Friday, July 18, 2008

The Lost Day

ပဟေဠိ


အဲဒီနေ့က
မိုးဖွဲဖွဲ ရွာနေသတဲ့။
(လွန်ခဲ့တဲ့ ရာစုတစ်ဝက် တုန်းက)

အဲဒီနေ့က
အဖေနဲ့ မြို့ထဲအသွား
တစ်မြို့လုံး ရုတ်တရက်
ခဏတာငြိမ်သက် ခဲ့တယ်။
(လွန်ခဲ့တဲ့ ငွေရတုနှစ်တွေဆီက)

အဲဒီနေ့က
ကျောင်းပိတ်ရက် အိမ်လည်အသွား
မြို့လည်က လမ်းထောင့်နားမှာ
ဖန်တီးမှု အနုပညာနဲ့
ရောင်စုံပန်းတို့
မျက်ရည်စို့ခဲ့ကြတယ်။
(လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုဆီက)

အဲဒီနေ့က
ငါ့ပြက္ခဒိန်ကနေ
(မသိမသာ)
ထွက်ထွက်သွားလိုက်တာ
အဲဒီနေ့က…
ဒီနှစ်မှာ ဘယ်နေ့လဲဟင် ။…..။


သုခမိန်။…..။

12 comments:

ကိုရင်နော်ခင်လေးငယ် said...

ကောင်းလိုက်တဲ့ ကဗျာလေး...

ပန်းခရမ်းပြာ said...

၁၉ ဇူလိုင်အတွက် ရေးဖွဲ့ထားတဲ့ ကဗျာလေးမို့ ရင်နင့်အောင် ခံစားမိပါတယ်။

အခြား said...

အဝေးရောက် သုခမိန်ရဲ့ အမှတ်တရပေါ့။ အောင်မြင်ပါစေ သူငယ်ချင်း။ ;P မတွေ့တာကြာပေါ့။

ဇနိ said...

အဲဒီနေ့ကို မမေ့ကြပါနဲ့
ထွက်သွားမခံကြပါနဲ့
း)
း)

Anonymous said...
This comment has been removed by the author.
Anonymous said...

သင်မပေးသောအရာ
ဘယ်သူမှ သင့်ဆီက အတင်းယူလို့ မရပါ။
သင်သဘောမတူဘဲ
ဘယ်သူမှလည်း သင်စိတ်ဆိုးအောင် မစွမ်းဆောင်နိုင်ပါ။
သုခမိန်….
အတု“စိန်“မဟုတ်ကြောင်း
ယခုအချိန်
ကျွန်ုပ်ကောင်းကောင်းသိပါပြီ။……..။

တားမြစ် ထားသော... said...

အားပေးထားသူတွေကို ကျေးဇူးပါ။ အဲဒီရက်ပိုင်းမှာ ကျွန်တော် ဘလော့ဂ်နဲ့ ဝေးနေမှာဖြစ်လို့ အချိန်မှတ်ပြီး တင်ခဲ့တဲ့ ပိုစ့်လေးပါ။
အဲဒီနေ့ကို မေ့နေတယ်လို့ ဆိုချင်တာမဟုတ်ဘူး။ မေ့နေသူတွေ များလာနေတယ်လို့ ပြောချင်တာ။ အမေ့ခံနေ့တနေ့ မဖြစ်စေချင်တာ အရိုးခံ ဆန္ဒပါ။ စိတ်ထဲမှာ ဒီထက့်ပြင်းတဲ့ ခံစားချက်တွေနဲ့ပါ။ အားလုံးသိတဲ့အတိုင်းပဲ တစ်ခါတရံမှာ စကားလုံးတွေက ခံစားချက်ကို ပီပြင်အောင် ပုံမဖော်နိုင်ပါဘူး။

“အဲဒီတနေ့ တို့ရင်ထဲမှာ ဘယ်တော့မှ မပျောက်ကွယ်သင့်တဲ့နေ့”

တန်ခူး said...

ကိုသုခမိန်လို့ ခေါ်ရတာပိုကောင်းတယ်နော်… နောက်ဆို အဲလိုခေါ်တော့မယ်… ရင်ထဲကပြက္ခဒိန်မှာ အမြဲစွဲထင်မယ့်နေ့ ပေါ့….

Anonymous said...

ကိုသုခမိန်လို့ ပြောရလောက်အောင် ကဗျာဖွဲတဲ့နေရာမှာတောင် အတွေးခေါ်တွေကို ထည့်လွှတ်နိုင်တယ် ချီးကျူးပါတယ်ဗျာ.. အဲဒီနေ့ကတော့ တွေးလိုက်တိုင်းကြေကွဲဖွယ်ရာပေါ့..

Anonymous said...

ဒီကဗျာလေးက တမူထူးခြားလို့ နှစ်သက်မိပါတယ် ။

မယ် said...

ကိုသုခမိန် ပြောတာမှန်တယ်... အဲဒီနေ့ကိုမေ့ထားကြတယ်....

Apprenticeship said...

မမေ့သင့်တဲ့နေ့တစ်ရက်ပေါ့......