ကျနော် စာမေးပွဲအတွက် ပြင်ဆင်နေပါတယ်။
အဲဒီအခါ ဆယ်တန်းတုန်းက စာကြည့်ခဲ့တာကို သတိရလာပါတယ်။
(အဲဒီတုန်းက) ကျနော်က ညဉ့်နက်အောင် စာကြည့်ရတာမှာ မွေ့လျော်ပါတယ်။
ကျနော် ညဉ့်နက်တော့ ကျနော့်မိဘများ အိပ်ရေးပျက်ကြရှာပါတယ်။
ကျနော် စာကျက်တဲ့ အသံကြောင့် မဟုတ်ပါ။
ကျနော် စာကျက်တာ အသံမထွက်ခြင်းကြောင့်ပါ။
ထိုအခါ ကျနော် ကဗျာတစ်ပုဒ်ရပါတယ်။
ရွှင်သောစိတ်နဲ့ မဟုတ်ပါ။ မချိသောနှလုံးဖြင့်သာ…
အခု … ကျနော့်အလွမ်းကို မဖော်ပြနိုင်တဲ့အဆုံး
အဲဒီကဗျာလေးကို ရသေ့စိတ်ဖြေသုံးလိုက်ပါတယ်။
မိဘတီဘီ
လောကဆိတ်ငြိမ်စာကျက်ချိန်မှာမီးအိမ်လဲ့လဲ့
ထွန်းလင်းရဲ့နဲ့
သဲ့သဲ့အသံ
မကြားပြန်တိုင်း
ကာရန်မကျ
ချောင်းဟန့်ရ။……….။
မာရေးသျှင်
KuchingTrip
1 week ago
6 comments:
ကဗျာခေါင်းစဉ်လေးကို သဘောကျမိတယ်ဗျာ။ စကားပြေနည်းနည်းလေးနဲ့ ကဗျာဖြစ်တည်လာပုံကို ရှင်းပြထားတော့ ပိုလို့ ခံစားရပါတယ်။
မိဘမေတ္တာကတော့ အနှိုင်းမဲ့ပါပဲ။
အခုလက်ရှိ စာမေးပွဲတွေ အောင်မြင်စွာ ဖြတ်ကျော်နိုင်ပါစေဗျာ။
ကိုသျှင်ကြီး...(ဦးရှင်ကြီးမဟုတ်)
တိုတိုလေးနဲ့ အရမ်းကိုကောင်းတဲ့ ကဗျာလေး
လို့ဘဲ လှိုက်လှိုက်လှဲလှဲ ချီးကျူးသွားပါရစေ...။
ကဗျာခေါင်းစဉ်နဲ့ အတွေးလေးနဲ့ဟပ်တယ်ဗျာ၊၊
ဝမ်းသာတယ်ဗျို့..။
ကိုမာရေး ရဲ့ ကဗျာတွေ ကို လွမ်းနေတုန်းရှိသေး တယ်..။
အခုလို ကဗျာ အသစ်လေး တင်းပေးတာ ကျေးဇူးပဲဗျာ..။
ကိုမာရေး....ရေ။
မျှော်ရကျိုးနပ်ပြီဗျာ...။
.......ဆက်လက် အားပေးနေမယ်ဗျာ...။
ခံစားချက်ကိုအတွေးပေါ်လာတာနဲ့ချရေးလိုက်တာဟာ
စာကောင်းတပုဒ်ထွက်လာခြင်းပါပဲ။
ကဗျာတပုဒ်ဟာ ၀တ္ထုကောင်းတပုဒ်ပါ။
အတွေးကောင်းအရေးကောင်းတွေဆက်ရေးနိုင်ပါစေ။
Post a Comment