Sunday, June 10, 2012

သူငယ်ချင်း........သို့ .........


  အဝေးရောက် သူငယ်ချင်းဆီ မေးအရောက် မပို့ ဖြစ်ခဲ့ သည်မှာ
 နှစ်တွေကြာခဲ့ လို့ လတွေတောင် တိုးနေပြီလေ။ ဘာလိုလိုနဲ့ 
လိုနေခဲ့ တာ သူ့ လိပ်စာလေး အခုဆို အဆင်သင့် ကိုယ့်ရင်ဘက်
ထဲ တိုးလို့ ဝင်လို့ လေ။ သူငယ်ချင်းရေ..... 


 တို့ တတွေ မတွေ့ တာ အတော်ကြာခဲ့လို့ အခုဆို 
ဘယ်လောက်ပျော်ဖို့ ကောင်းလဲ။ မတွေ့ ကြတဲ့ 
ချိန်တွေများနောက်မှာ မင်းအကြောင်းတွေးဖြစ်တာ
နေ့ တွေညတွေ များမှများကွာ။ ပြောစမ်းသူငယ်ချင်း
ဘယ်ရောက်ခဲ့ လို့ ဘယ်ပေါက်ခဲ့လဲ။ ဘာကြုံခဲ့ လို့ 
ဘာခံစားခဲ့ ရလဲ။ ဘာကိုမြင်လို့ ဘာတွေ တွေးခဲ့ မိလဲ။
ဘာအတွက်ကြောင့် ဘာတွေရှေ့ ဆက်မလဲ ဆိုတာတွေ
သိချင်စမ်းပါရဲ့ လေ။ သူငယ်ချင်းရေ....
 ရွာလည်က သဲဖြူဖြူ သဲထူထူမူလတန်းကျောင်းက 
အခုဆို ကွန်ဂရစ်ခင်းလို့ နံရံဝင်းလို့ မူလည်တန်း
ဖြစ်နေပြီလေ။
  ရွာအနှ့ံရေကန်တွေဆောက်လို့ တောင်တန်းက
ရေတွေနဲ့ ရွာသားသူတွေဘဝ စိုပြေလို့ ရွာဦးက
 ရေတွင်းဆို နွေအခါမှာ လူမစည်တော့ဘူးလေ။
 လယ်ကွင်းတွေထဲ စက်သံညံလို့ ၊ ခေတ်သစ်
ထွန်ရေးငင်သံတွေလွမ်းလို့ ဖားတွေတောင်
ခေတ်မှီအောင်အတုခိုးတတ်နေပြီ မိုးရာသီဖြစ်
နေပြီ လေ။ ဆောင်းဆိုလည်း ရွာသားသူတွေ
ထေါ်လှဂျီတဝုန်းဝုန်းနဲ့ ခေတ်မှီမှီ စပါးသိမ်း
တတ်နေပြီလေ။ သူငယ်ချင်းရေ.............
  ညရောက်လို့ အမှောင်လာရင်ဒီဇယ်အင်ဂျင်
က အမှောင်ကိုခွင်းလို့ ရေနှံ မီးခွက်တွေ ခေတ်
နောက်ကျကုန်ပြီလေ။ ကိုးရိးယားဇာတ်လမ်းတွဲ
တွေများ ခေတ်စားတာ ညခုနှစ်နာရီ အိပ်တဲ့ သူ
တွေတောင် ညနက်ကုန်ပြီလေ။ 
 သူငယ်ချင်းရေ.....ဘယ်လိုလဲ.....အချိန်ဆိုတာ
ပြောင်းလဲခြင်းအသစ်သစ်တွေ ဖြစ်နေပေမယ့်
တို့ တတွေ ရဲ့ အတွေးတွေ က ရင့်ရင့်လာမှသဘာဝ
ကျမယ်ထင်ပါ့။ သူငယ်ချင်းရော မပြောရမဆိုရတာ 
မင်းနဲ့ ငါ အတော်ကြာပြီဆိုတော့ ဒီစာကိုဖတ်ရင်း
ပျော်ပါစေလို့ ။ သတိရခြင်းများစွာဖြင့်........
.........................................................


 

ဆက်ဖတ်မယ်ဆိုရင် ...

Tuesday, January 10, 2012

ခရီး


မှိုင်းမှုံဝေဝါး
မြူတွေကြား
ချောက်ကမ်းပါးတို့ရှိပါသည်။

ပညတ်နယ်သား
ခရီးသွား
“တံတား”ထိုးလို့လျှောက်ပါလေ။
“ဘုရားပုထိုး”သို့ရောက်ပါစေ။...........။

မာရေးသျှင်
(၂၀၁၁ ခုနှစ် နောက်ဆုံးနေ့)

ဆက်ဖတ်မယ်ဆိုရင် ...

Monday, December 26, 2011

ခေတ်မီတယ်.......

”ခေတ်မီတယ် ” ဆိုတာကြီးက ဘာလဲကွယ်။

တကယ်ကို နားမလည်ခဲ့ဘူး။ ကုန်လွန်ခဲ့သည့် အချိန်တွေအတော်များများပေါ့။

ကိုယ့်နဲ့မကွာအနီးကပ်နေခဲ့တာနော်။ရက်တွေအများစုထဲမှာသူက

ပေါ်ပြူလာ။လတွေဘယ်လောက်ရင့်ရင့် သူကသူကမရင့်။

နှစ်တွေဘယ်လောက်အိုအို သူကမအို။

ခေတ်တွေဘယ်လောက်ပြောင်းပြောင်း အမြဲတမ်း ရှင်သန်နေတဲ့ သူလေ။

သူနာမည်က ”ခေတ်မီတယ် ” တဲ့။ ကဲကြည့် ။ ပေးထားတဲ့ နာမည်ကိုက

ခေတ်မီလိုက်တာလွန်ရော။ကျွန်တော်တို့ တတွေဟာ ခေတ်မီဖို့ လိုတယ်ဗျာ့။

” ……… အစ်ကိုရေ ရွာထဲမှာတော့ တော်တော်ခေတ်မှီလာကြပြီ သိလား…………..”

သုံးကြိမ်မြောက် ဖတ်ပြီးသည်နှင့် အတွေးတစ်စသည် ပတ်ဝန်းကျင်ဆီသို့ 

လွင့်သွား၏။” ခေတ်မီတယ် ” ဆိုသည့် စကားလုံးသည် ပတ်ဝန်းကျင်ရှိ ကျွန်နော်

အပေါင်းအသင်းများအကြားတွင် အတော်အသုံးများသော စကားတစ်လုံးဖြစ်နေလေသည်။

ဘယ်လိုအထည်လေးကို ဝတ်ထားမှ ခေတ်မီတယ်။ ဒီလိုလေး လုပ်ထားမှခေတ်မီတယ်ကွ။

ဒါလေး ကိုင်ထားရင် အတော်ခေတ်မီတာပဲ။ ဒီိလိုအဆင်အပြင်လေးဆို သိပ်ခေတ်မီတယ်နော်။

ဘာလုပ်လုပ်၊ ဘာစားစား၊ ဘာဝတ်ဝတ် ၊လုပ်သမျှ၊ ပြောသမျှ၊ စားသမျှ၊ ဝတ်သမျှတွေထဲ

ခေတ်မီတယ် ဆိုတဲ့ စကားလုံးက မပါမနေရ ပါနေတော့တာပဲ။ သြော်…….ဒါကြောင့်လည်း

ဒီခေတ်ကြီးက တယ်ပြီး ခေတ်မီပါလားနော် လို့ လည်း ညီးအော်လိုက်ချင်သပါ့။

တခါတလေကျတော့လည်း တချို့ ပြောတာ ခံရသေးရဲ့ ။ ”ခေတ်မမီလိုက်တာကွာ ” တဲ့ ။

ဒီလို ကြားရပြန်တော့လည်း တွေးမိပါရဲ့ ။ တကယ်ပဲ ခေတ်နဲ့ အညီမနေတတ်ဘူးလားပေါ့လေ။

အေးလေ။ တွေးကြည့်တော့လည်း သူတို့ အမှားမဟုတ်ပါဘူး။ ဝတ်ထားတဲ့ စတိုင်တွေ၊

နေထိုင်တဲ့ စတိုင်တွေ၊ သွားလာလှုပ်ရှား တဲ့ စတိုင်တွေ နှင့်အတူ သူတို့ တတွေ

ပြောဆိုတာတွေက သွက်လက်လွန်းလို့ နားမလည်နိုင်၊ သုံးလိုက်တဲ့ ပစ္စည်းတွေကလည်း

မမြင်ဖူးဘူးဆိုတော့ သူတို့ ပြောတာ မလွန်ဘူးပေါ့လေ။ သြော်……..ဒါကြောင့်လည်း

ခေတ်မမီဘူးလို့ ပြောခံရတာ နည်းသေးလို့ လည်း ညီးအော်လိုက်ချင်သပါ့။

ကျွန်နော်တို့ တတွေက တိုင်းခြားမှာ အလုပ်လာလုပ်နေတဲ့သူတွေလေ။

တစ်အိမ်တည်းမှာနေထိုင်ကြတယ်။ လူမျိုးစုံ ဆယ်ယောက်ပေါ့။ အလုပ်ရှင်က

အခန်းတစ်ခန်းစီပေးထားတယ်။ပြီးတော့ စည်းကမ်း ချထားတယ်။ အခန်းထဲ

ဆေးလိပ်မသောက်ရဘူး။ အရက် မသောက်ရဘူး။တစ်ပတ်တခါ

အခန်းသန့် ရှင်းရေးလုပ်ရမယ် အစရှိသည်ဖြင့်ပေါ့လေ။ တချို့ လည်း လိုက်နာကြ

ပါရဲ့ ။ တချို့ ကတော့ မလိုက်နာသည့်အပြင် အခန်းထဲဆေးလိပ်သောက်ပြ၊ အရက်ေ

သာက်ပြ၊အမှိုက်တွေ ပစ်ပြတာတွေတောင်လုပ်လိုက်သေး။ သွားပြောရင်

…..ဟိတ်ကောင်မင်းကဘာလဲ။ငါ လုပ်တာ ငါ့အလုပ်ရှင်ကို

ဂရုမစိုက်လို့ ကွ။ ဘာဖြစ်လဲ။။။။။ဘာညာပေါ့။ အေးလေ။ ဒါလားခေတ်မီိလို့ လား။

မမီလို့ လားတော့မသိဘူး။ တခြား လူမျိုးတစ်ယောက်ကပြောတယ်။ သူ ဘာလူမျိုး

လည်းတဲ့။ စည်းကမ်းကိုမရှိဘူးတဲ့ ။ သူတစ်ယောက်ကြောင့် တစ်မျိုးလုံးပါ စည်းကမ်း

မရှိတော့သလိုဖြစ်သွားလေရဲ့ ။ စိတ်ဓါတ်စည်းကမ်းရှိပါစေ။ ဒါမှခေတ်မီ

တယ်လို့ သိစေချင်ပါရဲ့ ။ စည်းကမ်းရှိတဲ့ သူဟာ ခေတ်မီတဲ့ သူတစ်ယောက်ပါပဲ။

ငါတို့ ရွာကတော့ သူများရွာတွေထက် နောက်ကျနေတာတော့ဝန်ခံပါရဲ့ ။

အဲဒါဘာကြောင့်လဲ။ဟိုတလောက သတင်းတစ်ပုဒ်ဖတ်လိုက်ရတယ်။

ဒီလိုလေ။ ရွာထဲမှာ ဘုန်းကြီးကျောင်းနှစ်ကျောင်းရှိတယ်။ အရှေ့ ကျောင်းနဲ့ 

အနောက်ကျောင်းဆိုပါတော့။ ရွာထဲက လူတွေကလည်း အစွဲရှိကြတယ်။

အရှေ့ ကျောင်းမှ အရှေ့ ကျောင်း၊ အနောက်ကျောင်းမှ ငါ့ကျောင်း။

ဒီဘုန်းကြီးမှ ငါ့ ကိုးကွယ်တဲ့ ဘုန်းကြီး။

ဒီလိုမျိုးတွေလေ။ ဒီလို အစွဲတွေနဲ့ ဖြစ်လာတော့ကိုးကွယ်ခံရတဲ့ 

ကိုယ်တော်တွေကိုယ်တိုင် စိတ်ယိုင်သလားမသိပါဘူး။

ရွာထဲ အလှူလုပ်ရင် သူ့ ကျောင်းမှာလုပ်လို့ ငါမသွားဘူး၊ဟိုဒကာ

အလှူလုပ်တာ ငါ့ ဒကာ မဟုတ်ဘူး

။ဒီလိုတွေဖြစ်လာတယ်လေ။ ဒကာ၊ဒကာမတွေကဆိုတာကလည်း

အစွဲသန်သလားမမေးပါနဲ့ ။ ဒီဘုန်းကြီးမှဒီဘုန်းကြီးဆိုတာပါပဲ့ ။ ဆိုလိုတာက

ဘုရားသားတော်ဖြစ်တဲ့ သံဃာ

အချင်းချင်းတွေကိုတောင် ဘုန်းကြီးအရှေ့ နာမ်စားတွေထိုးပြီးခွဲခြား

မြင်နေတော့တာပဲ လေ။သံဃာဆို သံဃာပေါ့။ ဒီသံဃာကိုမှ ဘွဲ့ ကြည့်

ပြီး ဘုန်းကြီးက ဘယ်လိုလဲ ဆိုတာကြည့်ပြီးဦးချနေကြ

တာမြင်တော့ သူများရွာတွေထက် နောက်ကျနေတာ

မလွန်ပါဘူးလေ။ အမြင်တွေက ကျဉ်းတာကိုး။အမြင်ကျဉ်းတော့

ရွာတက်လမ်း ပိတ်ပြီပေါ့။ ဒါလား…….ခေတ်မီတာ။

အမြင်ကျယ်အောင် ကြည့် ။အမြင်ကျယ်မှ ခေတ်မီတဲ့ သူတစ်ယောက်ဖြစ်လေရဲ့ ။

ဘာတဲ့ လဲ။ ရွာသူကြီး အရက်သောက်တာကို ကိုရင်လေးတစ်ပါးက

အရက်သောက်တာမကောင်းဘူး ဟောတာကို ရွာသူကြီးက ဒေါကြီးပြီး

ဆွမ်းမလောင်းဘူး။ ဒီလိုလား။ဖြစ်မှဖြစ်ရလေ။ ခေတ်မီတဲ့ ရွာကြီးရေ……..။

ဘုရားသားတော်ဆိုတာ မကောင်းတာကိုမကောင်းတာလို့ မဟောရင်

ဘယ်လိုဟောရမှာတုန်း။ ဒီလိုဟောလိုက်လို့ ဆွမ်းမလိုက်ဘူးဆိုတာကတော့

မဖြစ်သင့်ပါဘူးလေ။ အေးလေ။ အမြင်တွေက ကျဉ်းတာကိုး။ အမြင်ကျဉ်း

တော့ မတိုးတက်ဘူးပေါ့။ မတိုးတက်တော့ ခေတ်မမီဘူးပေါ့။ ခေတ်မမီတော့

သူများရွာတွေအထင်သေးတာခံရပြီပေါ့။ မှတ်ထား အမြင်ကျယ်မှခေတ်မီတယ်။

စည်းကမ်းရှိမှခေတ်မီတယ်။ မနာလိုဖြစ်တယ်ဆိုတဲ့ အဓိပါယ်က အမြင်ကျဉ်းတယ်

ဆိုတာကိုဖော်ပြတာမှတ်။ဒါလား………….ဒီလိုဝတ်၊ ဒီလိုစား၊

ဒီလိုပြော၊ ဒီလိုလုပ်မှ ခေတ်မီတယ်ဆိုတာမဟုတ်ဘူး။အမြင်ကျယ်မှ၊ စည်းကမ်းရှိမှ။

….” အစ်ကို ရေ…..ရွာထဲမှာတော့ တော်တော်ခေတ်မီလာကြပြီသိလား……….”

လေးကြိမ်မြောက် ဖတ်လိုက်ခြင်းပါပေတည်း……….။

ဆက်ဖတ်မယ်ဆိုရင် ...

Friday, November 4, 2011

မှာခြင်း.....

သို့ .....
ညီလေး....
အိမ်နှင့်ခွဲပြီးထွက်သွားတာကြာပြီနော်။ ငါးနှစ်တောင်စွန်းနေပြီလေ။ အမေလည်းလွမ်းနေတယ်။
အိမ်က ထမင်းစားပွဲလေးလည်း လွမ်းနေမယ်ထင်တယ်။ ” အငယ်လေးက လိမ္မာတယ်တဲ့ ”
ညီလေး ရေးပို့ လိုက်တဲ့ စာတွေဖတ်ရင်း အမေရဲ့ တမ်းတအလွမ်းလေ။
ညီလေး....
အခုရွာမှာ စပါးတွေရိပ်သိမ်းတော့မယ်။ ညီလေးကို ရင်ခွင်ထဲထည့်ပြီး ချော့သိပ်ခဲ့တဲ့ လယ်တဲ
လေးက အခုအိုနေပြီလေ။ ” အငယ်လေးတစ်ယောက် မမြင်တာ အတော်ကြာနေပြီနော် ”
ဆိုပြီး လယ်တဲအိုလေးက အသံတုန်တုန်နဲ့ ပြောနေမယ်ထင်တယ်။ သူစကားပြောတတ်ရင်ပေါ့။

ညီလေး…

အဖေနှင့်အတူ ပြုစုခဲ့တဲ့ ရာဘာပင်တွေလည်း ထွားကျိုင်းလို့ အပျိုကြီးဖားဖားတွေဖြစ်နေကုန်ပြီလေ။

” ........ဒီအပင်သေးသေးလေးတွေက ဘယ်တော့ကြီးမယ်မှန်းမသိဘူး...
စိုက်ပျိုးရတာ ပင်ပန်းလိုက်တာ အဖေ............ ”

ဆိုပြီး ညီလေး ငယ်ငယ်က ငြီးငြူခဲ့တဲ့ သီချင်းတစ်ပိုင်းတစ်စကို ဆိုညည်းရင်း ညီလေးကို မျှော်နေ

ကြတယ်တဲ့ ။ ညီလေး ရေးပို့ လိုက်တဲ့ စာကိုဖတ်ပြီးတိုင်း အဖေပြောပြောနေတဲ့ သတင်းလေ။

သူက လသားအရွယ် ရာဘာပင်လေးတွေကို ချီတုန်း၊ ပြုစုတုန်းလေ ညီလေးရဲ့ ။

ညီလေး.....

အစ်ကိုပြောပြမယ်။ အစ်ကိုတို့ ရွာမှာ စာကြည့်တိုက်ဖွင့်ထားပြီးပြီ။ ညီလေးသူငယ်ချင်းတွေ

လည်းစာတွေဖတ်လို့ ။ ” အငယ်လေးတို့ များကွာ ငါတို့ ဆီကို စာလေး တစ်စောင်မှရေးဖော်

မရဘူး ” ဆိုပြီး ညီလေးကို တမ်းတနေကြတယ်။

ညီလေး.....

ညီမလေးကလည်း မှာနေတယ်။ ဒီတစ်ခါစာရေးရင် ညီလေးနေထိုင်တဲ့ နေရာဒေသအကြောင်း၊

အလုပ်ခွင်အကြောင်း၊ ရာသီဥတုအကြောင်း၊ အစိုးရအကြောင်း၊ စီးပွားရေးအကြောင်း၊ လူမှုရေး

အကြောင်း၊ ဘာသာရေးအကြောင်း၊ လူမျိုးတွေအကြောင်း ဗဟုသုတရအောင်ထည့်ရေးပေးပါ

ဦးတဲ့ လေ။ အမြင်နှင့် အတွေ့ အကြုံကို နည်းနည်းလေးထည့်ရေးပေးလိုက်ရင် အရမ်းကောင်း

မှာပဲလို့ ညီလေး စာကိုဖတ်ပြီးတိုင်းပြောနေလေရဲ့ ။

ညီလေး.....

အစ်ကိုလည်း ညီလေးကို သတိရတယ်ကွ။ အခုညီလေးနေတဲ့ နေရာက ဖွ့ံဖြိုးပြီးတဲ့ နိုင်ငံဆို

တော့ လူနေမှုအဆင့်အတန်း၊ စိတ်ဓါတ်၊စည်းကမ်းရှိမှု၊ သန့် ရပ်မှုတွေနှင့်အတူ နေထိုင်ဖို့ သိပ်

ကောင်းမယ်ထင်ပါရဲ့ ။ ပညာရေး၊ လူမှုရေး၊ စီးပွားရေးဆိုတဲ့ အရေးသုံးပါးမှာတစ်ပါးပါးနဲ့ ဒါမှမ

ဟုတ် နှစ်ပါးနဲ့  ဒါမှမဟုတ် သုံးပါးစလုံးနဲ့ပြည့်စုံနေပြီး ကမ္ဘာနှင့်အတူ ယှဉ်ဘောင်တန်းလိုက်

နေနိုင်တယ်ထင်ပါရဲ့ ။

ညီလေး...

အစ်ကိုကြားတာကတော့။ အခုဆို တရုတ်က စီးပွားရေးနှင့်အတူကမ္ဘာကိုယှဉ်ဘောင်တန်းလိုက်

နေနိုင်တယ်ဆို။ ပြီးတော့ အန္ဒီယကလည်း နည်းပညာဆိုတဲ့ ပညာရေးနှင့်အတူ ကမ္ဘာကို ယှဉ်

ဘောင်တုန်းလိုက်နေနိုင်တယ်ဆို။ ဒီလိုဆိုရင် အစ်ကိုတို့ မြန်မာနိုင်ငံကလည်း လူမှုရေးနှင့်အတူ

ကမ္ဘာကိုယှဉ်ဘောင်မတန်းနိုင်ဘူးလားကွယ်။

ညီလေး....

ရေးထားတဲ့ စာထဲမှာပါတဲ့ ကွန်ပြူတာတို့ ၊ ရေခဲသတ္တာတို့ ဘာတို့ ညာတို့ ဆိုတာကလည်း

အစ်ကို တို့ ရွာလေးအတွက်တော့ မမြင်ဘူးတဲ့ လူစိမ်းတစ်ယောက်ပါပဲ့ ညီလေးရဲ့ ။

ညီလေး....

အဖေလည်းကျန်းမာတယ်။ အမေလည်းကျန်းမာတယ်။ မကျန်းမာတာက ရွာနဲ့ မြို့ ကိုအသွား

အပြန်လုပ်နေတဲ့ လမ်းမကြီးလေ။ အစ်ကိုတို့ တတွေတတ်နိုင်သလောက်တော့ပြုစုနေပါတယ်။

ညီလေးတို့ ဆီမှာ လူတိုင်းသက်တမ်းစေ့ နေနိုင်တယ်ဆိုတော့ ဝမ်းသာပါရဲ့ ။ အစ်ကိုတို့ ဆီမှာ

တော့ အခု အိုမင်းနေတဲ့ သစ်ပင်ပျိုလေးတွေက မိုးမဟုတ်တဲ့ အေးခြမ်းမှုကို မျှော်နေလေရဲ့ ။

ကျန်းမာရေးဂရုစိုက်ပါ.......

သတိရလျက်.........

.....................................................။.............................................

လူစိမ်း = မမြင်ဘူးသောသူ( သို့ ) လူ





ဆက်ဖတ်မယ်ဆိုရင် ...

Friday, September 23, 2011

သိစေချင်လို့ ညီငယ်သို့

သို့ 

ချစ်တဲ့ ညီငယ်

စိတ်ချမ်းသာလို့ ကျန်းမာပါစ။ ဒီစာကို ညီမ၊ အမေ၊ အဖေတို့ကိုလည်း ပေးဖတ်စေချင်တယ်။ ညီငယ်သဘော
ပါပဲ။ အစ်ကိုတို့ရွာ၊ အစ်တို့မိသားစုတွေမှာ အဆင်ခြင်မဲ့ကိုးကွယ်ယုံကြည်တာတွေရှိလာလို့၊ သတိထားစေချင်လို့ ဒီအကြောင်းတွေကို သိစေချင်တာကြောင့် ဒီစာကို ဒီလို ရေးပို့လိုက်တယ်ဆိုပါတော့။

ညီငယ်၊ အစ်ကိုမမွေးခင်က အစ်ကိုတို့ရွာမှာ တရုတ်နတ်ကိုးကွယ်တဲ့ဓလေ့မရှိခဲ့ဘူးကွယ့်။ အစ်ကိုမွေးပြီးတဲ့နောက်ပိုင်းမှ ရှိလာခဲ့တာ။ အခုဆို ညီငယ်ရဲ့ နောက်မွေးလာကြတဲ့ ခလေးတွေဟာ တရုတ်နတ်ဆိုတာ လိုတရဘုရားလိုလို၊ စီးပွားရေးတိုးတက်အောင်လုပ်ပေးနေတဲ့ နတ်ဘုရားကြီးတစ်ပါးလိုလို ကိုးကွယ်ယုံကြည်လာကြတာမြင်တော့ စိတ်မကောင်းဖြစ်မိတယ်။

တရုတ်နတ်ကိုးကွယ်တဲ့ဓလေ့ဟာ အစ်ကိုတို့ရွာမှာဒီလိုစခဲ့တယ် ညီငယ်။ အစ်ကိုငယ်ငယ်ကပေါ့။ အစ်ကို
တို့ရွာမှာ ဝက်တွေမွေးကြတယ်။ လသားကျော်ကျော် ဝက်ငယ်ငယ်လေးတွေဝယ်ပြီး ကြီးလာအောင်ပြုစု၊ကျွေး
မွေး၊ ကြီးလာရင် မြို့ တက်ရောင်းတာပေါ့။ ရွာထဲမှာဆို တစ်အိမ်ထောင်မှာ ဝက်နှစ်ကောင်စီ မွေးထားကြတယ်။
ထမင်းကျန်ဟင်းကျန်နဲ့ ကျွေးမွေးရတာဆိုတော့ စရိတ်လည်းသက်သာ၊ အချိန်တန် ပိုက်ဆံလည်းရဆိုတော့
အိမ်တိုင်းအိမ်တိုင်း ဝက်မွေးကြတာပေါ့လေ။

ဒါနဲ့ပဲ အစ်ကိုတို့အဖေအမေက အပိုဝင်ငွေရအောင်ဆိုပြီး ဝက်ငယ်နှစ်ကောင်ရှာဝယ်ပြီး ကျွေးမွေးကြတာ
ပေါ့။ ညီငယ်သိတဲ့ အတိုင်းပဲ မဟုတ်လား။ အစ်ကိုတို့ရွာငယ်လေးတွေဆိုတာက အပြိုင်အဆိုင်လုပ်တတ်ကြ
တာလေ။ ဒါမှလည်း ခေတ်မီတယ်ထင်တာကိုး။ ဒါပေမယ့် အစ်ကိုတို့အိမ်က ဝက်ငယ်လေးတွေဟာ သူများအိမ်
ကဝက်တွေလို မကြီးဘူး၊ မထွားဘူးလေ။ သူများအိမ်က ဝက်တွေက ကြီးထွားပြီး ရောင်းလို့ ကောင်းနေတဲ့အ
ချိန် အစ်ကိုတို့အိမ်မှာ မွေးထားတဲ့ ဝက်လေး နှစ်ကောင်ကတော့ သေးသေးကျစ်ကျစ်လေးပဲ ရှိနေသေးတာ
ကိုး။

အဲဒီလိုနဲ့ အဖေ၊ အမေတို့က ဝက်ငယ်လေးတွေကြီးထွားအောင် ဘယ်လိုလုပ်ရမလဲဆိုတာ ဟိုမေးဒီမေး ဆို
ပါတော့။ ဖြေတဲ့သူတွေကလည်း အဖြေတွေအမျိုးမျိုး ဖြေကြတာပေါ့။ အဖေအမေတို့ကလည်း အဖြေအမျိုး
မျိုးအတိုင်း လိုက်လုပ်ကြတာပေါ့။ သူများတွေပြောတိုင်း လိုက်လုပ်ကြတာပါပဲ။ သူများတွေအကြံပေးတဲ့အတိုင်း လိုက်လုပ်ကြတာပေါ့။ ဒါပေမယ့်လည်း သူများဝက်တွေလောက် မကြီးထွားဘူးဆိုပါတော့။ ဒုံရင်းဒုံရင်း
ပါပဲ။ သေးသေးကျစ်ကျစ် ဝက်ငယ်လေးနှစ်ကောင်ကို ရောင်းပြီး မျိုးကောင်းမျိုးသန့်ဆိုတဲ့ ဝက်ဝယ်ပြီးမွေးလည်း
မကြီးဘူး။ မထွားဘူးဖြစ်နေတော့တာပါပဲ။ အဲဒါနဲ့ အကြံပေးသူတွေက အစ်ကိုတို့အိမ်က ဝက်မွေးတာ လက်မ
လိုက်ဘူးဆိုပဲ။ ဘာဖြစ်လို့ လဲဆိုတော့ အစ်ကိုတို့အိမ်မှာတရုတ်နတ်ကို မကိုးတာကြောင့်တဲ့လေ။ အေးပေါ့
အမေ၊ အဖေတို့ကိုလည်း အပြစ်ပြောလို့မရပါဘူး ။ လိုချင်တာပဲ သိတာကိုး။ ပြီးတော့ ဆန့်ထွက်တဲ့အမြင်
ကလည်း အစ်ကိုတို့ရွာလေးမြင်ကွင်းပဲ ရှိတာဆိုတော့။ တရုတ်နတ်ကိုးရင် ဝက်ကြီးမယ်။ ပိုက်ဆံပိုရမယ်ဆိုတာ
ပဲ တွေးလိုက်တာပေါ့လေ။

ညီငယ်၊ အဖေအမေတို့ကလည်း အဟုတ်မှတ်လိုက်လုပ်ကြတာပေါ့။ အစ်ကိုတို့အိမ်မှာ တရုတ်နတ်ကိုးဖို့ နတ်ပွဲထိုးတာပါပဲ။ ညီငယ်သိတဲ့အတိုင်း တရုတ်နတ်ကိုးတယ် ဆိုရင်ပဲ ခေါက်ဆွဲကြော်၊ ဝက်သား၊ အရက်၊ တရုတ်တွေသုံးတဲ့ အဖြူအဝါစက္ကူတွေ၊ အနံ့ပြင်းပြင်း အမွေးတိုင်၊ ဖရောင်းတိုင်တွေက ပါလာရော။ ဒီလိုနဲ့ တရုတ်တွေ စီးပွားဖြစ်တာပါပဲ။

တရုတ်နတ်ကိုးရင် သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေကို အတိအကျလိုက်နာရတယ်တဲ့။ ဒီလို မဟုတ်ရင် တရုတ်နတ်ကြီးက ဖမ်းစားတတ်တယ်တဲ့။ ကိုးတဲ့သူတွေက ကြောက်ကြတာပေါ့။ တရုတ်နတ်ကိုးမယ်လို့  ဆုံးဖြတ်လိုက်ရင် အိမ်မှာ ထမင်းဟင်း ဦးဦးဖျားဖျား ဘယ်သူမှမစားရတော့ဘူးတဲ့ ။ တရုတ်နတ်မကိုးမပြီးချင်းပေါ့လေ။ အဖေတို့ အမေတို့မှာလည်း ဟိုပစ္စည်းရှာရ၊ ဒီပစ္စည်းရှာရနဲ့ ပူပန်လို့ပေါ့။ တရုတ်နတ်ကိုးပြီးရင်လည်း အိမ်သားတွေက စားမှရတယ်ဆိုပဲ။ အိမ်သားတွေအတွက် စားဖို့က ပြဿနာမဟုတ်ပေမယ့် အရက်သာက်ဖို့အတွက်က ပြဿနာဖြစ်လာရော။ အဲဒီအချိန်တုန်းက အစ်ကိုပဲ သောက်ခဲ့ရတာပေါ့။ ဒီလိုနဲ့ အစ်ကိုလည်း အရက်သောက်တတ်သွားတယ် ဆိုပါတော့။ အရက်ချက်တဲ့ တရုတ်တွေအတွက်ကတော့ စီးပွားဖြစ်တာပေါ့လေ။ တရုတ်နတ်ကို နှစ်လတစ်ခါ ကိုးရတယ်တဲ့။ ဒီလိုနဲ့ အစ်ကိုဆို အရက်နဲ့လည်းရင်းနှီးလာတာပေါ့လေ။

ညီငယ်၊ မသိဘဲနဲ့ ကိုးကွယ်မယ်ဆိုရင်၊လုပ်မယ်ဆိုရင် ဘာမှမကောင်းပါဘူး။ ကြောက်ရတယ်။ ပူပန်ရတယ်။ စိုးရိမ်ရတတ်တယ်လေ။ ပြီးတော့ ကြောက်လို့ ကိုးကွယ်မိရင်တော့ ဆန့်ထွက်နိုင်တဲ့ အသိတွေ၊ လုပ်နိုင်တဲ့အားတွေဟာ ပိတ်ကုန်တော့တာပါပဲ။ ကြောက်လို့ ကိုးကွယ်ရင်း၊ ပသရင်းနဲ့ ကိုးကွယ်
ခံသူတွေရဲ့ ခြေနင်းဖြစ်လာကြတာပါပဲ။ ဒါကြောင့် ညီငယ်၊ ကြောက်လို့ ကိုးကွယ်တဲ့ သူမဖြစ်စေနဲ့။ သိလို့ ကိုး
ကွယ်တဲ့သူတစ်ယောက်ဖြစ်ပါစေ။

ဒီလိုနဲ့ပေါ့ ညီငယ်၊ အစ်ကို ငယ်ငယ်တုန်းက အရမ်းပျော်ခဲ့တာပေါ့။ နှစ်လတစ်ခါ ဝက်သားစားရတယ်။
ခေါက်ဆွဲစားရတယ်။ အရက်လည်းသောက်ရတယ်ဆိုတော့။ အစ်ကိုတို့တစ်အိမ်တည်း မဟုတ်ပါဘူး။ သူများအိမ်တွေမှာလည်း သွားပြီးစား၊ သောက်တာပေါ့။ သူများအိမ်တွေကလည်း တရုတ်နတ်လိုက်ကိုးလာကြတာကိုး။ အစ်ကိုပြောခဲ့တယ်မဟုတ်လား။ အပြိုင်အဆိုင်လုပ်တာမှ ခေတ်မီတယ်လို့လေ။ ဒီလိုနဲ့ သူများအိမ်တွေက ဝက်တွေကတော့ လက်လိုက်တယ်လို့ ပြောလို့ရတာပေါ့။ ကြီးမှကြီး လှမှလှ၊ ဈေးကောင်းရ။ အစ်ကိုတို့အိမ်မှာကတော့ သိပ်လည်းမကြီး သိပ်လည်းမလှဘူးဆိုပါတော့။ အဲဒါနဲ့အဖေ၊ အမေတို့က ဝက်မမွေးတော့ဘူးလို့ 
ဆုံးဖြတ်လိုက်ပြီး ဝက်မမွေးကြတော့ဘူးလေ။ အစ်ကိုတို့အိမ်မှာ ဝက်မမွေးတော့ဘူးဆိုတော့ တရုတ်နတ်ကိုးဖို့ လည်းမလိုတော့ဘူးပေါ့။ အစ်ကိုတို့အိမ်မှာ တရုတ်နတ်မကိုးတော့တဲ့အချိန်မှာ အစ်ကိုက အရက်သောက်တတ်နေပြီ။ အစ်ကို့သူငယ်ချင်းတွေ အကုန်လုံးကလည်း သောက်ကုန်ကြပြီလေ။

တရုတ်နတ်မကိုးတော့တဲ့နာက်ပိုင်း ညီငယ် နေမကောင်းစဖြစ်တော့တာပါပဲ။ ညနေဘက်ဆို ကိုယ်တွေပူ၊ ချမ်းတယ်ချမ်းတယ်နဲ့ အော်ပြီးငိုတာပါပဲ။ အဖေ၊အမေတို့က ညီငယ်အတွက် စိုးရိမ်ပြီး တောဆရာဝန်တွေနဲ့ပြ၊ ကြားဖူးတဲ့ ဆေးမြီးတိုတွေနဲ့ကု၊ ပယောဂဆရာတွေနဲ့ ကုတာပေါ့။ ဒါပေမယ့် ညီငယ်ရောဂါက မနက်၊နေ့လည်ဆို လူကောင်းကြီးဖြစ်ပြီး ညနေဘက်ဆို ကိုယ်တွေပူ၊ ချမ်းတယ်ချမ်းတယ်နဲ့  အော်ငို နေခဲ့တာပါပဲ။ ညီငယ်ဒီလိုဖြစ်နေခဲ့တာ နှစ်လကျော်ကျော်ကြာခဲ့တယ်။ အဖေအမေတို့က ညီငယ်အတွက်စိုးရိမ်ပူပန်တာပေါ့။ ကုတဲ့ဆရာတွေကလည်း လက်လန်ကုန်ပြီလေ။ ဒါနဲ့ ရွာထဲက ဝက်မွေးတဲ့သူတွေက မေးတာပေါ့။ တရုတ်နတ်မကိုးတော့ဘူးလားတဲ့။ သူတို့က ညီငယ်နေမကောင်းဖြစ်တာ တရုတ်နတ်ကြီးက စိတ်ဆိုးပြီးဖမ်းစားတယ်ဆိုပဲ။ အဖေ၊အမေတို့ကလည်း သားဇောနဲ့ 
မှန်လားမှားလားသိအောင် မတွေးပါဘူး။ညီငယ်နေကောင်းရင်ရပြီမဟုတ်လား။ အဲဒါနဲ့ နှစ်လကျော်ကျော် မကိုး
ပဲပစ်ထားတဲ့ တရုတ်နတ်ကိုပြန်ကိုးတာပေါ့လေ။

ညီငယ်၊ တိုက်တိုက်ဆိုင်ဆိုင်ပါပဲ တရုတ်နတ်ပြန်ကိုးလို့ တစ်ပတ်ကျော်ကျော်လောက်ကြာရော ညီငယ် မှာညနေဘက် နေမကောင်းဖြစ်ဖြစ်နေတာတွေ ပျောက်သွားတယ်ဆိုပါတော့။ အဲဒီအချိန်တုန်းက တရုတ်နတ်ကြီးက အစ်ကိုတို့ရွာထဲမှာ တန်ခိုးကြီးလိုက်တာလွန်ရော။ ညီငယ်ကလည်း တရုတ်နတ်ကြီးလို သတင်းကြီးလိုက်တာ လွန်ရော။ ညီငယ်သိတဲ့အတိုင်း ရွာသူရွာသားတွေက ချဲ့ကားပြောဆိုကြတာပေါ့။ အဖေ၊ အမေတို့လည်း ပါဝင်တာပေါ့။ ကိုးကွယ်တဲ့ ဦးထိပ်ထား ဘာသာတောင် တရုတ်နတ်ကို အရင် ဦးစားပေးပြီးမှ ကိုးကွယ်ပသရသလိုတောင်ဖြစ်လာတာပေါ့။ အပြစ်မပြောလိုပါဘူး ညီငယ်။ အသိဥာဏ် တိမ်လို ဖြစ်လာရတာပါပဲ။ လက်ခံရမှာပေါ့လေ။ အဲဒီကတည်းကနေ တရုတ်နတ်ကိုးလာတာ အခုဆို ညီငယ်တစ်သက်ဖြစ်နေပြီလေ။ အခုဆို အစ်ကိုတို့ ရွာမှာ အိမ်တိုင်းလိုလို တရုတ်နတ်ကို ဦးစားပေး ကိုးနေရတာမြင်တော့ အစ်ကိုစိတ်မကောင်းဖြစ်မိတယ် ညီငယ်။ အခုဆို အစ်ကိုတို့ရွာလေးမှာ အကုန်လုံးနီးပါး အရက်သောက်တတ်သူတွေချည်းပါပဲ။ အရက်သောက်တတ်မှ ခေတ်မီတယ်တဲ့။

တစ်ခုခုဖြစ်ရင် တရုတ်နတ်ကြီးကို အားကိုးနေရပြီ။ တရုတ်နတ်မျိုးရိုးတွေဟာ သခင်တွေဖြစ်နေကြပြီလေ။ ဂေါတမဘုရားရဲ့ အဆုံးအမတွေကို လိုက်နာတာ တိမ်လာပါပြီ။ ကံကံ၏အကျိုးကိုယုံဖို့၊ အကြောင်းအကျိုးဆင်ခြင်ပြီးယုံဖို့၊ ၊ဘယ်သူမပြု မိမိမှုဆိုတာကိုသိဖို့ ဆိုတာတွေပေါ့။ အဆုံးအမတွေ၊ လမ်းညွှန်ချက်တွေ၊ လုပ်ဖို့ပြောခဲ့တာတွေ ရှိရက်သားနဲ့ တရုတ်နတ်ကို ဘုန်းကြီးကျောင်းဝင်းအတွင်း ဆောက်ခွင့်ပေးလိုက်တာ၊ အစ်ကိုတို့ရွာသားတွေရဲ့စိတ်တွေ နှုံးအနယ်တွေတင်လာတာကိုမြင်ရတော့ စိတ်မကောင်း ပိုဖြစ်မိတာပေါ့ ညီငယ်။

ညီငယ်၊ ဒီနေရာအထိ အစ်ကို့စာကိုဖတ်ပြီး ညီငယ်ခေါင်းထဲ မေးစရာတွေ၊ တွေးစရာတွေ၊ တွေဝေတာတွေ၊ အကြံတွေ၊ ဥာဏ်တွေ၊ အမြင်တွေ ထွက်လာတယ်ဆိုရင် အစ်ကိုဒီစာရေးပို့ရတာ ကျေနပ်ပါတယ်လေ။ ညီငယ်၊ အစ်ကိုပြောတာ နားထောင်ပေးပါဦး။ အစ်ကိုငယ်ငယ်က တရုတ်နတ်တို့၊ ဝက်မွေးတာတို့၊ ဘာတို့ညာတို့ရဲ့ ရည်
ရွယ်ချက်တွေကို အစ်ကို မသိခဲ့ပါဘူး။ သိအောင်လည်း မတွေးတတ်ခဲ့ဘူး။ တွေးဖို့လည်း မသိခဲ့ပါဘူး။ သိဖို့
လည်း လိုမယ်မထင်ခဲ့ဘူးလေ။ ညီငယ်၊ အစ်ကိုက ဘာကြောင့် အခုလို စာအရှည်ကြီးရေးပြောနေရလဲဆိုတော့ အခုဆို ညီငယ်ဟာ အရွယ်ရောက်လာပြီ။ ညီငယ်တို့ရပ်ရွာအတွက် တိုးတက်အောင်၊ ကြီးပွားအောင်၊ မှန်ကန်သောအမြင်တွေ ချပြတတ်အောင် ထုဆစ်ပုံဖော်မယ့် လူတစ်ယောက်ဖြစ်နေလို့ပဲ ညီငယ်။

အခုဆို အစ်ကိုတို့ရွာလေးမှာ တရုတ်နတ်ကြီး အစွဲခိုင်လာပြီ။ မျိုးဆက်ဘယ်နှစ်ဆက်ရှိသေးလို့လဲ။ နောက်ဆို ညီငယ်မျိုးဆက်တွေ လက်ထက်ရောက်ရင် တရုတ်နတ်ဆိုတာ ညီငယ်တို့ရွာရဲ့ စီးပွားရေး၊ ကြီးပွားတိုးတက်ရေးကို ဖန်ဆင်းပေးတဲ့ တန်ခိုးကြီးနတ်ဘုရားလို့ လက်ခံလာတော့မယ်။ လက်ခံလာတယ်ဆိုရင်ပဲ ယုံကြည်လာတော့မယ်။ ယုံကြည်လာတယ်ဆိုရင်ပဲ ကိုးကွယ်လာတော့မယ်။ ကိုးကွယ်လာတယ်ဆိုရင်ပဲ သူက သေဆိုသေ ရှင်ဆိုရှင်ဖြစ်လာကြတော့မယ်လေ။

ညီငယ် လူဆိုတာက ကိုးကွယ်အားထားရာကို မက်မောရှာဖွေကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ အားငယ်လို့၊ ကြောက်လို့၊ ခွန်အားတွေ၊ စိတ်အားတွေရအောင်လို့ပေါ့။ ဒါပေမယ့် အဓိက ပဓါနအကျဆုံးက လူသားတစ်ယောက်ဖြစ်တဲ့ ညီလေးကိုယ်တိုင်ပါပဲ မဟုတ်လား။ ကိုးကွယ်ရမယ်၊ မကိုးကွယ်ရဘူးဆိုတာက ညီလေးရဲ့နှလုံးအိမ်ထဲက ဆင်ခြင်ဥာဏ်ပဲမဟုတ်လား။

ညီငယ်၊ အကြောင်းအကျိုးဆက်စပ်မှုတွေကြောင့် တိုက်ဆိုင်မှုတွေဖြစ်လာတတ်တယ်။ ဒီလိုအကြောင်းအကျိုး
တွေကြောင့် ဒီလို ဖြစ်လာတာလို့မသိရင်၊ မတွေးခဲ့ရင် အစ်ကိုတို့ရွာထဲက အရပ်ထဲကပြောနေတဲ့၊ ကိုးကွယ်
နေကြတဲ့ တရုတ်နတ်ဆိုတာ အထင်ကြီးစရာ၊ ယုံကြည်စရာတွေဖြစ်လာခဲ့တာပေါ့။

ညီငယ်၊ အမြင်တွေပွင့်လင်းပါစေ

အဝေးက
ချစ်တဲ့ ကိုကို


မင်းရဲရှင်











ဆက်ဖတ်မယ်ဆိုရင် ...

Tuesday, August 9, 2011

ပေတံတစ်ချောင်း

ကျွန်နော်သည် ပတ်ဝန်းကျင်ဖြစ်၏။ ပတ်ဝန်းကျင်သည် ကျွန်နော် ဖြစ်နေ၏။ ကျွန်နော်သည်
လူ့ အဖွဲ့ အစည်းဖြစ်၏။ လူ့ အဖွဲ့ အစည်းသည်လည်း ကျွန်နော်ဖြစ်နေလေသည်။ ထို့ ကြောင့်
ကျွန်နော်သည် လူ့ အဖွဲ့ အစည်းလည်းဖြစ်ပါသည်။ ပတ်ဝန်းကျင်လည်းဖြစ်ပါသည် ဟုယူဆ
ပါသည်။
ကျွန်နော်သည် ပတ်ဝန်းကျင်ဖြစ်နေသဖြင့် ပတ်ဝန်းကျင်တွင် ဖြစ်ပျက်နေသည့်အကြောင်းအ
ရာများစွာကို ထိတွေ့ ခံစားနေရသည်။ ကျွန်နော်သည် လူ့ အဖွဲ့ အစည်းဖြစ်နေသဖြင့် လူ့ အဖွဲ့ 
အစည်း၏ အကြောင်းအရာများစွာကို ထိတွေ့ ခံစားနေရသည်။ ထိုအကြောင်းအရာများစွာသည်
မှန်သည်လည်းရှိမည်။ မမှန်သည်လည်းရှိမည်။ သို့ သော် ထိတွေ့ ခံစားနေရသည်ကတော့
တကယ့်အမှန်တရားဖြစ်နေသည်။

ပတ်ဝန်းကျင်သည် ဘောင်များခတ်ထားကြ၏။ လူ့ အဖွဲ့အစည်းဆိုသည်လည်း စည်းများ၊ မျဉ်းများ၊
နှင့် တားထား၊ ထိန်းထားကြ၏။ ထိုဘောင်များ၊ စည်းများ၊ မျဉ်းများ အတွင်းကျွန်နော် အသက်
ရှင်နေထိုင်ရလေသည်။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဆိုသည့် အရေးသုံးပါးကိုလည်း အမြဲတမ်း
ဂရုတစိုက် အလေးပြုနေရလေသည်။ အဘယ်ကြောင့်ဆိုသော် ထိုအရေးသုံးပါးသည်လည်း ပတ်
ဝန်းကျင်နှင့်လည်းကောင်း၊ လူ့ အဖွဲ့အစည်းနှင့်လည်းကောင်း ထပ်တူကျ တည်ရှိနေသောကြောင့်
ဖြစ်ပါသည်။ ထိုအရေးသုံးပါးသည်လည်း စည်းများ၊ ဘောင်များ၊ မျဉ်းများဖြင့်တည်ရှိနေလေသည်။
ထို့ ကြောင့် ကျွန်နော့် အတွက် မှန်လား၊ မမှန်လား ဟု အကဲဖြတ်ဖို့ ၊ တိုင်းတာဖို့ အတွက် ပေတံ
တစ်ချောင်းလိုအပ်သည်ဟု ယူဆလာပါသည်။
မည်သို့ သော် ပေတံ နည်း။ ဥပမာ ဆိုပါစို့ ။ တိုင်းပြည်တစ်ခုကို ကြည့်ပါမည်။ တိုင်းပြည်ခေါင်း
ဆောင်သည် ခေါင်းဆောင်ကျင့်ဝတ်နှင့်အညီ တိုင်းပြည်ကို အုပ်ချုပ်နေသလား။ ဒါမှမဟုတ် မအုပ်
ချုပ်ဘူးလား။ ဒီလိုကြည့်ဖို့ အတွက် ပေတံတစ်ချောင်းသည် လိုအပ်လိမ့်မည်ထင်သည်။ ပေတံမရှိ
ခဲ့ရင် အဖြေတိတိကျကျမသိ၊ ထင်ရာမြင်ရာပြောကြ၊ရေးကြ၊ ဆိုကြတော့မည်။ အမှားအမှန်ကိုသိ
ဖို့ ၊ အကြောင်းပြချက်တွေကိုညှိယူဖို့ ၊ ရလာဒ်တွေကိုဖော်ပြဖို့ ၊အကဲဖြတ်ဖို့ ၊ လိုအပ်တာတွေကိုချိန်
ထိုးဖို့ ၊ ညှိနှိုင်းဖို့ ၊ တိုင်းတာဖို့ ပေတံတစ်ချောင်းသည် လိုအပ်လာပါတော့သည်။
ပေတံတစ်ချောင်းဖြင့် မည်သို့ တိုင်းတာမည်နည်း။ ချိန်ထိုးပါမည်နည်း။ မည်သို့ အကဲဖြတ်မည်
နည်း။ ခေါင်းဆောင်တစ်ယောက်သည် ခေါင်းဆောင်ကျင့်ဝတ်နှင့်အညီ ကျင့်ကြံနေထိုင်သလား။
ဆိုသည်ကို သိဖို့ အတွက် ခေါင်းဆောင်ကျင့်ဝတ်ဟူသော လောက သတ်မှတ်ထားသည့် စည်းမျဉ်း
များကို သိထားရတော့မည်။ ပမာဆိုသော..လောကသတ်မှတ်ထားသည့် ခေါင်းဆောင်ကျင့်ဝတ်
တရားဆယ်ပါးရှိလေသည်။ ဒီဆယ်ပါးကို သိခဲ့ လျင် ခေါင်းဆောင်တစ်ယောက်သည် ဘယ်လိုခေါင်း
ဆောင်နည်း။ သူ ခေါင်းဆောင်ခြင်းသည် မှန်လား၊ မမှန်လား ဆိုသည်ကို အကဲဖြတ်နိုင်တော့မည်။
တိုင်းတာနိုင်တော့မည်။ တိုင်းပြည်အုပ်ချုပ်သည့် ခေါင်းဆောင်ဆို တိုင်းပြည်ကို ဘယ်လိုအုပ်ချုပ်လဲ၊
မအုပ်ချုပ်ဘူးလဲ ဆိုသည်ကို မြင်လာတော့မည်။ ဒီလိုမြင်လာပြီဆို ထင်ရာမြင်ရာမရေးတော့။ မပြော
တော့ပေ။ ထိုသို့ ထင်လာမြင်လာအောင် ချိန်ထိုးပေးလိုက်သည့် အရာသည်ခေါင်းဆောင် ကျင့်ဝတ်
ဟူသည့် ပေတံနှင့် တိုင်းတာလိုက်ခြင်းပင် မဟုတ်ပါလား။
ထို့ အတူပဲ ဓမ္မအရေးကို ကြည့်မည်ဆိုလျင်လည်း ဓမ္မပေတံနှင့် တိုင်းတာရပါမည်။ ထို့ အတူ စီးပွား
ရေးကိုကြည့်မည်ဆိုလျင်လည်း စီးပွားရေးပေတံနှင့် တိုင်းတာရပါမည်။ လူမူရေးကိုကြည့်မည်ဆိုလျင်
လည်း လူမူရေး ပေတံနှင့်တိုင်းတာရပါမည်။ ထို့ ကြောင့် ဒီလို တိုင်းတာနိုင်ဖို့ အတွက် ကိုယ်ပိုင်ပေတံ
တစ်ချောင်း ကိုတော့ ဖန်တီးရလိမ့်မည်။ ဒီလို ဖန်တီးနိုင်ဖို့  အတွက်လည်း လောကသတ်မှတ်ထား
သည့်အရေးသုံးပါး အကြောင်း စည်းများ၊ မျဉ်းများ၊ ဘောင်များကို သိအောင်ဖတ်ထားရမည်။မှတ်ထား
ရမည်။ ထိုသို့ သိမှလည်း တိုင်းတာနိုင်မည်။ အကဲဖြတ်နိုင်မည်။ ချိန်ထိုးနိုင်မည်။ ချပြနိုင်မည်ဖြစ်ပါ
သည်။
လူ့ အဖွဲ့အစည်းဆိုသည် ဘက်နှစ်ဖက်ရှိစမြဲ။ သူ့ ဖက်ကြည့်သူမှန်၊ ကိုယ့်ဖက်ကြည့်ကိုယ်မှန် ဟု
ထင်ကြလေပြီ။ ဘယ်ဟာက အမှန်၊ ဘာဟာက မမှန်ဆိုသည်ကို သိဖို့ အတွက် ကိုယ်ပိုင်ပေတံ
တစ်ချောင်းနှင့် တိုင်းတာ ချင့်ချိန်နိုင်သည်။ ထို့ ကြောင့် ပေတံတစ်ချောင်း ကိုယ်ပိုင်ဖြစ်အောင် ဖန်
တီးနိုင်ဖို့ အတွက် လှုပ်ဆော်ရမည်။ အားပေးရမည်။ အခွင့်အရေးများကိုဖန်တီးပေးရမည်။ ပေတံ
ကောင်းတစ်ချောင်းကိုယ်ပိုင်ဖန်တီးနိုင်ခဲ့ လျင် လောကအရေးသုံးပါး၌ ပိုကောင်းလာမည်။ ပိုသာ
ယာလာမည်။ ဖန်တီးသူကိုယ်တိုင် အကျိုးခံစားရလိမ့်မည်။ ဤသို့ ဆိုလျင် ပေတံတစ်ချောင်းမည်
သို့ ဖန်တီးမည်နည်း။ ယခုပေးသည့် နည်းလေးသည် အရမ်းလွယ်၏။ သို့ သော် အရမ်းခက်၏။ သို့ 
သော် ဖန်တီးသူစိတ်ပေါ်၌သာ ခက်ခြင်း၊လွယ်ခြင်းသည်မူတည်နေ၏။ နည်းကား.............
“ သု၊ စိ၊ ပု၊ ဘာ၊ ဝိ၊ လိ၊ သီ၊ ဓါ ” ဟူသည့် အက္ခရာ ရှစ်လုံးကို နေ့ တိုင်းဆောင်ထားခြင်းပင်တည်း။
ထိတွေ့ ၊ ခံစား၊ ကြားသိ၊ ကြုံလာသမျှ အကြောင်းအရာအားလုံးကို လောက စည်းမျဉ်းနှင့်အညီ
ကိုယ်တိုင်ဖန်တီးထားကြသည့် ပေတံတစ်ချောင်းဖြင့်တိုင်းတာနိုင်ကြပါစေ။
ကျွန်နော် နေသည့် ပတ်ဝန်းကျင်အတွင်း၊ လူ့ အဖွဲ့ အစည်းအတွင်း ငြင်းခုန်မှုတွေများလွန်းလှ၏။
ကျွန်နော့်  ကိုယ်ပိုင်ပေတံတစ်ချောင်းသည် ကျွန်နော့်နေသည့် ပတ်ဝန်းကျင်အတွင်း၊ လူ့ အဖွဲ့ အ
စည်းအတွင်း ကျွန်နော့် အတွက် အခုဆို အားကိုးအဖော်တစ်ခုဖြစ်နေပါတော့သည်။

ဆက်ဖတ်မယ်ဆိုရင် ...