် အားမပေးကြောင်း၊ မိတ်ဆွေသဘောထားလို့ဖြစ်ကြောင်း၊ သူလို အတုမရှိကိုယ်တော်တိုင်က ငါ့ကို မိတ်ဆွေကောင်းတစ်ယောက်လို့သဘောထားဖို့ ခွင့်ပြုဖူးကြောင်း၊ အဲလိုသဘောထားရုံနဲ့လည်း နိဗ္ဗာချမ်းသာရနိုင်ကြောင်း။ မြန်မာတွေလို့စုပြီး အဆိုခံရရင်တော်တော်မကြိုက်တာ ဗုဒ္ဓဘာသာဝင်တွေလို့ဆိုရင် မခံနိုင်တော့ဘူး။
me: ဟားဟား။ အေးဗျာ။ ခင်များတို့လို သိတဲ့သူတွေက စာကိုမလေးစေပဲ လူပြိန်းနားလည်အောင် ရေးကြဗျာ။ ကုသိုလ်လည်းရတယ်။ ဟုတ်ပလား။
frd: ရေးတာပေါ့ဗျာ။ ရေးချင်ပါတယ်။ ရေးဖို့လည်းစိတ်ကူးရှိပါတယ်။ အကြောင်းကြောင်းလေးတွေကြောင့် လောလောဆယ်ကျဲနေတာ။ ကဲကဲ ကောင်မလေးနဲ့ချက်တော့ တော်တော်ကြာ စိတ်ဆိုးသွားဦးမယ်။
me: အင်း။ ရတယ်။ စောစောကတည်းက၊ ဆိုးသွားပြီ။ ဟားဟား။...။
သုခမိန်။…..။

12 comments:

ကိုရင်နော်ခင်လေးငယ် said...

ရေစက်ချပြီးမှ လျှုတဲ့ အလျှုမျိုး မဟုတ်ခဲ့ရင်တောင်
ရင်ကလာတဲ့ သဒ္ဒါနဲ့ လျှုခဲ့ဖူးသူတွေရှိပါလိမ့်မယ်...
နည်းခြင်းများခြင်း ဆိုတာ အလျှုရှင်တစ်ဦးအတွက်
အားငယ်စရာ(သို့) ဂုဏ်ယူစရာ မဟုတ်ပါဘူး..
ကျမတို့ရဲ့ နားလည်နိုင်တဲ့ ဦးနှောက်လေးတွေကို အသုံးချပြီး ဗုဒ္ဓဘာသာရယ်မှ မဟုတ်၊စေတနာကို အရင်းခံလို့ ဖြစ်တည်လာတဲ့ ဒါနပြုခြင်းဖြင့် ကြည်နူးခြင်း ပီတိတွေကိုခံစားနိုင်ကြပါစေ..။
comment က
post နဲ့တိုက်ရိုက် မသက်ဆိုင်ခဲ့ရင်တောင် လေးစားစွာဖြင့်ရေးထားခဲ့ပါတယ် ..။
(ခင်လေးငယ်)

ကိုရင်နော်ခင်လေးငယ် said...

ဟဲ့..ခင်လေး..!
နင်ကတော့လုပ်ပြီ.. လျှု..!!!!!! ဘာကြီးတုန်းဟ..
“ရေစက်ချပြီးမှ လျှုတဲ့ အလျှုမျိုး မဟုတ်ခဲ့ရင်တောင်”
ဟွန်း.. နင်တော့နော်.. မြန်မာစာရိုက်တာလေ့ကျင့်ပါဆို အပျင်းကထူနေ.. ခုတော့မှားပြီမလား..
အလှူ.. လှူဒါန်း.. အဲ့လိုမဟုတ်ဘူးလား.. ဒါမှမဟုတ်လည်း လှူဒါန်းပေါ့.. နင့်ဟာက လျှုဆိုတော့.. ဟွန်း..
သဒ္ဒါ..!!! တဲ့ .. သဒ္ဓါမဟုတ်ဘူးလား.. သဒ္ဓါကြည်လင်ပါရမီရှင်.. အဲ့လိုမဟုတ်ဘူးလား..
ငါတော့နော်.. သေချင်တယ်..
E-Journal က အစ်ကိုတို့ရေ.. အဲ့ဒါသာကြည့်တော့ ခင်လေးတစ်ယောက် လုပ်ပေါက်လုပ်ပေါက်.. နားလည်ပေးလိုက်ကြပါဗျာ အမိုက်အမဲလေးမို့.. :P

ကိုသုခမိန်ရေ.. ဖတ်လို့ကောင်းတယ်ဗျာ.. အမြဲလာတယ်နော်.. :)

ခင်မင်တတ်တဲ့
(ကိုရင်နော်)

Anonymous said...

သင်တို့သည်
ကိုယ်တိုင်အားထုတ်ကြကုန်လော့။
ဘုရားရှင်တို့သည်
လမ်းမှန်ကို ညွှန်ကြားရုံသာဖြစ်၏။
(ခုဒ္ဒကနိကာယ်၊ ဓမ္မပဒ - ၂၇၆)

တန်ခူး said...

မှတ်သားသွားပါတယ်

Anonymous said...
This comment has been removed by the author.
Anonymous said...
This comment has been removed by the author.
Anonymous said...

မလိုချင်ခြင်းတရားကို လိုချင်တဲ့အခါ…
မလိုချင်ခြင်းတရားကို
လိုချင်ခြင်းတရားဖြင့် ချဉ်းကပ်မရပါ။

Anonymous said...

ခီဏံ ပုရာဏံ နဝ နတ္ထိ သမ္ဘဝံ
ဝိရတ္တစိတ္တာ ယတိကေ ဘဝသမ္မိံ။
တေ ခီဏဗီဇာ အဝိရူဠှိဆန္ဒာ
နိဗ္ဗန္တိ ဓီရာ ယထာယံ ပဒီပေါ။

ယေသံ-အကြင် ရဟန္တာပုဂ္ဂိုလ်တို့မှာ၊
ပုရာဏံ-ရှေးဟောင်းကံသည်၊ ခီဏံ-ကုန်ခန်းခဲ့လေပြီ။
သမ္ဘဝံ-ဘဝသစ်ကိုဖြစ်စေနိုင်စော၊နဝံ-အသစ်ဖြစ်သောကံသည်လည်း၊ နတ္ထိ-မရှိပြီ။
ယေ-အကြင် ရဟန္တာပုဂ္ဂိုလ်တို့သည်၊
အာယတိကေ ဘဝသမ္မိံ-နောင်အနာဂတ်ဘဝကို၊ ဝိရတ္တစိတ္တာ-တပ်မက်ခြင်းကင်းသောစိတ် ရှိကုန်၏။
တေ ဓီရာ-အကြင် ရဟန္တာပုဂ္ဂိုလ်တို့သည်၊
အဝိရူဠှိဆန္ဒာ-မစည်ပင် မပွားများသော အလိုဆန္ဒရှိကုန်သည်ဖြစ်၍၊
ခီဏဗီဇာ-ဘဝသစ်ဖြစ်ရန် မျိုးစေ့ကုန်ပြီးဖြစ်သောကြောင့်၊
နိဗ္ဗန္တိ -ရုပ်နာမ်ခန္ဓာအသစ်မဖြစ်တော့ဘဲ ငြိမ်းလေကုန်၏။
အယံ ပဒီပေါ- ဤဆီမီးသည်၊ နိဗ္ဗန္တိယထာ-ငြိမ်းသကဲ့သို့၊
တေ ဓိရာ- အကြင် ရဟန္တာပုဂ္ဂိုလ်တို့သည်၊ နိဗ္ဗန္တိ-ငြိမ်းကုန်၏။

တားမြစ် ထားသော... said...

ကောင်း၏။ ဘဝသစ်ဖြစ်ရန် မျိုးစေ့ကုန်ပြီ ဖြစ်သောကြောင့်....။

ဒီလို ဗဟုသုတ အတွက်ကျေးဇူးဗျို့။

Anonymous said...

ရာဂ၊ဒေါသ၊မောဟ၏ ကုန်ခြင်း အကြင်သဘောတရားသည် ရှိ၏။ ထိုသဘောတရားကို နိဗ္ဗာန်ဟုဆိုအပ်၏။
ရှင်သာရိပုတ္တရာ(သံယုတ္တနိကာယ်၊ဇမ္ဗုခါကသံယုတ်၊နိဗ္ဗာနပဥှာသုတ်)



နိဗ္ဗာန်သို့ရောက်ရသည်ဆိုရာ၌ မဂ်ခဏ၌ ရသည်၊ရောက်သည်မှတ်။စုတိကမ္မရုပ်ချုပ်ပြီးမှ ရစရာရောက်စရာ

နိဗ္ဗာန်တခြားမရှိ။
ဒီပဲရင်းဆရာတော်

ချုပ်ငြိမ်းမှုသည် ရုပ်နာမ်ချုပ်ငြိမ်းမှုကို မဆိုလိုဘဲ တညီးညီးတောက်လောင်နေသော ကိလေသာရာဂမီး၏ ချုပ်ငြိမ်းမှုကို ဆိုလိုကြောင်းသတိပြုပါက နိဗ္ဗာန်၏ မူလအဓိပ္ပာယ်ကို နားလည်ရန် မခဲယဉ်းချေ။
Mrs. Rhys Davids

တားမြစ် ထားသော... said...

ကောင်း၏။
ကိလေသာရာဂမီး၏ ချုပ်ငြိမ်းမှုက နိဗာန်ဟု ဆိုလေသောကြောင့်။

ဗဟုသုတတွေအတွက် ကျေးဇူးဗျ။

တာတူး(၀ါ) အမေ့ခံလူတစ်ယောက် said...

ကိုဗာဘိုရေ Dialog လေးကို သဘောကျတယ်။ ကျနော်ကတော့ အဲလို အသိတွေ မရှိတော့ ခုလိုလေး သိရတာ အားရ ကျေနပ်လှသဗျာ။ ကျနော်တို့က မိရိုးဖလာ ဗုဒ္ဓဘာသာတွေပါဗျာ။ နဲနဲလေးသိ၊ မှန်မ မှန် ထပ်မသုံးသပ်ပဲ ပီးပီးေ၇ာဆိုပြီး ဦးချသူတွေလို့ပြောရမယ်။ ခုလိုလေးတွေ သိရတော့ ကျေးဇူးပါဗျို့။ ဘာသာရေးတွေ လာဆွေးနွေးပေးတယ်ဆိုတော့ ကို ++ ကြီးထင်ပဗျာ။ ကျေးဇူးတင်ပါတယ်ဗျို့ ။