Friday, August 15, 2008

ဆုတောင်း


*********************************************************
အသစ်သော ပါဝင်ရေးသားမဲ့သူတစ်ယောက်ပါ။ အွန်လိုင်းနဲ့ ခပ်စိမ်းစိမ်းပါပဲ။ ကဗျာတွေရေးတာ ဝါသနာပါသူဆိုလို့ ပါဝင်ရေးသားနိုင်အောင် ကျွန်တော်ပဲ ကူညီခေါ်ဆောင်ခဲ့တာပါ။ အခုမှ အသစ် စတင်ရေးသားတာဆိုတော့ အားပေးကြပါအုံး။ အားပေးမှုတွေ သူ့အတွက် လိုအပ်နေမှာပါ။ သူကတော့ သိပ်လည်းမငယ်တော့တဲ့ အလွန်လည်း အရွယ်မရောက်သေးတဲ့ ကောင်မလေးတစ်ယောက်ပါ။ Rhyme ကိုယ်တိုင်လည်း ဒီ E–Journal မှာ ပျော်ရွှင်နိုင်ပါစေလို့ ဆန္ဒပြုလိုက်ပါကြောင်း……

သုခမိန်။…..။
*********************************************************



ဆုတောင်း


ဘဝက အိမ်မက်တစ်ခုလား။
ပြဇာတ်တစ်ပုဒ်လား။
မရေရာမှုတွေနဲ့ ရောထွေးနေတယ်။
ဘဝပေးကပဲ ကြမ်းတမ်းတာလား။
ကံတရားကပဲ ရက်စက်တာလား။
ခက်ခဲမှုတွေနဲ့ ရုန်းကန်ခဲ့ရတယ်။

မိုးနတ်မင်းကြီးရယ်…
ဆုတောင်းတိုင်းသာ ပြည့်မယ်ဆိုရင်လေ၊
ဟောဒီလောက သဘာဝကြီးကို
တစ်ကပြန်စ
အသစ် အသစ်သာ ဖြစ်ပါရစေ။

Rhyme

6 comments:

တားမြစ် ထားသော... said...

ဗျို့... Rhyme ရေ... ကြိုဆိုပါ၏။ ဆက်လက်လို့ ချီတက်နိုင်ပါစေ။
အခုလိုဝင်ရောက် အင်အားဖြည့်တာ ကြိုဆိုသဗျာ။
သုခမိန်။.....။

ဇနိ said...

မင်္ဂလာပါ...
ဘလော့လောကကနေ ကြိုဆိုပါတယ်...

ပျော်ရွှင်ပါစေ။

Anonymous said...

တောင်းတဲ့ဆုတောင်း
ပြည့်စေကြောင်း
ထပ်လောင်း တောင်းဆုခြွေပါသည်။

မယ် said...

ကြိုဆိုပါတယ်....Rhyme ရေ...
အဖော်ရလို့ ဝမ်းသာပါတယ်...

အိမ်လွမ်းသူ(မှန်နီကုန်း) said...

မင်္ဂလာပါ Rhyme ရေ...။ ကျနော်တို့ ဘလောဒ့်မှာ ဝင်ရောက်အားဖြည့်ပေးလို့ အရမ်းဝမ်းသာပါ၏။ ကဗျာလေး ကလဲ ကောင်းပါသည်။ နောက်ထက် အသစ်အသစ်တွေ ကိုလဲ မျှော်လင့်နေလျှက်ပါ နော်..။

တာတူး(၀ါ) အမေ့ခံလူတစ်ယောက် said...

Rhyme ရေ လှိုက်လှဲပြူငှာစွာ ကြိုဆိုပါတယ်ခင်ဗျာ ။
အလုပ်များနေလို့ နောက်ကျနေသော်ငြားလည်း မုန့်ဝယ်ကျွေးမယ်လို့ မျှော်လင့်ရင်း
:D
ပြီးခဲ့တာတွေကို ကွန်ပြူတာမှာလိုသာ Undo အကြိမ်ကြိမ်လုပ်ခွင့်ရရင်လည်း
အင်း . . . ကျနော်တို့ လိုရာတွေ တော်တော်ပြည့်နေမလားပဲ ။
သေချာတာကတော့ ပြန်မရတော့မယ့် အရာတွေကို မတွေးပဲ
လက်ရှိအခြေအနေတစ်ခုကနေ အကောင်းဆုံးဖြစ်အောင် ဘယ်လိုကြိုးစားမလဲ ဆိုတာသာ
အခရာ ကျမယ် ထင်ပါကြောင်း

ပျော်ရွှင် အဆင်ပြေပါစေခင်ဗျာ ။