ဆရာနှင့်တပည့်လေးများ၏ ရယ်စရာလေးများ။
Forward mail တစ်ခုကနေ သဘောကျတာလေးတွေကို မြန်မာမှုပြုထားတာပါ။ ရယ်စရာလေးတွေဆိုတော့လည်း ကိုရင်ညိန်းပြောသလို အသက်ရှည်တာပေါ့ဗျာ။ နော့။ မရယ်ရလည်း ရယ်ရတယ်ပြောဗျာ။ :P
သုခမိန်။…..။
********************************************
ဆရာ။…..။
“မိနွယ် - လူတွေက စိတ်မဝင်စားတော့ပါဘူး ဆိုတဲ့အထိကို အရှိန်ကောင်းကောင်းနဲ့ စကားပြောနေတတ်သူတွေက ဘယ်သူတွေလည်း။ သိရင် ဖြေပါအုံး။”
မိနွယ်။…..။
“ကျောင်းဆရာတွေပါ - ဆရာ”
**********************************************
ဆရာ။…..။
“မင်းအောင် - ရေရဲ့ ဓာတုဗေဒ ဖော်မြူလာကို ပြောစမ်း။”
မင်းအောင်။…..။
“ H, I, J, K, L, M, N, O ပါဆရာ။”
ဆရာ။…..။
“ဟေ့ကောင် မင်းဘာတွေ ရွတ်နေတာလည်းကွ။”
မင်းအောင်။…..။
“မနေ့က ဆရာပဲ ရေရဲ့ ဓာတုဗေဒ ဖော်မြူလာက “H to O” လို့ ပြောခဲ့ပါတယ်ခင်ဗျာ။”
**********************************************
ဆရာ။…..။
“မိနွယ် - မိကျောင်းကို အင်္ဂလိပ်လို မင်းဘယ်လို စာလုံးပေါင်းမလဲ။”
မိနွယ်။…..။
“K-R-O-K-O-D-I-A-L ပါဆရာ။”
ဆရာ။…..။
“မင်း စာလုံးပေါင်းတာ မှားနေတယ်။”
မိနွယ်။…..။
“ဟုတ်ကဲ့။ မှားချင်မှားနေမှာပါ ဆရာ။ ဆရာက သမီးဘယ်လို စာလုံးပေါင်းလည်း မေးလို့ ဖြေလိုက်တာပါ။”
**********************************************
ဆရာ။…..။
“မင်းအောင် - ဆရာ့နားလာပြီး မြောက်အမေရိကတိုက်ကို အားလုံးမြင်သာအောင် မြေပုံမှာ ထောက်ပြလိုက်ပါအုံး။”
မင်းအောင်။…..။
“ဒီမှာပါ ဆရာ။”
ဆရာ။…..။
“အေး.. မှန်တယ်။ ကဲ - အခု တစ်တန်းလုံးက ဖြေပါအုံး။ အမေရိကကို ဘယ်သူ ရှာဖွေ တွေ့ရှိခဲ့တာလည်း။”
ဆုံရပ် 1st Dec 2024
2 weeks ago
7 comments:
ခံစားချက်တွေ ရေးသလိုတခါတရံလည်း ဒီလိုလေးတွေ
ဖတ်ရင်းပြုံးချင်တယ်။ ရယ်တော့မရယ်မိဘူး။ ပြုံးယုံပါ။
ဘ၀အမောတွေ သောကဗျာပါဒတွေ ကြားကနေ အပြုံးပန်းလာဆင်ပါတယ်။
-ဝင်းဇော်
အကုန်လုံးရီရတယ်ဗျို့
း)
ပြုံးယုံလေးပဲဆိုတဲ့ အမရယ်၊ အပြုံးပန်းတွေဆင်သွားတဲ့ ကိုဝင်းဇော်ရယ်၊ အကုန်ရီသွားတဲ့ ကိုဇနိတို့ရေ... ကျေးဇူးပါဗျို့။
သုခမိန်။.....။
စိတ်ကို လွတ်လပ်ပေါ့ပါးစေတဲ့ ဟာသတွေအတွက် ကျေးဇူးတင်ပါတယ် ကိုတားမြစ်ရေ...
မင်းအောင်ပါဆရာ လို. ဖြေလိုက်တဲ့ အပိုဒ်က အရီရဆုံးပဲ..။ အခုလို ဝေမျှတဲ့အတွက်ကျေးဇူးပါ ရှင်..။
Post a Comment