Sunday, July 6, 2008

ကြမ်းပိုးများတဲ့အိပ်ရာပေါ်က လူကြိုက်နည်းတဲ့ကောင်

ကျနော့်မိတ်ဆွေတစ်ယောက်အတွက် မွေးနေ့လက်ဆောက်အဖြစ်
ကျနော်ဖန်တီးခဲ့တဲ့ ကျနော်ရဲ့ ရင်နှစ်သည်းခြာ အနုပညာဖြစ်သလို
တစ်ချိန်တည်းမှာပဲ
ကျနော်ရဲ့ သမ္မာကျမ်းစာ၊ကျနော့်ရဲ့ ကိုရမ်ကျမ်းစာလည်းဖြစ်ပါတယ်။
ယခု
တစ်စုံတစ်ရာမှသည် အစစအရာရာအတွက်
E-Journal သို့လက်ဆောင်ပေးပါသည်။
ပုတုညှက်၊ဝေမှူးသွင် နှင့် ကိုဖိုးချိုတို့ ကျေနပ်နှစ်သက်နိုင်ကြပါစေ
..................................................................................
ကြမ်းပိုးများတဲ့အိပ်ရာပေါ်က လူကြိုက်နည်းတဲ့ကောင်



နာကျင်တဲ့အခါ မအော်ဘဲ
ပျော်ရွှင်တဲ့အခါ ရယ်မောဖို့ နောက်မကျခဲ့ဘူး။
အမြောက်ကျည်ဆန်ဟာ
ပန်းအိုးအဖြစ်နဲ့ပဲ
အရိုးထုတ်တော့မယ်တဲ့။
ဘ၀ရဲ့ပြတင်းပေါက်ကို ဖွင့်လိုက်ပါ။
လိပ်ပြာလှလှနဲ့
အိပ်ရာထခဲ့ကြပါကွဲ့။
သစ်သီးတစ်လုံးသီးတိုင်း သင်တို့အတွက်ဖြစ်တယ်။
ပန်းတစ်ပွင့်ပွင့်တိုင်း သင်တို့အတွက်ဖြစ်တယ်။
သီအိုရီအသေတစ်ခုနဲ့
လူ့မြေကို မပေကျံပါစေနဲ့ကွဲ့။
လူဆိုတာ လူဓာတ်လိုအပ်တာပဲ-
ဘ၀ကို ရင်ခုန်သလိုအရင်းအတိုင်းနေပါ။
ဣတ္ထိယကို မှီဝဲပါ။
အာရုံကို ဖောက်ခွဲပါ
ပေါက်ကွဲသွားပါစေ
မစားရက်ရင်
အိပ်မက်တွေ လောက်တက်ကုန်မှာပေါ့။
စိတ်ရဲ့သိပ်သည်းမှုကို
သိပ္ပံပညာအန်မတုနိုင်ပါဘူးကွဲ့။
သီချင်းဆိုကြ မောင်တို့ရဲ့!
လူငယ်နဲ့ အနုပညာ
အတူနေပါစေ
ကမ္ဘာကြီးကို ပျော်ရွှင်ပါစေ
ဥစ္စာဓနတွေနဲ့
ဘ၀ကိုမပုပ်သိုးပါစေနဲ့ကွယ်…
ဘ၀ရဲ့အဆင်းဟာ ထမင်းမဟုတ်ချေဘူး။
အမြတ်ဆုံးတရားများ
ကပ်သုံးပါးကျော်ရုံတင်မဟုတ်။
အချိန်ဟာ
နာရီဒိုင်ခွက်ထဲ အကျည်းကျလို့။
တို့တွေဟာ
ဒိုင်ယာရီထဲ နေထိုင်ကြတယ်။
အဲသည်လိုနဲ့
အသက်အပိုင်းအခြားတွေလည်း
နက်ရှိုင်းသွားခဲ့ပြီ။
အထူးထူးအပြားပြားသော ဆူးကြားမှ
လူလားမြောက်ရန်သိခဲ့ပြီ။
ရန်အပေါင်းကြောင့်
ဉာဏ်ပိုကောင်းခဲ့ပြီ။
လူ့ဘ၀ကို ယုဇနပင်လေးမှာ အသာချိတ်
ဒူးယားတစ်လိပ်နဲ့လည်း
အိပ်ပျော်တတ်ခဲ့ပြီ။

နွေးထွေးမှုဟာ
ဈေးကြီး
ဝေးကွာ
သင်နဲ့ငါ
လာရောင်စေးကပ်ငြိတွယ်ခဲ့ကြရဲ့။
သင်ကဗျာလည်းစပ်တတ်ရဲ့မဟုတ်လား။
ဘယ်လိုလဲဆိုတော့ကာ
အင်မတန် သန်းများတဲ့ မိန်းမခေါင်းပေါ်
သန်းတွေ တရွရွ တစိစိ ပွတက်နေသမျိုးလေ
ကဗျာတွေက သူ့ကိုယ်ပေါ်မှာ
သူငယ်ချင်းတို့ရေ! E-Journal ရေ !
ကျနော်တော့
တစ်လက်မမှ ဆုတ်မပေးနိုင်တော့ပါဘူးဗျာ။……….။

မာရေးသျှင်

Kind of Art : Collage
Material : ရထားကဗျာစာအုပ်(မောင်ချောနွယ်) ဒုတိယအကြိမ်

7 comments:

တားမြစ် ထားသော... said...

“မစားရက်ရင်
အိပ်မက်တွေ လောက်တက်ကုန်မှာပေါ့။”
“လူငယ်နဲ့ အနုပညာ
အတူနေပါစေ
ကမ္ဘာကြီးကို ပျော်ရွှင်ပါစေ
ဥစ္စာဓနတွေနဲ့
ဘ၀ကိုမပုပ်သိုးပါစေနဲ့ကွယ်…”

အင်မတန် သန်းများတဲ့ မိန်းမခေါင်းပေါ်
သန်းတွေ တရွရွ တစိစိ ပွတက်နေသမျိုးလေ... ဟုတ်ပ။ မရေးရရင်ကို မနေနိုင်အောင် လူက ရွစိရွစိ ဖြစ်နေတာ။ ဆက်လက်ချီတက်ကြတာပေါ့ ကိုမာရေးသျှင်။

ကဗျာဆိုတာ ပွင့်အံကျပြီးသွားတာနဲ့ ငါနဲ့မဆိုင်တော့ဘူး။ သူ့ဘာသာသူ ရပ်တည်တော့တာ။ သူ့ရဲ့ တိုးတက်မှုတွေကိုပဲ ကိုယ်က ပီတိခံစားရတာ။ ကဗျာဆရာဆိုတာ သူ့ကဗျာလေးတွေအတွက်တော့ ခဏတာ ရင်နဲ့လွယ်ပေးရတဲ့ အငှားအမေပါပဲ။

လောကအကျိုး သယ်ပိုးမဲ့ ချစ်စရာကဗျာလေးတွေ မွေးထုတ်နိုင်ပါစေသောဝ်။

ရွှင်လန်းချမ်းမြေ့ပါစေ။.....။

ဇနိ said...

အထူးအဆန်းပဲ..
ဘာပညာမှ မတတ်လို့ ဒီတိုင်းဖတ်နေတာ..
း)
နောက်မဆုတ်တဲ့တစ်ယောက် ရှေ့ရောက်ရမယ်

အိမ်လွမ်းသူ(မှန်နီကုန်း) said...

ဟား..ဟ။ ကဗျာ ခေါင်းစဉ်ကတော့ ကြိုက်သွားပြီဗျာ...။
အချိန်ဟာ
နာရီဒိုင်ခွက်ထဲ အကျည်းကျလို့။
ကျုပ်ကတော့..
ညသုံးယံ တစ်ယံကို အားပြု..ရင်း။
နှစ်ယံကို....ကြမ်းပိုးများစွာ နဲ့...
အထူး ....စစ်ဆင်ရေး
ဆင်နွဲနေဆဲ.....ပဲ။

Anonymous said...

ပြောင်မြောက်လှပါလားဗျ.. Classic အစနလေးတွေကို Mod တွေနဲ့ ဆွဲအုပ်ထားတာ.. ချီးကျူးမိပါ၏

Han Thit Nyeim said...

မိုက်တယ်ဗျို့။ ထိပ်ဆုံးအကြောင်းကကို စမိုက်တာ။ အခုလို ပြန်လည်ဝေမျှပေးတာ ကျေးဇူးပဲ။

ကိုရင်နော်ခင်လေးငယ် said...

အကိုမာရေးသျှင်က ...
“ဒူးယားတစ်လိပ်နဲ့လည်း
အိပ်ပျော်တတ်ခဲ့ပြီ။” လား..။

အင်းးးး......
လက်တွေ့ဆန်တယ်လို့ လူတစ်ချို့ရဲ့ သုံးသတ်ခြင်းကို ခံယူဖူးတဲ့ ကျမကတော့ မမြင်နိုင်တဲ့ အရာတစ်ခုရဲ့ တွယ်ညိမှု့တွေနဲ့ ကျမမဟုတ်တော့ဘူး..

အရမ်းနှစ်သက်ဖွယ်ကောင်းတဲ့ ကဗျာလေးပါ။
(ခင်လေးငယ်)

တာတူး(၀ါ) အမေ့ခံလူတစ်ယောက် said...

“ အမြှောက်ကျည်ဆန်ဟာ ပန်းအိုးအဖြစ်နဲ့ပဲ အရိုးထုတ်တော့မယ်တဲ့” ဆိုတာလေး သဘောကျလှသဗျာ ။ အဲလို မထိတရိလေး တကယ်ရေးတတ်ချင်ခဲ့တာဗျ။ စာရေးဆရာ ကိုတာလည်း အဲလိုလေးတွေ ရေးတတ်တယ် ။ လေးစား အားကျလျက်ပါဗျာ ။